Tuesday, March 8, 2016

မြန်မာကဗျာ အဆင့်တန်း - မောင်ကြူးရင့်


မြန်မာကဗျာအဆင့်တန်း
_______________________________
ေ မာ င် ကြူး ရ င့်

    မြန်မာကဗျာအဆင့်အတန်းသည်ဂန္ထဝင်
ကဗျာခေတ်မှသည်ယနေ့ကဗျာခေတ်အထိ
နိုင်ငံတကာကဗျာအဆင့်ထက်မည်သည့်
ကာလမှမနိမ့်ကျခဲ့ကြောင်းလေ့လာတွေ့ရှိခဲ့ရပါသည်။
                   ထိုသို့မနိမ့်ကျခဲ့ရခြင်းမှာ
မြန်မာလူ့အစည်းတလျှောက်လုံးတွင်အမျိးသားလွတ်မြောက်ရေး နယ်ချဲ့ဆန့်ကျင်ရေး အာဏာရှင်စံနစ်ဆန့်ကျင်ရေးကိုခုခံ တော်လှန် တုန့်ပြန်ခဲ့ရခြင်းသည်အဓိကအကြောင်းတချက်အနေဖြင့်ပါဝင်နေပါသည်။
                  စလေဦးပုညကဗျာများဆိုလျှင်
ရှိတ်စပီးယားကဗျာပြဇတ်မျာနှင့်တန်းတူယှဉ်ထိုး
နိုင်ခဲ့ပါသည် ။
                   ဆရာကြီးသခင်ကိုယ်တော်မှိုင်း
ငြိမ်းချမ်ရေးညီလာခံသို့ဒဂုန်တာရာနှင့်
သွားရောက်စဉ်နိုဘယ်လ်ဆုရကဗျာဆရာနရူဒါကဆရာကြီးအားကဗျာရွတ်ပါရန်တောင်းဆိုခဲ့ဖူးပါသည်။
               ဆရာဇော်ဂျီ ဆရာမင်းသုဝဏ် ဆရာဒဂုန်တာရာမှသည် မောင်လေးအောင် မောင်ချောနွယ်မှသည် ယနေ့အထိမြန်မာ
ကဗျာအဆင့်အတန်းသည်နိုင်ငံတကာကဗျာ
ထက်မည်သည့်အခါမျှ  မနိမ့်ကျခဲ့ပါ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေပြီး နိုင်ငံတကာသို့ထိုးဖောက်ရန်အားနည်းခဲ့ခြင်းသာဖြစ်ပါသည်  ။
                   ဤတာဝန်အားပညာရှင်များ ကဗျာအဖွဲ့အစည်းများကဗျာဆရာတဦးခြင်းမှ
အားထုတ်ရမည့်တာဝန်ဖြစ်ပါကြောင်း
လေးနက်စွာတင်ပြအပ်ပါသည်။        ။

 မြန်မာကဗျာတိုးတက်ထွန်းသစ်ပါစေ ။

ေ မာ င် ကြူး ရ င့်


အေ မ့ ထံ - တမျိုးနီ


အေ မ့ ထံ

_____________________________

တိမ်တွေက လေတွေရဲ့ စေရာ လွင့်နေရတာပဲ
ကျနော် တိမ် မဖြစ်ချင်ဘူး အမေ
ကမ္ဘာမြေရဲ့ အပူတွေကို စုပ်ယူ
သူ့ကိုယ်သူ ခြောက်သွေ့ပစ်တဲ့ သစ်ရွက်ကလေး
ကျနော် ဖြစ်ချင်တယ် ။
ပင်အပ်နှစ်ချောင်းဆုံရာ
လူဖြစ်လာတဲ့ ကျနော်က
ဘာကို တပ်မက်ရမယ်
နေဝင်ချိန်ဆိုတဲ့ တေးတွေနဲ့
ဟိုး ဝေးဝေးဆီ ပျံသန်းတဲ့ ငှက်ကလေး
ချစ်ခြင်းမေတ္တာကို လမ်းကြုံ ပါးလိုက်ပါရဲ့
မပူပါနဲ့ အမေ ။
တဖက်က ချောင်းကော ကောနေရင်
တဖက်က ရေပြင်အရုပ်ရေးသူ ကျနော်က
လူ့ဘဝကို
သရေကွင်းလို ဆွဲဆန့် ထားရတယ်
ကြွေကျ သွားတဲ့ သစ်ရွက်ကလေးပဲဖြစ်ချင်တယ် အမေ
လွှတ်ချ လိုက်ရမယ့် သရေကွင်းဟာ
ကျနော် မဖြစ်ပါရစေနဲ့ ။
မပူပါနဲ့ အမေ
ကျနော့်အပူ နှစ်ဆ
အမေ့ အပေါ်ပူနေမှာ
ကျနော် စိတ်ပူတယ် ။       ။

