Tuesday, November 19, 2013

ရတုမြေ ကဗျာပြပွဲ (၃)




 
လိုင်စင်မဲ့ ညနေ

သူ့ကိုယ်သူ ကောက်ရမလားလို့
စစ်တောင်းမြစ်က
ငါ့ ကိုသောက်လား  သောက်ရဲ့ ။

ကျားလျှာပန်းတွေကြည့်လို့
သနပ်ခါးလိမ်း ပန်းပန်
မြို့ပတ်လည်ကန်စိမ်းက
ငါ့ ကိုသောက်လား  သောက်ရဲ့ ။

ခေတ်ပြိုင်အတွင်း
ခေါင်းတစ်ရှင်းစာ . . . တဲ့
လိုင်စင်ရ ညနေခင်းက
ငါ့ ကိုသောက်လား  သောက်ရဲ့ ။

တို့မြို့လေး ရဲ့
ငေးရီနေသော
ဂန္ထ၀င်
တပင်ရွှေထီးထန်းတောက
ငါ့ ကိုသောက်လား  သောက်ရဲ့ ။

ငှက်ခါးတောင်ကလည်း
ဘီယာပုလင်းခွံ
ဟင်နီကင်ဘူးခွံပေါ်
ချွန်နေအောင်မာန
အမြုပ် တ ထထနဲ့
ငါ့ ကိုသောက်လား  သောက်ရဲ့ ။

ဟုတ်ကဲ့ . . . .
တုတ်ကောက်နဲ့
ဂျော်နီလမ်းလျှောက်ထက်
သွက်လက်ကျန်းမာဖို့
ငါ့ ကိုမှောက်နေအောင်
ခွက်လှည့်သောက်နေကြလေရဲ့ ။                 ။

                                      ကေတုဘုန်းမော်

ရတုမြေ မဂ္ဂဇင်း
အတွဲ (၁) အမှတ်၊ ဒီဇင်ဘာလ၊ ၂၀၁၃ ။

ရတုမြေ ကဗျာပြပွဲ (၃)



 
အလွမ်းပြေ

ဘုရင့်နောင်  လက်ရုံးရည်
နတ်သျှင်နောင် နှလုံးရည်
သန္ဓေတည်ခဲ့တဲ့ ဒေသ
ပဲခူးရိုးမ တောင်တန်း
စစ်တောင်းမြစ်ဝှမ်း
သမိုင်းဖြတ်သန်းမူပုံရိပ်
သိပ်ပြီးလှပပါတယ်။
ကုလားဖြူနယ်ချဲ့
ဆန့်ကျင်ခဲ့ကြကာလ
ဟိုးအတိတ်က ဆိုင်းဆင့်စကား
ခက်ရင်းသွားနဲ့ ဗြောင်ဆူမတဲ့
(ပျဉ်းမနား နဲ့ တောင်ငူ) ဆိုပါကလား
အလင်းနှစ် ၁၀၀ က
ကြားနိုင်လောက်ပါတယ် ။
ရိုးမတိုက်ပွဲ
ဆေးတံကိုကိုက်ခဲလို့
'' တာကောဒီ '' တို့လူစု
ဖက်ဆစ်ကိုအံတုခဲ့ကြ
၁၉၄၅ ခု မတ်လ
''ဗန်မော်တင်အောင်'' ရသ
လတ်ဆတ်မွှေးမြခြင်း
တောင်ငူတမ်းချင်းလေ ။
တောင်ငူ ပျဉ်းမနား
အိမ်ဦးနဲ့ ကြမ်းပြင်အလား
ကဗျာသမား၊ စာသမား
နှလုံးသားဗဟိုဟ်ချက်မ
အရောင်အသွေး
မျဉ်းတစ်ပြေးတည်း
လက်သည်း နဲ့ လက်ထိပ်
ကဗျာကို သိပ်ချစ်ခဲ့ကြတယ် ။
လှံစွပ်လိုချွန်မြတဲ့
ကလောင်တစ်ချောင်းကို
ငါလိုချင်တယ် . . . တဲ့
မာယာကော့စကီး ရဲ့စကား
ငါတို့အားလုံး
လေးစားခဲ့ကြပါတယ် ။
ကဗျာရဲ့ နယ်ပယ်ဟာ
သစ္စာတရား
ထွန်းကားရာဖြစ်တယ် ။
မြင့်မြတ်တဲ့
ကဗျာရဲ့တံခါးဝ
ဖွင့်လို့ကြည့်ပါ ။

