Wednesday, March 9, 2016
လူပုံရေးဆွဲနည်း - မိုးကျော်သူ
လူပုံဆွဲနည်း
___________________________
မိုးေ ကျာ် သူ
ကိုယ့်ကိုကိုယ်
နံရံပေါ်ခြစ်ကြ
တစ်ယောက်ကိုတစ်ယောက်
ဝိုင်းခြယ်ကြ ။
လူတစ်ယောက်ရယ်မို့
လက်ထောင်ခွင့်ရခဲ့တယ်
ကားလမ်းအကူး … …
မြင်ပါ
ဒါလူသားပါ
ရပ်ပြီးခြစ်သွားခဲ့ပါ ။
ကျနော်သူများတွေကိုခြယ်နေတုန်း ။
မိုးကျော်သူ
မြင်ရုံမျှ - နီဇူလိုင်
မြ င် ရုံ မျှ
_____________________အလင်းလာရာ
အမှောင်ထဲကကြိုနေရှာ ။
အလင်းဆီမရောက်
အမှောင်အောက်က
မြင်ရုံမျှ ။ ။
နီ ဇူ လို င်
၂၆.၂.၁၆ပင်လယ်ကြီး ပြန်/ပျံ လာတယ် - မောင်သော်တာ
ပင်လယ်ကြီး ပျံ/ ပြန်လာတယ်
____________________________မိုးကုပ်စက်ဝိုင်းအထိရောက်နိုင်မလားခြေဆန့်မိတော့လည်း
ငါ့အရိပ်ဟာကမ်းစပ်မှာ ပိုးလိုးပက်လက်ကျလို့
မှော်ဖတ်တွေပေနေတဲ့ရေမြှုပ်တွေကြားမှာ
ခရုတစ်ကောင်လို
အခွံသက်သက်ရပ်နေမိတယ်
ပင်လယ်ကြီးကိုသတိရလိုက်တာ
နယ်မြေသစ်တွေရှာချင်တဲ့လှေတစ်စီးလို
ရွက်ဖျင်ပိတ်စတစ်ချပ်ဟာ
အနားစတွေဖွာထွက်နေတာပေါ့
ချုပ်ရိုးတွေနဲ့
ပေပေစုတ်စုတ်ပန်းချီကားတစ်ချပ်ကိုထောင်ကြည့်နေမိတဲ့ငါပါ
သမုဒ္ဒရာရဲ့ကမ်း၂ဘက်လိုဝေးကွာမှု
လက်သည်းချွန်မရှိတဲ့ချိုးကူသံလိုငြိမ်းချမ်းရေး
ပင်လယ်နဲ့မိုးသား
စိတ်တူ ကိုယ်မျှ 'ပြာ' နေတဲ့သံယောဇဉ်
ရေစီးသန်တဲ့လှိုင်းတွေ
ွပုတ်ခတ်ခံကျောက်ဆောင်တွေလိုတွေဝေသူ
ခေါ်သံ'ပြန်ကြားချင်ပါရဲ့ …
ဆားငံဓာတ်တွေလျှာပေါ်မှာစွဲနေပြီ
ရုပ်ဝတ္ထုပစ္စည်းတွေလိုပင်လယ်ဟာဖောက်ပြန်ပြိုကွဲမှာတဲ့လား
ငါရပ်ကြည့်နေတာ
ထည့်သမျှလောင်စာတွေအငတ်မပြေတဲ့မီးလို
ပင်လယ်ဟာလောင်ကျွမ်းပြာကျသွားမတဲ့လား
ငါရပ်ကြည့်နေတာ
အာရုံနဲ့ဒွါရတိုက်လိုက်တိုင်း
အဆန်းတကြယ်စိတ်တွေနဲ့
သံသရာကိုချဲ့မယ့်ကရွတ်ခွေ'လို
ပင်လယ်ဟာ ခုန်ထ ပြေးထွက်သွားမလား
ငါရပ်ကြည့်နေတာ
ငါရပ်ကြည့်နေတဲ့မိုးကုပ်စက်ဝိုင်းဟာ
ကမ္ဘာရဲ့အရွေ့နဲ့ငါ့ကိုဖမ်းစားထားတယ်
နေလုံးရဲ့အရောင်တွေပြောင်းလဲမှိန်ပျောက်သွားသလိုလို
နေလုံးကပဲခြေထောက်ပေါက်ပြီးခုန်ချသွားသလိုလို
