Sunday, April 5, 2015
မေ့မေ့လျော့လျော့လက်
အချို့သောဖန်ဆင်းမှုတွေမှာ
စံချိန်စံညွှန်းနှင့်ကိုက်ညီမှုမရှိကြောင်း
ရာဇဝင်ကြီးက
မလွှဲမရှောင်သာဝန်ခံလိုက်ရခြင်း ။
ထင်ရှားသောဥပမာတချို့မှာ
ခေါင်းပေါင်းစတလူလူအောက်မှ
ဦးခေါင်းခွံတွင်
ဦးနှောက်မပါရှိခြင်း ။
ပြိုးပြက်ဝင်းပသောတံဆိပ်များနှင့်
တန်ဆာဆင်ဖုံးကွယ်အပ်သော
ရင်ဘတ်ကြီးအတွင်း
နှလုံးသားမပါဝင်ခြင်း ။
လူဆိုသူဟာ
အတုမြင်အတတ်သင်
ဖန်ဆင်းရှင်ကိုအားကျမခံ
အနှစ်အသားမဲ့ခြင်းဖြင့်
အသံကျယ်လောင်သော
စည်ကြီးများကိုတီထွင်ကြ ။
လှပခမ်းနား
ဆိုင်းဘုတ်များနဲ့
မြို့အခွံများတည်ဆောက်ကြ ။
တစ်ပိုင်းကြောင်ကျက်စာရ
ပညာရှင်များမွေးထုတ်ကြ ။
ပန်းတိုင်မပါတဲ့
လမ်းများစွာကိုဖောက်လုပ်ကြ ။
သြ
ငါ့ကဗျာလည်း
မရှိခြင်းကို
ကြည့်ပျော်ရှုပျော်
ဖွဲ့နွဲ့ရုံမျှ ။           ။
         မင်းညွန့်လှိုင်
Saturday, April 4, 2015
အရေးပေါ်ခန်း ။ ကိုသားကြီး
အရေးပေါ် ခန်း 
အသက်ရှင် ခဲ့တာချင်း တူရင်တောင်
တည့်မတ်စွာ ပိနေတဲ့ ဝန် ဟာ
ရလာဒ် မတူတဲ့ လေးလံမှုထဲ
မျှော်လင့်ချက်က မြို့ပြ မနက်ခင်းလို
သောကတွေသာ ခုံးထ လာ ပုံ
တေးဆိုငှက် သံ မပါဘူး။
ကြေကွဲ ခြင်းအဆိပ်တက်တုန်း
အိပ်ရေးပျက် လမ်းကို မကျော်နိုင်တော့
ကြယ်တစ်ခင်းကရူးလို့အောင့်ရုံ
ဆေးရုံ အနံ့ ဟာ ပေးခြင်း ယူခြင်း လက်များပေါ်
သဘောနှစ်ခွ ထွက်တဲ့ တရား
ပျော်ရွှင်လွန်းလို့ လျှောက်လာတဲ့လမ်းမဟုတ် တော့ အများက ဆိုခဲစေ မြဲခဲစေ ။
ဆိုတော့ လတ်ဆတ်လေ နဲ့ ပေါင်းသင်းခဲ့ဖူးတဲ့ အဆုတ်ဟာ
ငွေပေးငှားနေအခန်းများရဲ့ ညကို ရေရောအန်ချပစ်
 ဒီမျက်ဝန်းတွေ က
ဝါးလတ်စည်းသံ မြဲ ခဲ့
နွေ ကို ချိတ်တွယ် တောတန်းများ
လက်တွန်းလှည်း နဲ့ အပြည့်သယ်
ရင့်အိုနာ ကမ္ဘ္ဘာ ကြီး ကို
အညောင်း ဆန့် ပေးဖို့
့တောင့်တ ခြင်းနဲ့  
ခွာ ထားတဲ့သစ်ခေါက်တွေ ။        ။
                               ကိုသားကြီး
တံခါးဖွင့် အသံ ။ ကိုရုန်း
တံခါးဖွင့်အသံ
ဒီအသံလေးကို
ကြားရရုံနဲ့ တင်
တစ်သက်စာ
ဖူလုံသွားသလိုလို။
ဒီအသံလေးထဲမှာ
ငါပျော်ဝင် သွားခဲ့တယ်။
ဒီအသံလေးက
အားအင်တွေကို
မွေးဖွားပေးတယ်။
ဒီအသံလေးက
မျှတမှုကို
သွန်းလောင်းပေးတယ်။
ဒီအသံလေးက
လုံခြုံမှုကို
ပေးစွမ်းနိုင် တယ်။
ဒီအသံလေးနဲ့ 
ငါရှင် သန်သွားတော့မယ်။
ဒီအသံထဲမှာ
အရာရာပြီးပြည့်စုံနေ လေရဲ့ ။
ကိုရုန်း
Thursday, April 2, 2015
မုန်တိုင်းသတင်း ။ ခက်ဦး
မုန်တိုင်းသတင်း
ဓာတ်ကူးမှုနိယာမ
မြင်လေရာရာ
ကြွပ်ရွလို့
ဥသြတွန်သံ
မနာခံတဲ့ကောင်းကင်
အရည်ပျော်မှ
နောင်တမရကြေး ။ ။
                              ခက်ဦး
သမိုင်းချင်းယှဉ်ပစ်ရင် ဘယ်ငတေမှ မမာနိုင်ဘူး …
သမိုင်းချင်း ယှဉ်ပစ်ရင်
ဘယ်ငတေမှ မမာနိုင်ဘူး . . . . .