အလင်းတန်းဟာ
အတောင်ပံမပါဘဲ
ခြေထောက်မပါဘဲ
ရောက်လာပါလိမ့်မယ် ။
(ကဗျာဆရာဆိုတာ
ကမ္ဘာ က
အသိအမှတ်ပြုခြင်းမခံရတဲ့
ဥပဒေပြုသူဖြစ်တယ်)
ရှယ်လီပြောတဲ့စကား
မုသားဗလာ
သွေးထွက်အောင်မှန်ပါကလား
ပျဉ်းမနားသား
တောင်ငူသားတို့
ဘာများကောတတ်ဦးမှာလဲ ။
အချိန်ဟာတရားသူကြီးဖြစ်ပါတယ် ။
ကဗျာဟာသက်သေကောင်းဖြစ်ပါလိမ့်မယ် ။
တောင်ငူကဗျာ
ပျဉ်းမနားကဗျာ
(ပဒေသရာဇ်တမ်းချင်း)
ပန်းခင်းကို
မြင်းစီးကြည့်ခြင်းမဟုတ်
ပျဉ်းမနားသားငါ
တောင်ငူနဲ့အလှမ်းကွာ
ရေအိုး နဲ့ ရေမှုတ်ပမာ
နီးပါသော်လည်း
အရောက်ကျဲခဲ့
ရင်ထဲမချိခံစားမိ ။
မျက်လုံးချင်းဝေးနေကြပေမယ့်
နှလုံးသားချင်းနီးနေကြပါသတဲ့
ဟုတ်ကဲ့ . . . ဒီစကားနဲ့
သင်တို့ကို
လက်ဆောင်ပါးလိုက်ပါရဲ့       ။         ။

                                      မောင်သင်းခိုင်
ရတုမြေ မဂ္ဂဇင်း
အတွဲ (၁) အမှတ်၊ ဒီဇင်ဘာလ၊ ၂၀၁၃ ။

Saturday, November 16, 2013

လေးကျွန်းမြေ ၊ ကဗျာပြပွဲ (၂)






ပေါ်နွေလလျှင် (အင်္ဂလိပ်+မြန်မာ)

                                            နတ်သျှင်နောင်
ပေါ်နွေလလျှင်၊ တောင်ကခြိမ့်မြူး၊
မင်းလွင်ဦှးနှင့်၊ ပျံ့ပျူးချုပ်ထိုင်း၊
မုန်တိုင်းဆင်လို၊ တိမ်ညိုမှိုင်းထပ်၊
ပြက်လျှပ်ပြကာ၊ စိမ်းဝါမိုးပန်း၊
ထွေထွေစွန်းက၊ ရေသွန်းသာကြည်၊
ပျော်ရမည်ကို မြရည်သက်မှတ်၊
ရောက်ခဲလတ်ဟု၊ ချစ်ထွတ်တင်သည်၊
ပြာစင်ရွှန်းလတ်၊ ဖြူဝန်းမွတ်လျှင်၊
ကြာညွတ်ဖယောင်း၊ နေရှိန်ပြောင်းသို့၊
ဆင့်လောင်းလွမ်းဝှန်၊ ရှိလိမ့်ဟန်ကို၊
တိမ်စွန်လေလျှင်၊ ဖူးရောက်ချင်သည် ၊ ငှက်သွင်ပျံကြွမတတ်သော်။

မြော်ချေကလျှင်၊ ကာလအလျောက်၊
ပိတောက်လျှံခဲ၊ ရွှေရည်စွဲက၊
ပုလဲငုံသွယ်၊ အလှယ်လှယ်တိ၊
စံပယ်ဖြူမွှေး၊ စံကားသေးကို၊
မြတ်လေးစုံမက်၊ ကျွန်ုပ်လက်ဖြင့်၊
ရွေးလျက်ရွရွ၊ မဆင်ရတည့်၊
ကာလသို့အောင်၊ ရည်စောင်ပန်းမှန်၊
မမီလွန်ကဲ၊ ချိန်တန်သို့သည်၊
ပြန်မည်လေသာ၊ မရောက်လှာဟု၊
 ကြံကာခွေ၍၊ နေလိမ့်မည်ကို၊
ရှိသည်မှုရန်၊ မင်းရေးဝန်ကြောင့်၊
လျှောက်ပန်စေ့မျှ၊ မချေရသော်၊
 ပြိုက်ကျသွယ်ဖြည်း၊ နှင်းထက်သည်း၍၊
ဝမ်းနည်းလျက်ပင်၊ ပျောင်းလိမ့်ထင်သည်၊ ညက်စင်စံများ အထွတ်သော်။