ပင်လယ်ကိုသံသယဖြစ်စေတယ်
ဒါပေမယ့်
ငါသိတယ်
ဘယ်တော့မှမဆွေးမြည့်တဲ့ပင်လယ်ဟာ
ဆွေးမြည့်တဲ့ငါ့မျက်လုံးတွေကိုသာ
ကမ်းစပ်ကိုပြန်ပြန်ရိုက်တင်နေခဲ့တာ
ပင်လယ် ' ကို ရ မ လား - -လို့
ရေဓာတ်ပါတဲ့လေကိုအဆုပ်ထဲရှိုက်သွင်းရှူချလိုက်တယ်
ဘယ်ဆီဘယ်ဝယ်
ဘယ်လိုဘယ်လောက်ပဲကြာကြာ
ပင်လယ်ကြီးကို သတိရနေမိတယ်လေ။ ။
မောင်သော်တာ
လူနာရဲ့ ပန်းချီ - တည်ဘွားဦး
လူနာရဲ့ ပန်းချီ
__________________________အခု
အိပ်ရာထဲမှာ
ငြိမ်ငြိမ်လေးနေ နေရတယ်
မျက်စိကိုဖွဖွလေး မှိတ်ထားရတယ်
မမြင်ရတဲ့ပန်းတွေကို
ဆေးရောင်လှလှခြယ်နေရတယ်
ဘယ်ပန်းကို
ဘယ်လိုအရောင်ခြယ်မလဲ
ပန်းသီးက
ဘယ်ပန်းကသီးတာလဲ
ကျန်းမာရေးမကောင်းတဲ့မေးခွန်းတွေကို
ဆေးခန်းကနေပြီးအိမ်ကိုခေါ်လာခဲ့တယ် ။
တည်ဘွားဦး
၅ ၂ ၁၆11:29
်
Tuesday, March 8, 2016
မြန်မာကဗျာ အဆင့်တန်း - မောင်ကြူးရင့်
မြန်မာကဗျာအဆင့်တန်း
_______________________________
ေ မာ င် ကြူး ရ င့်
မြန်မာကဗျာအဆင့်အတန်းသည်ဂန္ထဝင်
ကဗျာခေတ်မှသည်ယနေ့ကဗျာခေတ်အထိ
နိုင်ငံတကာကဗျာအဆင့်ထက်မည်သည့်
ကာလမှမနိမ့်ကျခဲ့ကြောင်းလေ့လာတွေ့ရှိခဲ့ရပါသည်။
ထိုသို့မနိမ့်ကျခဲ့ရခြင်းမှာ
မြန်မာလူ့အစည်းတလျှောက်လုံးတွင်အမျိးသားလွတ်မြောက်ရေး နယ်ချဲ့ဆန့်ကျင်ရေး အာဏာရှင်စံနစ်ဆန့်ကျင်ရေးကိုခုခံ တော်လှန် တုန့်ပြန်ခဲ့ရခြင်းသည်အဓိကအကြောင်းတချက်အနေဖြင့်ပါဝင်နေပါသည်။
စလေဦးပုညကဗျာများဆိုလျှင်
ရှိတ်စပီးယားကဗျာပြဇတ်မျာနှင့်တန်းတူယှဉ်ထိုး
နိုင်ခဲ့ပါသည် ။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း
ငြိမ်းချမ်ရေးညီလာခံသို့ဒဂုန်တာရာနှင့်
သွားရောက်စဉ်နိုဘယ်လ်ဆုရကဗျာဆရာနရူဒါကဆရာကြီးအားကဗျာရွတ်ပါရန်တောင်းဆိုခဲ့ဖူးပါသည်။
ဆရာဇော်ဂျီ ဆရာမင်းသုဝဏ် ဆရာဒဂုန်တာရာမှသည် မောင်လေးအောင် မောင်ချောနွယ်မှသည် ယနေ့အထိမြန်မာ
ကဗျာအဆင့်အတန်းသည်နိုင်ငံတကာကဗျာ
ထက်မည်သည့်အခါမျှ မနိမ့်ကျခဲ့ပါ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေပြီး နိုင်ငံတကာသို့ထိုးဖောက်ရန်အားနည်းခဲ့ခြင်းသာဖြစ်ပါသည် ။
