Monday, March 30, 2015

ညမဖတ်ရ အမှတ်တရတွေ


ညမဖတ်ရ အမှတ်တရတွေ


ဒီလမ်းက တကယ်ရှည်တယ်
ဒီလမ်းဟာ သွေးကြောင်နေရင်
ပိုရှည်လျားမယ်
မင်းပြန်လာမှ ငါရှိမယ်
ငါ့ ကို ပြန်တွေ့မှ
မင်းသေပျော်မယ်မဟုတ်ဘူးလား ။

အသက်နဲ့ထုပ်မှ
လုံခြုံမယ့်မြေ . . . .

သွေးနဲ့ ဆေးမှ
လန်းမယ့်ရေ . . . .

တသက်စာ စတေးမှ
မသူတော်ဘေး ကင်းဝေးရမယ့်
ဒီအဖြစ်တွေ
ဒီအပျက်တွေ
သဘောမကျဘဲ လွမ်း လွမ်း နေရတဲ့
ဒီအဖြစ်တွေ
ဒီအမှတ်တရတွေ . . . .

သရဲဘောကြောင်တဲ့ နံနက်ခင်းများ
ပျော်ပျော်ပါးပါး
ပြန်ပြောင်းပြောနိုင်ကြပါစေ
ရယ်ရယ်မောမော
ဖတ်ရှုနိုင်ကြပါစေ ။

                            ရန်လင်းအောင်

Sunday, March 29, 2015

သုံးပေါက်သံ




သုံးပေါက်သံ

ပူးပေါင်းပြုပြင်ပြောင်းလဲမယ်
အလျင်မလိုပါနဲ့
ဖက်ဆစ်တော်လှန်ရေးမပြီးသေး  ။      


                မင်းညွန့်လှိုင် + ရန်လင်းအောင်





ကျည်ဆန် ။ မင်းညွန့်လှိုင်




ကျ ည် န်

ကျည်ဆန်ဟာလောဘကြီးလွန်းတယ်
လူသန်းပေါင်းများစွာရဲ့ထမင်းလုတ်တွေကို
ကလေးသူငယ်များစွာရဲ့ကျောင်းစာအုပ်တွေကို
ဥသြငှက်တစ်ထောင်ရဲ့နွေဦးအိပ်မက်တွေကို
လုယက်ဝါးမျိုခဲ့လေတယ် ။

ကျည်ဆန်ဟာမာန်တက်ဖူးတယ်
ဝိညာဉ်မှန်သမျှ
သူခြွေရင်ကြွေကျမှာလို့လေ
ဂန္ဒီဂျီးနဲ့တွေ့မှပဲ
ဂျွန်လင်နွန်နဲ့တွေ့မှပဲ
သူ့အထင်မှားမှန်းသိတော့တယ် ။

ပြီးတော့
ဒေါက်တာရီဇော်နဲ့မတွေ့ခင်အထိ
ဆလိုင်းတင်မောင်ဦးနဲ့မတွေ့ခင်အထိ
သူခြောက်ရင်ကြောက်မှာပဲလို့
သူလှန့်ရင်လန့်မှာပဲလို့
တွက်ကိန်းလွဲခဲ့ဖူးလေရဲ့ ။

သူရှေ့ကသွားရင်
အာဏာကနောက်ကလိုက်လာမယ်လို့
သူဖောက်ဝင်တဲ့ဦးခေါင်းထဲ
အတွေးအခေါ်တွေပြတ်တောက်ကုန်မယ်လို့လည်း
လွဲမှားစွာထင်မြင်မိသေး
မာလာလာလေးနဲ့မတွေ့ခင်အထိ ။

ကျည်ဆန်က
ဟန်ဆောင်ကောင်းတယ်
ရုပ်ပြောင်းရုပ်လွှဲတတ်တယ်
ခရိုနီတစ်ယောက်ဒါနပြုသလိုမျိုး
အာဏာရှင်ဟောင်းတစ်ယောက်
ပရဟိတလုပ်ပြသလိုမျိုး
ရမ်းချင်တိုင်းရမ်း မွှေချင်တိုင်းမွှေ
ရမ်းလို့မွှေလို့အားရတော့မှ
ယမ်းမရှိတော့တဲ့အခွံပြောင်ပြောင်ထဲ
ဘုရားပန်းလေးထိုးစိုက်
ဣနြေ္ဒရရနေပြလိုက်သေး
အရိုးတွေမတွန်တော့မယ့်အတိုင်း ။             ။

                                               မင်းညွန့်လှိုင်

Saturday, March 28, 2015

အနိုင်ဂိုး မောင်နီမွန်










အနိုင် ဂိုး

..............

အရံလူတွေထည့်ကစားရင်း
အဝေးကွင်း ရန်ကုန်မှာ
တဖက်အသင်းရဲ့
မျက်နှာဖုံးစွပ်ကို ချွတ်ခွာ
လူထုထဲ ဝဲပစ်လိုက်နိုင်တယ် ။

မောင်နီမွန်
၅ . ၃ .၂၀၁၅

အဖြူထည်အသံ ။ ကိုရုန်း











အဖြူထည်အသံ
____________

လူတစ်ဦးက
အဖြူထည်အရာကို
ဂူတစ်ဂူထဲမှာ
မီးခွက်ထွန်းပြီး
ရှာဖွေခဲ့တယ်။

ဂူထဲမှာ
နေရာအနှံ့ 
ရှာဖွေသော်လည်း
အဖြူထည်အရာကို
အစအန လေးတောင်
သူရှာမ တွေ့ ခဲ့။

လာလမ်းအတိုင်း
သူပြန်ထွက်ခဲ့ရတယ် တဲ့။

ကြားဖူးတဲ့ပုံပြင်
ဘဝင် မကျနိုင် ခဲ့။

တကယ်ဆို
အဖြူထည်အရာ
သူ့ နှလုံးသားမှာ
သူ့ လက်ဖဝါးထဲမှာ
သူ့ ဘဝခရီးထဲမှာ
သူ ပိုင် ဆိုင် ထားတာ
သူမေ့လျော့နေ လေရဲ့ ။ ။

ကိုရုန်း

နှင်းဆီလမ်းမ ။ ဒီသစ်


တွင်းတိမ်တိမ် ။ မောင်သော်တာ











တွင်း တိမ် တိမ်
____________________
written by မောင် သော် တာ

ဒေဝဒတ်ရဲ့အော်သံကိုကြားနိုင်လောက်ရဲ့
ဆင်းရဲတွင်းကိုနက်နက်ဆက်တူး

သားရဲတွင်းထဲမကျရုံလေး

ကိုယ့်အတွေးနဲ့ကိုယ်
စိတ်ချမ်းသာရဲ့လားပေါ်လီယာနာကိုသော်တာ
____________________
မောင် သော် တာ
မတ်လ၂၃ဝါးရုံလဲ၂၀၁၅