ဖျော်ဖြေမှလျှင်၊ ယုယသံချို၊
ပြေလိုစိမ့်သား၊ ကျူးပိုက်ဖြား၍၊
ချီသွားမူးမူး၊ ရှေ့ရက်ဦးက၊
မကျူးထင်ထင်၊ ကဆုန်တွင်ကို၊
ကျိုင်းစင်မြခဲ၊ စစ်ပွဲရန်နှည်၊
ပြန်လျှင်းမည်ဟု၊ နှုတ်ခြည်ပေါ်သာ၊
ဆိုလေရှာသော်၊ မလ္လာရနံ့၊
ထုံပျံ့ပန်းသတ်၊ ခြူးနတ်ဆင့်ကုံး၊
စိန်ပွင့်အုံးဝယ်၊ ပင့်ရုံးရွရွ၊
လက်သင်မ၍၊ သက်မျှငယ်ချစ်၊
ပျောင်းလိမ့်ဖြစ်ကို၊ စိစစ်မိမိ၊
သတိချုပ်ဆည်၊ ပြေမည်မျှဝေး၊
ချစ်ဝန်လေးခဲ့၊ ရေးရေးဖူးချင်၊ မယ်သို့လျင်သည်၊  ငှက်ရှင်လျှံမျှရဟတ်သော်။

IN COMING SUMMER
                                    NAT SHIN NAUNG (1578-1619)
In coming summer, thunder from the south,
Early vapors spread and clutch like storms,
Dark clouds are stacked, lightning glimmers,
Rainbow drops from the highest shower.
“At the libation festival, we should meet with joy,
But the emerald of my life is tardy.”
So saying, she, the height of my love,
The blue pure elegance, the fair bright smoothness,
Is limp like a withered lotus or like wax
Which the sun’s vigor liquefies. To adore
The lineaments of her strong longing,
I would like to rise and fly in the winds of the sky,
But bird-like, I am powerless to soar.

The padauk flower of pearl and gold,
Pure-white jasmine and magnolia
Have appeared in their several seasons.
I would place them in her hair with my own hands,
But the seasons have passed. I can imagine her thinking
I have not returned at the appointed date.
How can I tell her that war duties keep me?
But she of the lovely complexion
Will let her tears fall heavier than thick mist.

“You hugged and caressed me, hoping to soothe me.
With a sweet voice, you said so casually,
When you set out, you’d be back in May, victorious.”
So saying, the one I loved as my life from youthful days,
Will lean back on the divan decorated
With floral designs and Malayan sandalwood.
Then, holding her hair from falling, she will languish.
Knowing this, the burden of love grows heavy,
And even while controlling my thoughts,
I wish to rush to her like the wheeling disc of the sun.

( ဆရာဝင်းဖေ ၏ “မြကန်သာ” စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည် )


Saturday, November 9, 2013

မြို့ပေါ်က မြစ် ၊ written by ; ရန်လင်းအောင်




မြို့ ပေါ်ကမြစ်

                                        Written by ရန်လင်းအောင်


အောက်မေ့ဖွယ်ရာ နေ့စွဲများ
အောက်မေ့ဖွယ်ရာ နှလုံးသားများ
အောက်မေ့ဖွယ်ရာ လမ်းမများ
အောက်မေ့ဖွယ်ရာ လမ်းသွယ်များ
အောက်မေ့ဖွယ်ရာ ရုပ်တုများ . . . . . . .
အောက်မေ့ဖွယ်ရာ ပန်းခြံများ
အောက်မေ့ဖွယ်ရာ ကျောက်တိုင်များ
အောက်မေ့ဖွယ်ရာ အတောင်ပံများ
အောက်မေ့ဖွယ်ရာ ကြယ်စင်များ . . . . . .
မမောဘူး၊ မနွမ်းဘူး
မနားဘူး ၊
ဘယ်လိုအလင်းမှ
အရိုးပြာဖြစ်တယ် . . . . မကြားဖူးဘူး ။
မသိလည်းရှိတဲ့၊ ကျေးဇူးများ . . . . .
မမီလည်းရတဲ့၊ ကျေးဇူးတရား . . . . . .
ရှုလိုက်
နဲနဲအားစိုက် ရှုကြည့်လိုက်
ရှုလိုက်တဲ့ အသက်တိုင်း
ဒီလက်တွေပေါ်
ကြီးပြင်းလို့
ဒီလက်တွေပေါ်
အားသွေးလို့ ။

                             ရန်လင်းအောင်