Sunday, March 13, 2016

မြို့ထဲခေတ်ထဲအချစ်ထဲ နှင့် အချစ်ကဗျာ ၃ - ပုဒ်


မြို့ထဲခေတ်ထဲ အချစ်ထဲ  နှင့်

___________________________

အချစ် - ကဗျာ - ၃ - ပုဒ်

___________________________

တမျိုးနီ၊ သူအောင်လင်း၊ လင်းသက်ငြိမ်

=====================

မြို့ထဲ ခေတ်ထဲ အချစ်ထဲ

__________________   တမျိုးနီ


စကားလုံးတွေပဲ ပုံချ ထားတော့ ဘယ်သူမှ မကြည့်ဘူး
မြစ်ကိုစောင့်နေတဲ့ချောင်းလေးသာ ကောသွား
ကမ္ဘာကို စောင့်နေတဲ့ တိုက်အိမ်ကြီးတွေသာပြိုကျသွား
လမ်းဖြတ်ကူးမှုဟာ ခုထိ အသည်းတလှပ်လှပ် ။
ရင်ချင်းအပ်ထားတဲ့ချစ်သူဆိုတာကလည်း တိမ်နဲ့မတည့်လို့
တခြားကမ္ဘာမှာ သာမယ့်လ
ညကို အနက်ရောင်ဆိုးထားလို့ ငါတို့ကပဲလှော်ကြားဆားညှပ်ရတာပါ
ပုံပြင်လည်း ပြီးသွားရော
ဇင်ယော်တွေကို တောင်ပေါ်ပစ်တင်ထားလိုက်တယ်
နွေရာသီကို တံလျှပ်တွေထဲ ဖျောက်ထားလိုက်တယ်
မျက်လုံးတွေကို အိတ်ကပ်ထဲထည့်ထားလိုက်တယ်
အဲဒီလို  အစာအဆိပ်သင့်နေတဲ့ခေတ်ထဲ
အလွမ်းနဲ့အဆီရစ်နေတဲ့ငါက
အချစ်ကို အချစ်လို့ စာလုံးမပေါင်းတတ်တာ
မဆန်းဘူး ။     ။

တမျိုးနီ


___________________________

အချစ်

___________  သူအောင်လင်း


ကိန်းဂဏန်းတစ်ခုခုနဲ့
အကြိမ်ကြိမ်စားကြည့်တယ်
မပြတ်ဘူး ။      ။

သူအောင်လင်း


___________________________

အချစ်

___________ လင်းသက်ငြိမ်


ရန်ဖြစ်ပြီးပြန်ချစ်ရတာ
ဖာထားတ့ဲအက်ႌကိုဝတ္ရသလိုပါပဲ
တစ်ကယ်တော့ နားလည်မှုဆိုတာ
ပြိုင်တူစီးရမယ့်မြစ်ပဲ
ပင်လယ်ဆီ အတူချီတက်ကြမယ်  ။     ။

လင်းသက်ငြိမ်
_____________________

အချစ်

____________  လင်းသက်ငြိမ်


ပန်းအိုးထဲကပန်းကလေး
နေပူရင် ရွှေ့ရွှေ့ပေးရတော့
စင်ပေါ်ရောက်လိုက်စင်အောက်ရောက်လိုက်
ဂုဏ်သတ္တိကတော့ ဘယ်နေရာထားထား
ယုတ်လျော့မသွားခဲ့ဘူး ။