တမျိုးနီ



လက်ပံတောင်းကို ကတ်စရောင်းပဲ ရှင်းကြတာပေါ့  - ခေတ်ဆူး



"လက်ပံတောင်းကို 

  ____________ ကတ်စရောင်းပဲ ရှင်းကြတာပေါ့ "


မင်းသားခေါင်းတွေ..ကျွတ်ကျတဲ့အချိန်
ကျည်ဆံတစ်ထောင့်ဟာ..
သန်းခြောက်ဆယ်ရဲ့ နှလုံးအိမ်ကို
ဖောက်ဝင်သွားတယ်..
တချိန်လုံး...ငါတို့ချည်းခံရတယ်
စကားပြောရင်..လက်မပါနဲ့
ငါတို့အချင်းချင်း..အိုးမည်းသုတ်ပြီး
ပြန်ခွပ်ခိုင်းတယ်
စကားပြောရင် လက်မပါနဲ့
ကိုယ့်ထမင်းကိုယ်စားတာတောင်
ပါးရိုက်လိုက်လို့တဲ့
စကားပြောရင် လက်မပါနဲ့
ငါတို့ ဝေစုငါတို့ပြန်တောင်းတယ်
စကားပြောရင် လက်မပါနဲ့
ငါတို့ဧရာဝတီ...ငါတို့ပဲစီးဆင်းမယ်
စကားပြောရင် လက်မပါနဲ့
ငါတို့..ညီအစ်ကို အရေးငါတို့ပဲဖြေရှင်းမယ်
စကားပြောရင် လက်မပါနဲ့
လက်ပါတိုင်း ကောင်းတာမဟုတ်ဘူး
စကားပြောတိုင်း လက်ပါကြေးဆို
ငါတို့အားလုံးမှာလည်း..
"လက်"တွေရှိတယ်ဆိုတာ..ဘယ်တော့မှ
မမေ့နဲ့ ။

ခတ်ဆူး

Sunday, March 6, 2016

အ ကွား အေ ဝး - ဆောင်းချစ်ငြိမ်



အ ကြ ာ အ ေ ဝ း

________________________

အစဖော်ဖို့ ကြိုးစားရင်း
အစမှာပဲ တက်နင်းခံမိလျှက်သား အစတွေ

ငါတို့ဟာ
သော့တွဲတွေ အများကြီးနဲ့
ဖွင့်စရာ သော့ခလောက် ပျောက်ဆုံးနေဆဲဘဝတွေ … …

စီးနေတဲ့  ရေထဲ
မျောနေတဲ့  အမှိုက်တွေလား
ငါတိုကိုယ်ငါတို့ သံသယဝင်ဖို့ အချိန်မရှိ

မနက်ဖြန်တွေဟာ
ငါတို့ညတွေထဲ
အမြဲတမ်း ထည့်မက်နေမိတဲ့
အိပ်မက်တွေ … … …

အခု - ကျီထဲမှာ အခွန်တွေနဲ့ ကြွက်တွေ
အခု - အခွန်တွေထဲမှာ
မနက်ဖြန်တွေကို မယုံရဲ စိတ်တွေနဲ့ မျှော်မောနေရခြင်းတွေ … … … …

