Friday, June 28, 2013
Monday, June 17, 2013
ရန်လင်းအောင် ရဲ့  ကဗျာ စာအုပ် ထွက်ပြီ ။
သြစတေတးလျ မှ ကိုရန်နိုင် (ကဗျာဆရာ) သုအိုင်စံ ရဲ့  ကဗျာချစ်စိတ်အပြည့် အ၀ နဲ့ ငွေရေးကြေးရေး ကိစ္စအ၀၀ ထောက်ပံ့ကူညီ ဖေးမ မှု နဲ့ ရန်လင်းအောင်ရဲ့  ကဗျာစာအုပ် ။
ကဗျာဆရာ ကိုအောင်ဘညို ရဲ့  ၊ စီစဉ်မှု နဲ့ လူစွမ်းကောင်းစာအုပ်တိုက်မှ ထုတ်ဝေလိုက်ပါပြီ။
ရန်ကုန်၊ မန္တလေး၊ တောင်ငူ နဲ့ တခြား နယ်မြို့  တချို့  မှာ ၀ယ်ယူ အားပေးလို့ ရနိုင်ပါကြောင်း ကဗျာချစ်သူများ အား သတင်းကောင်းပါးလိုက်ပါတယ်။
သူ့အကြောင်း နဲ့ ငါ့  အရာ ၊ သူ့ အရာ နဲ့ ငါ့  အကြောင်း ကဗျာ စာအုပ် အတွက်အစစအရာရာဝိုင်းဝန်းကူညီခဲ့ကြတဲ့
သြစတေတးလျ မှ ကိုရန်နိုင် (ကဗျာဆရာ) သုအိုင်စံ ၊
ကဗျာဆရာ ကိုအောင်ဘညို ၊ ကဗျာ ဆရာ ကိုအောင်လွန်းမြိုင်၊ ကဗျာဆရာ ကိုအောင်ခိုင်မြတ်၊ ကဗျာဆရာကို မင်းညွန့်လှိုင် တို့ ကို အထူးတလည် ကျေးတင်ပါကြောင်း . . . . . . ..

ကဗျာဆရာ ကိုအောင်ဘညို ရဲ့  ၊ စီစဉ်မှု နဲ့ လူစွမ်းကောင်းစာအုပ်တိုက်မှ ထုတ်ဝေလိုက်ပါပြီ။
ရန်ကုန်၊ မန္တလေး၊ တောင်ငူ နဲ့ တခြား နယ်မြို့  တချို့  မှာ ၀ယ်ယူ အားပေးလို့ ရနိုင်ပါကြောင်း ကဗျာချစ်သူများ အား သတင်းကောင်းပါးလိုက်ပါတယ်။
သူ့အကြောင်း နဲ့ ငါ့  အရာ ၊ သူ့ အရာ နဲ့ ငါ့  အကြောင်း ကဗျာ စာအုပ် အတွက်အစစအရာရာဝိုင်းဝန်းကူညီခဲ့ကြတဲ့
သြစတေတးလျ မှ ကိုရန်နိုင် (ကဗျာဆရာ) သုအိုင်စံ ၊
ကဗျာဆရာ ကိုအောင်ဘညို ၊ ကဗျာ ဆရာ ကိုအောင်လွန်းမြိုင်၊ ကဗျာဆရာ ကိုအောင်ခိုင်မြတ်၊ ကဗျာဆရာကို မင်းညွန့်လှိုင် တို့ ကို အထူးတလည် ကျေးတင်ပါကြောင်း . . . . . . ..