ဤတာဝန်အားပညာရှင်များ ကဗျာအဖွဲ့အစည်းများကဗျာဆရာတဦးခြင်းမှ
အားထုတ်ရမည့်တာဝန်ဖြစ်ပါကြောင်း
လေးနက်စွာတင်ပြအပ်ပါသည်။ ။
မြန်မာကဗျာတိုးတက်ထွန်းသစ်ပါစေ ။
ေ မာ င် ကြူး ရ င့်
အေ မ့ ထံ - တမျိုးနီ
အေ မ့ ထံ
_____________________________တိမ်တွေက လေတွေရဲ့ စေရာ လွင့်နေရတာပဲ
ကျနော် တိမ် မဖြစ်ချင်ဘူး အမေ
ကမ္ဘာမြေရဲ့ အပူတွေကို စုပ်ယူ
သူ့ကိုယ်သူ ခြောက်သွေ့ပစ်တဲ့ သစ်ရွက်ကလေး
ကျနော် ဖြစ်ချင်တယ် ။
ပင်အပ်နှစ်ချောင်းဆုံရာ
လူဖြစ်လာတဲ့ ကျနော်က
ဘာကို တပ်မက်ရမယ်
နေဝင်ချိန်ဆိုတဲ့ တေးတွေနဲ့
ဟိုး ဝေးဝေးဆီ ပျံသန်းတဲ့ ငှက်ကလေး
ချစ်ခြင်းမေတ္တာကို လမ်းကြုံ ပါးလိုက်ပါရဲ့
မပူပါနဲ့ အမေ ။
တဖက်က ချောင်းကော ကောနေရင်
တဖက်က ရေပြင်အရုပ်ရေးသူ ကျနော်က
လူ့ဘဝကို
သရေကွင်းလို ဆွဲဆန့် ထားရတယ်
ကြွေကျ သွားတဲ့ သစ်ရွက်ကလေးပဲဖြစ်ချင်တယ် အမေ
လွှတ်ချ လိုက်ရမယ့် သရေကွင်းဟာ
ကျနော် မဖြစ်ပါရစေနဲ့ ။
မပူပါနဲ့ အမေ
ကျနော့်အပူ နှစ်ဆ
အမေ့ အပေါ်ပူနေမှာ
ကျနော် စိတ်ပူတယ် ။ ။
တမျိုးနီ
လက်ပံတောင်းကို ကတ်စရောင်းပဲ ရှင်းကြတာပေါ့  - ခေတ်ဆူး
"လက်ပံတောင်းကို
____________ ကတ်စရောင်းပဲ ရှင်းကြတာပေါ့ "
့မင်းသားခေါင်းတွေ..ကျွတ်ကျတဲ့အချိန်
ကျည်ဆံတစ်ထောင့်ဟာ..
သန်းခြောက်ဆယ်ရဲ့ နှလုံးအိမ်ကို
ဖောက်ဝင်သွားတယ်..
တချိန်လုံး...ငါတို့ချည်းခံရတယ်
စကားပြောရင်..လက်မပါနဲ့
ငါတို့အချင်းချင်း..အိုးမည်းသုတ်ပြီး
ပြန်ခွပ်ခိုင်းတယ်
စကားပြောရင် လက်မပါနဲ့
ကိုယ့်ထမင်းကိုယ်စားတာတောင်
ပါးရိုက်လိုက်လို့တဲ့
စကားပြောရင် လက်မပါနဲ့
ငါတို့ ဝေစုငါတို့ပြန်တောင်းတယ်
စကားပြောရင် လက်မပါနဲ့
ငါတို့ဧရာဝတီ...ငါတို့ပဲစီးဆင်းမယ်
စကားပြောရင် လက်မပါနဲ့
ငါတို့..ညီအစ်ကို အရေးငါတို့ပဲဖြေရှင်းမယ်
စကားပြောရင် လက်မပါနဲ့
လက်ပါတိုင်း ကောင်းတာမဟုတ်ဘူး
စကားပြောတိုင်း လက်ပါကြေးဆို
ငါတို့အားလုံးမှာလည်း..
"လက်"တွေရှိတယ်ဆိုတာ..ဘယ်တော့မှ
မမေ့နဲ့ ။
ခတ်ဆူး
Subscribe to:
Posts (Atom)