လင်းသက်ငြိမ်



Saturday, March 12, 2016

အဲ့ဒီအရာများ - လွင်နောင်နောင်



အဲ့ဒီအရာများ

________________________

အဲ့လိုမထင်ဘူးလေ
အဲ့လိုဖြစ်လာမှန်းမှ မသိတာ
အဲ့ဒါမျိုးက
အဲ့ဒီတုန်းကဖြစ်ပြီးသားပဲ
အဲ့ကောင်တွေဆင်တာသိပ်လှတယ်
အဲ့ကိစ္စတွေထားပါကွာ
အဲ့ဒါမျိုးဆိုကင်းကင်းရှင်းရှင်းနေတယ်
အဲ့လူက ထောင်ကျပြီးမှ အဲ့နေရာရတာ
အဲ့ဒါလား အံတိုနေပြီ
အဲ့ကောင်တွေအကျင့်မသိဘူးလား
အဲ့ဒီလူတွေက အကွက်တွေလှတယ်
အဲ့ဒါလား လှည့်နေတာ
အဲ့ဒီအရေးက အပေးအယူရှိပြီးသား
အဲ့ဒီဥပဒေဘယ်လိုရှင်းမှာလဲ
အဲ့ဒါတွေက မဟုတ်ပါဘူး
အဲ့ဒါ အကြည်ညိုပျက်အောင်ဖွတာပါ
အဲ့ဒါတစ်ကယ်ဖြစ်ခဲ့တာ
အဲ့ဒီတုန်းက ဘယ်လိုခံခဲ့ရသလဲ မမေ့နဲ့
အဲ့ဒီအတောအတွင်းလိမ္မာမှဖြစ်မှာ
အဲ့ဒီတော့ ဘယ်လမ်းသွားမှာလဲ
အဲ့ဒီကိစ္စကိုလက်ရှောင်နေတယ်
အဲ့ဒါမတရားဘူး
အဲ့လိုမဖြစ်ဖြစ်အောင်လုပ်ထားတာ
အဲ့ဒါတွေ ဘယ်လိုလုပ်မလဲကြည့်နေပါ
အဲ့ဒီ  စစ်ဖြစ်နေတာကြာပြီ
အဲ့ကောင်တွေကြောင့်
အဲ့လိုပြောပြောပြီး ညာနေတာဘယ်လောက်ကြာပြီလဲ
အဲ့ဒါ သွေးတိုးစမ်းနေတာ
အဲ့ကောင်တွေ မရှိမှအေးမှာ
အဲ့ဒီလိုပဲ ကျနော်တို့ပြောနေရတာနဲ့
အဲ့ဒီအရာက
အဲ့ဒီအတိုင်းပဲရှိတုန်း
အဲ့ဒီတော့
အဲ့ဒါ အံ့သြဖွယ်မကုန်။      ။
                         
 

လွင်နောင်နောင်

Friday, March 11, 2016

လှိုင်းစီးကြသူများ - Jonathan




လှိုင်းစီးကြသူများ

_________________________

လက်တစ်ကမ်းစာ
ဝေးကွာမှု စီးကြောင်းထဲ
သေမင်းဆိုတာ စုပ်ဝဲ … …

ကိလေသာ မျှားစာနောက်
ထိုး,ထိုး ဟပ်နေလိုက်ကြတာ
နစ်သထက်နစ်လာတဲ့ နွံအိုင်ထဲ
အမှောင်ဟာ … …
နက်သထက် နက်နေကြောင်း
မမြင်နိုင်ကြ  ။

မနက်ဖြန်မှ ကျွတ်တမ်းဝင်ချင်သူ
ဒီနေ့လည်း
တဏှာကျူး ကောင်းပါ့  ။             ။



Jonathan





ေ သာ် က - မောင်သက်ငြိမ်



ေ သာ် က

____________________________

လွန်လေပြီးသောနှစ်များက - -
စစ်ရှုံးသူမွန်မင်းသမီးတစ်ပါးဟာ - -သူ့အရိပ်တွေကို - -
မူလီတွေနဲ့အသေစုပ်ထားခဲ့တယ်။အဲဒီလို - -
သောက ဖန်တရာတေကြားထဲ - -
ငါတို့ဟာ ဓာတ်ခွဲခန်းထဲက
ယုန်ကလေးတွေ - - ပူးကလေးတွေ - -
ကြွက်ကလေးတွေလို - -မသေခင်
သေပျော်နေခဲ့ရပါပြီ။
အဲဒီလိုမြို့ကလေး| အဲဒီလိုမြစ်တစ်စင်း|အဲဒီလို
လီယိုနာဒိုနေထိုင်ရာအရပ်|အဲဒီလို
စစ်ပြေးဒုက္ခသည်တို့ရဲ့ပထမမြစ်ကျဉ်း|အဲဒီလို
အညွန့်မကျိုးသေးသောမီးတောက်|
ခပ်ကြောင်ကြောင်စစ်မင်းတစ်ယောက်ရဲ့
ကုက္ကိုဥမင်ဖျက်သိမ်းခန်းမှာ
အရိုးထဲထိစိမ့်ဝင်လာသောနာကျည်းချက်များ
အဲဒီလို - -သော်က  ။ဝဒါဟာ - - သော်က ။
ဒီလို - - အသေအချာစီရင်ထားတဲ့သော်က ။
ချစ်သူနှစ်ဦးအတူမဖူးရ
ဒဏ္ဍာရီ သော်က|
အတွတ်နဲ့မွှေးတို့ကျကွဲလွင့်ပြယ်
တိတ်တဆိတ်သော်က|
ဖုန်လှိုင်းတွေကြား
ဘွားကနဲ ပေါ်လာတဲ့လှည်းတန်းကြီး
ဇွန်ပန်းရုံအနီးလှည်းဘီးမကျွံစေရ
သံညှပ်မိ ဝါးခယ်မသားတွေရုန်းထွက်ကြ
ကြယ်တွေဟာ ကြယ်တွေအလျောက် လင်းလက်ကြ
မနေ့က - -သော်က။ဒီကနေ့ - -သော်က။
မနက်ဖြန် - -သော်က။
သံသရာအကြွေးတွေဖြတ်ကြ။