Friday, June 7, 2013
Thursday, June 6, 2013
Wednesday, May 29, 2013
ကဗျာထဲ က ဘ၀၊ ဘ၀ ထဲက ခေါင်းလောင်းအက်သံ ။ အောင်လွန်းမြိုင် ။
uAsmxJu
b0? b0xJ u acgif;avmif;tufoH
အောင်လွန်းမြိုင်
(၁)
အောင်ပန်းမြို့မှာနေထိုင်တဲ့ ဆရာကြီး ဒဂုန်တာရာ ရဲ့  (၉၄)
နှစ်ပြည့်မွေးနေ့ကို ကျွန်တော်သွားရောက် ဂါရ၀ပြုခဲ့ပြီး အပြန်မှာ မုံရွာမှာနေထိုင်တဲ့
ကျွန်တော့်နှမလေး ရဲ့  မိသားစုဆီ ခရီးတစ်ထောက်ဝင်ရောက်နား ဖြစ်ခဲ့ တော့၊ မုံရွာမှာ
ကျွန်တော် ရှိနေတဲ့ ရက်တွေမှာပဲ၊ (၅) တန်းတက်မဲ့ ကျွန်တော့ရဲ့  တူမလေးက "ကွန်ပါဗူး"၀ယ်
ပေးပါတဲ့ ။
"သမီးဆီမှာ "ကွန်ပါဗူး" နှစ်ဗူးတောင်ရှိတာပဲ
ဘာလို့ ပူဆာနေရတာလဲ " လို့ သူ့အမေကပြောတော့၊တူမ လေးက "ကွန်ပါဗူး တစ်ဗူး"
က နည်းနည်းဟောင်းနေလို့ပါ တဲ့ ။ရှိတဲ့တစ်ဗူးက ကျူရှင်သွားရင် သုံးဖို့၊အခု ၀ယ်ခိုင်းတဲ့တစ်ဗူးကကျောင်း
တက်ရင် သုံးဖို့အတွက်ပါ တဲ့ ။
တူမလေး ပူဆာနေတော့လည်း
ခြိုးခြံချွေတာနေရတဲ့ ကျွန်တော့ချွေးနှဲစာထဲကနေ "ကွန်ပါဗူး" တစ်ဗူး
ဝယ်ပေးဖြစ်ခဲ့ တယ်။ ပြီးတော့ နောက်နေ့ နောက်နေ့တွေ မှာလည်း
"၀င်းမွန်" က ရှမ်းခေါက်ဆွဲ စားချင်သတဲ့ ၊
"ယူရီကာ"
က ပူတင်း မှ တဲ့
"နေရှင်နယ်" က ၀ါးဟားဟား ရေခဲမုန့် တဲ့ ၊
"ယမုံနာ"
က မုန့်တီသုပ် တဲ့၊ ကျွန်တော်က ချစ်လှစွာသော တူမလေးကိုနှစ်လိုဖွယ်ပြုံးပြနှစ်သိမ့်နေမိ
တယ်၊ နောက်ရက်တွေ မှာလည်း "၀က်လက်ပေါင်း" စားချင်ပြန်သတဲ့ ၊ သူ့အမေကို
ဝယ်ချက်ခိုင်းနေတာ လည်း ကြားခဲ့ရသေး . . ။
သြော်. . . ကျွန်သိပ်ချစ်ရတဲ့ တူမလေး၊ ကျွန်တော်တို့ရဲ
့ ဘ၀ထဲကို ၀င်ရောက်လာခဲ့တာ ပျော်ရွှင် ၀မ်းသာရမလား၊ တိုက်တာခြံမြေ ကားအစီစီးတွေ ပိုင်ဆိုင်နေတဲ့
ဘ၀ထဲ မရောက်ရှိခဲ့တာ ၀မ်းနည်းရမလား၊
နိုင်တော်သမ္မတကြီးက ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးဆိုလား၊
လျှော့ချရေးဆိုလား၊ဘယ်လောက်အတိုင်း အတာထိ အောင်မြင်ထိရောက်နေပါပြီလဲ၊ ကျွန်တော် အဲ့သလိုတွေးမိတော့
. . . ဟိုး ခပ်ဝေးဝေးကာလတုန်းက ဖတ်ဖူးခဲ့တဲ့ ကဗျာဆရာမ မအိရဲ့  နိုင်ငံကျော်ကဗျာတစ်ပုဒ်
ကို အမှတ်ရနေမိခဲ့ပါတော့သည်။
(၂)
ရောင်စုံပန်းခြင်းတစ်ခု
စတုတ္ထတန်း ကျောင်းသား/သူများ
ကောင်းမှု ။
အဖူးအငုံ
ပွင့်ရုံ ပွင့်ချပ်၊
ပွင့်ဖတ်ညှိုးရော်
သောက ဇီဇ၀ါ၊ စကြာပုဏ္ဏားရိပ်
သွယ်ချိတ်ကုံးယှက်
မျက်ရည်စက်တွေနဲ့
သူ့အတွက်လေ ။
