အပ်နှစ်စင်းဖျတ်ခနဲထိမိသလိုနေ့တစ်နေ့
သူလည်းအဝေးကလာရတယ်
ကိုယ်လည်းအဝေးကသွားရတယ် ။
ဘယ်လောက်ပြောပြော
ပြောလို့မကုန်တဲ့အကြောင်းတွေ
ပြောလို့မကုန်ခင်မှာ...။
ရန်လင်းအောင်
တောင်ငူသွားမယ့်ရထားပေါ်
ပြေးတက်သွားတယ် ။
မင်းညွန့်လှိုင်
မှော်ဘီပြန်မယ့်ကားပေါ်
ပြေးတက်ခဲ့တယ် ။
သွားချင်ချင် မသွားချင်ချင်
သွားကိုသွားရမယ့်ခရီးကိုယ်စီနဲ့ ။ ။
မ င်း ညွ န့် လှို င်
မ င်း ညွ န့် လှို င်