ရပ်ထဲရွာထဲ
သူ့ပိုက်ဆံနဲ့သူဆိုပေမယ့်
မူးယစ်ရမ်းကားသူအရက်သမားအတွက်
လောကဥပဒေ
ဓမ္မဥပဒေရှိသလို
ပြည်သူ့ဘဏ္ဍာ
ပြည့်သူ့အာဏာ
မသဒ္ဓါရေစာ သောက်စားပြီး
မူးယစ်ရမ်းကားသူ
အာဏာရှင်လူတစ်စုတို့ရေ . . . .
ခဗျားတို့
ကြိုက်ရာခေတ်မီလက်နက်
သွေးရူးသွေးတန်းဆွဲကိုင်ခဲ့ပါ
ပုဒ်ထီးပုဒ်မ ဂယောင်ဂတန်းစိတ်ကြိုက်ဆင်ပါ
ဉာဏ်နီ ဉာဏ်နက်
ဉာဏ်မဲ ဉာဏ်ကြောင်
ဉာဏ်ကလိမ် ဉာဏ်မှိန်
မီးကုန်ယမ်းသုံးလိုက်စမ်းပါ ။
ဆွေစဉ်မျိုးဆက် သွေးပျက်ဖွယ်
ခေါင်းမဖော်ရဲလောက်အောင်
အတိတ်ရိုင်းထဲ ခဗျားတို့
ခွေခေါက် လဲပြို ကျန်ရစ်စေဖို့ ။
ယှဉ်ပစ်ရဲရင် ကျုပ်တို့က
သမိုင်းချင်း ယှဉ်ပစ်ရုံလေးပါ
သမိုင်းချင်း ယှဉ်ပစ်ရုံလေးပါ
သမိုင်းချင်းယှဉ်ပစ်လိုက်ရုံပါ ။
                       ရန်လင်းအောင်
Wednesday, April 1, 2015
အမှောင်ပြကွက် ။ ကိုသားကြီး
အမှောင် ပြ ကွက်
ဘဝမှာ
ဟွန်းသံ မမြည်တဲ့ လမ်းတွေ ရှိသလို
မရွေ့ တဲ့ သွားလာခြင်း ကြောင့်
ခြေကုန်လက်ပမ်း ဖြတ်လျှောက်နေရ
ပြဇာတ် ထဲ က လို ။
နှင်း တွေ ထုံ ထိုင်း ဆွံ့ အ နေ ပုံ
အပူကြွ မြေသားထက်
သဘာဝ နဲ့ တူ အောင်
ရုန်း ထ နေရတုန်း
ဇာတ်ဝင်တေး တွေ ဟန်လုပ် ဆို နေရ။
လမ်းမှာ
ဟွန်းသံ မမြည်တဲ့ ဘဝ တွေ ရှိတော့
အနှိမ်ခံ အိပ်မက်မှာ
ည ကို ည နဲ့ တူ နိုင် ဖို့
ကျွန်တော် တို့ လက်တစ်ကမ်းမှာ
ရနံ့ ဖြူ ပန်းတွေ တိုက်ရိုက်ပွင့် နိုင်ဖို့
သီးနှံ မျိုး စေ့ သစ်များ
အရွေ့ တစ်ခု နဲ့ ရယ်သံ လွင် ချို ဖို့
ကြည့်လိုက် . . . .
သန့် စင်ခြင်း အတိပြီးတဲ့
အရှေ့ ကောင်းကင်မှာ
နေရာ ပေး ရမယ့် ကြယ်တစ် လုံး
လင်းပ စွာ ရှိတယ် ။                      ။
                                     ကိုသားကြီး
ပုရွက်ဆိတ် ။ အောင်ထက်
ပုရွက်ဆိတ်
___________
ခင်ဗျားရဲ့ ခြေထောက်
တွင်းဝက..မဖယ်သေးသမျှ
အဆက်ဆက်......ဆက်ပြီး
အုံကြွကိုက်ခဲ..နေရအုံးမှာ........။
                                      အောင်ထက်
FREE  AUNG HTET