ကြေကွဲစရာမြင်ကွင်းတစ်ခုကို
ကဗျာဆရာမက တစ်စုံတစ်ယောက်ကို အသံနဲ့ပြောခိုင်းနေတာပါ၊အဲဒီအ သံထဲမှာပဲ အနိဋ္ဌာရုံမြင်ကွင်းတစ်ခုကို
ကျွန်တော်တို့ စတင် မြင်တွေ့နေရပါပြီ ။
ဖိနပ်မဲ့ ခြေဖ၀ါး
မေးခိုင်ပိုးစားခြင်း
ထင်းရှုးသားသေတ္တာ ၊
လဲလျောင်းစရာ ။
သွားပေဦးတော့ကွယ်
ဘုန်းကြီးအိုတစ်ပါးထံ
၊
ဝတ္ထုငွေငါးကျပ်အပ်နှံ
သရဏဂုံ ဆည်းကပ်လေ
ကောင်းရာဘုံဘ၀ရောက်ပါစေ
။
အသံရှင်ကထပ်ပြောပြနေပြန်ပါပြီ၊ "ဖိနပ်မဲ့ ခြေဖ၀ါး"
တဲ့၊ "မေးခိုင်ပိုးစားခြင်း" တဲ့ ။"ထင်းရှုးသေတ္တာကလဲ လျောင်းစရာ
ခေါင်းတစ်လုံး ဘုန်းကြီးအိုတစ်ပါးကို ၀တ္ထုငွေ ငါးကျပ်ကပ်လှူလို့ ၊ ရေစက်ချအမျှဝေကောင်းရာဘုံ
ဘ၀ရောက်ပါစေ " တဲ့ ။
အသံထဲကပြောပြနေတဲ့ စကားလုံးတွေ မြင်ကွင်းတွေကိုကြည့်ရက်စရာ၊
ကြားရက်စရာ မရှိလောက်အောင်ခံစား လိုက်မိပါတယ်။
အမိကိုကူ ၊အဘကိုကူ
အပူမျှယူ
ခဲတံမဲ့သူ၊ စာအုပ်မဲ့သူ
၊
မုန့်ဖိုးမဲ့သူ ၊
အလှူငွေမထည့်နိုင်သူ
အပူအားလုံးငြိမ်းခဲ့ပေါ့
။
Tuesday, May 28, 2013
Monday, May 27, 2013
လမ်းတိုင်းဟာ အနိဋ္ဌာရုံကို တင်ဆက်နေတယ် ။ မင်းညွန့်လှိုင် ။
လမ်းတိုင်းဟာ အနိဋ္ဌာရုံကို တင်ဆက်နေတယ်
မုန့်စိမ်းပေါင်းတုံး ဖြတ်လှီးလိုက်သလို
ချုံးချုံးကျသွားတဲ့ တောင်အပြတ်တွေရယ်
စွန့်ပစ်မြေဖုံး ထန်းတောတွေရယ်
နွမ်းဖတ် လယ်မြေအလယ်
လေးတွဲ့တွဲ့ နွားတစ်ရှဉ်းနဲ့
စာချောက်ရုပ်နှယ် လယ်သမားရယ်
ကျွန်တော် မရှုစားရဲတော့ဘူး ။
လမ်းရွေးမှားတဲ့ ထွက်ပြေးမှုဝါဒီ
ရော...ဒီတစ်ခါ
ချင်းတွင်းရေကြည် မော်တော်လေးအပြေး
ဘေးမသန်းပဲအေးချမ်းတော့မည်ပေါ့
အဲသမှာ စတွေ့တာပဲ
စိနအင်ဂျင်သံ တဖုန်းဖုန်းက
ဓားပြားနဲ့ ရိုက်ချလိုက်တော့
မြစ်ကျောကုန်းလည်း
ဖူးဖူးရောင်လို့ပါလားကွယ်တို့ ။ ။
မ င်း ညွ န့် လှို င်
ချုံးချုံးကျသွားတဲ့ တောင်အပြတ်တွေရယ်
စွန့်ပစ်မြေဖုံး ထန်းတောတွေရယ်
နွမ်းဖတ် လယ်မြေအလယ်
လေးတွဲ့တွဲ့ နွားတစ်ရှဉ်းနဲ့
စာချောက်ရုပ်နှယ် လယ်သမားရယ်
ကျွန်တော် မရှုစားရဲတော့ဘူး ။
လမ်းရွေးမှားတဲ့ ထွက်ပြေးမှုဝါဒီ
ရော...ဒီတစ်ခါ
ချင်းတွင်းရေကြည် မော်တော်လေးအပြေး
ဘေးမသန်းပဲအေးချမ်းတော့မည်ပေါ့
အဲသမှာ စတွေ့တာပဲ
စိနအင်ဂျင်သံ တဖုန်းဖုန်းက
ဓားပြားနဲ့ ရိုက်ချလိုက်တော့
မြစ်ကျောကုန်းလည်း
ဖူးဖူးရောင်လို့ပါလားကွယ်တို့ ။ ။
မ င်း ညွ န့် လှို င်
Subscribe to:
Posts (Atom)