ငါတို့ဟာ
အကြောင်းတွေထဲမှာ အကျောင်းခံရင်း
အကြောင်းကြောင်းသော  အကြောင်းတွေကြောင့်
အကျိုးမျှော်ရင်း မောနေရတဲ့ အကြောင်းတွေလို့
ရိုးရိုးသားသားပဲ  ဆိုကြပါစို့
အရပ်ကတို့  … … … …

ဆောင်းချစ်ငြိမ်

Saturday, March 5, 2016

လေတို့ ရဲ့ အထိ အရှ - သစ်ပင်



လေတို့ရဲ့ အထိအရှ

________________________

တခါတခါ
လေထုထဲ ပျော်ဝင်လိုက်ချင်တယ်

မနေ့ကထက်
ပိုလှအောင် မပြုံးနိုင်တဲ့နေ့တွေဆို
လေညင်းနဲ့ နှဲ့လည်း
ကျိုးကြေရပါတယ် …

ပျံ့နှံ့အလွယ်ဆုံးအရာတွေ
ပိုင်ဆိုင်တဲ့ လေညင်းရယ်
မုန်းဖို့ အဖော်မညှိလေနဲ့

စိတ်ကလေး
လေပေါ်တင်လိုက်ရင်
လေထုတွေ လေးလံသွားမလား … …

တရားစစ်စစ်တွေ
လေထဲမှာ လေပါတယ် ။        ။

သစ်ပင်

FEB 6.2016
PM 9:30

ရနံ့မဲ့တေး - ကျော်ဇင်ငထင်



ရ နံ့ မဲ့ေ တး

_________________________

ရစရာမရှိတဲ့ဘဝကို  ရသလိုကုတ်ဖဲ့
ယားလို့တောင် ယင်မနားတော့ဘူး။
ကြမ္မာဆိုးအရွေ့က
သွေးသားကိုမှ ရောင်းပန်းတင်ထားရ
ရုပ်အရှိတရားဟာ
အပေါစားမိတ်ကပ်အကျိုးအကြေတွေနဲ့  နန်းဆွဲထားရ
လကွယ်ညငွေရထားတွဲချိတ်သံ ကြားရပြီ။

ညဥ့်ထက်နက်တဲ့  အမှောင်ခါးခါး
ကြယ်တွေတွန်ကျူးသံနဲ့  လရောင်ဝေးလွင့်
ကဇော်နံ့ပြင်းပြင်းတွေဟာ
ကားမှတ်တိုင်အောက် ဝေ့ဝဲ
ညဟာ...
သားရဲတွင်းတွေထဲ  တောခြောက်ကစားလို့
ထမင်းတစ်လုတ်အတွက်  စိတ်မဲ့ခန္ဓာဟာ
လောကဓံပင်လယ်အော်ရဲ့ခေါ်သံမှာ
ကမ်းပျောက်ဆဲ … … …

အရုဏ်တက်အိမ်အပြန်လမ်းဟာ
ဆင်ခြေဖုံးမြောင်းဘောင်ပေါ်က ဝမ်းတစ်ထွာကျူးတဲလေးဆီ ……

ဒုတိယဘုရားသခင်ဆိုသူရေ … … …
အသက်ငင်ရပ်ကွက်လေးအဝင်က လယ်ကန်သင်းပေါ်
ကန်စွန်းပန်းကလေးခမျာ
နွမ်း လျ ခွေ.....။                ။

                     ကျော်ဇင်ငထင် 

Friday, March 4, 2016

အူသံ - ၉ - ၁၀ - နီဇူလိုင်



အူသံ - ၉


မြူ  တွေဆီ
တိုးဝင်။
တိုးရင်း …
တိုးရင်း …
မြူဖြစ်သွား … …

           နီဇူလိုင်

           ၁၉.၂.၁၆
          at 8:14


အူသံ - ၁၀


လက်ခတ်ပျောက်နေတဲ့
ပတ္တလား
ကျွမ်းလောင်တဲ့ …
တံတျာတေးသွား.……

                                      နီဇူလိုင်

                                     ၂၂.၂.၁၆