 မောင်သက်ငြိမ်



Thursday, March 10, 2016

ပ င် လ ယ် - အ နီ



ပ င် လ ယ်

____________________________

နောက်တစ်ခါပင်လယ်ဆီရောက်တဲ့အခါ
ရှင့်ကိုလုံးဝမေ့ပစ်တော့ဖို့ကတိကဝတ်ပြုမယ်။

နောက်တစ်ခါပင်လယ်ဆီရောက်တဲ့အခါ
ရှင့်ကိုလုံးဝမမြင်ချင်တော့ဘူးလို့အော်ပြောမယ်။

နောက်တစ်ခါပင်လယ်ဆီရောက်တဲ့အခါ
ရှင့်ကိုဘောက်ဖတ်တစ်ကောင်လိုတောက်ထုတ်ပစ်မယ်။

နောက်တစ်ခါပင်လယ်ဆီရောက်တဲ့အခါ
ရှင့်ကိုစက္ကူလှေလိုနှစ်မြုပ်ပစ်ခဲ့မယ်။

နောက်တစ်ခါပင်လယ်ဆီရောက်တဲ့အခါ
ရှင့်ကိုလူသေတစ်ကောင်လိုမျှောပစ်ခဲ့မယ်။

နောက်တစ်ခါပင်လယ်ဆီရောက်တဲ့အခါ

နောက်တစ်ခါပင်လယ်ဆီရောက်တဲ့အခါ

နောက်တစ်ခါပင်လယ်ဆီရောက်တဲ့အခါမှပါလေ … …

အ နီ

ပြည်သူ့သဘောထား - စိုးခိုင်ညိန်း



ပြည်သူ့သဘောထား

________________________________

ကျွန်တော်တို့
တစ်လက်မ မှ နောက်မဆုတ်နိုင်တော့ပါဘူး
နောက်ဆုတ်စရာ မြေမရှိတော့လို့ပါ၊၊

ကျွန်တော်တို့
အသက်ကိုပေးပါတယ်
ပေးစရာ အသက်ပဲရှိတော့လို့ပါ၊ ။          ။


 စိုးခိုင်ညိန်း 

(23, 12, 14)

Wednesday, March 9, 2016

ပြာလွင်တဲ့ မနက်ဖြန် - လင်းသက်ငြိမ်



ပြာလွင်တဲ့မနက်ဖြန်


လက်ချင်းမတွဲနိုင်သေးခင်
စိတ်ချင်းတွဲထားလိုက်တယ်   ။
သံစဉ်ညီတဲ့သီချင်းဟာ
အောင်မြင်ဖို့ ရာနူန်းများတယ်လို့
ငါတို့အတွေးကို သထားမယ်  ။
စကားလုံးကောင်းကောင်းတွေမလိုပါဘူး
မက်လုံးလှလှတွေမလိုပါဘူး
လူနှစ်ယောက်ရဲ့အချစ်က
ဘဝတစ်ခုကို ဖန်ဆင်းတယ်  ။
ကမ္ဘာဟာ ဘာတွေပဲဖြစ်နေနေ
ပိုကောင်းတဲ့မနက်ဖြန်အတွက်
မပျက်မကွက်မျှော်လင့်တုန်းပဲ
အကောင်းမြင်ဝါဒအတွက်
ချစ်မေတ္တာဟာ မရှိမဖြစ်မြေဆီမြေနှစ်ပေါ့
တစ်နေ့တော့ ပျော်ရွှင်ခြင်းပန်းတွေကို
သစ္စာတရားနဲ့ အတူတူ သီကုံးမယ်
သိပ်လှတဲ့ အိပ်မက်ဟာ
သိပ်လှတဲ့ ဘဝရဲ့လမ်းမတစ်ခုပါပဲ
ဝေးကွာခြင်းကို
အလွမ်းနဲ့ခြယ်သပြီးတဲ့အခါ
တိမ်ပြာပြာနေ့ကလေး ငုံဖူးနေတာ
ကြည့်တတ်ရင်မြင်ရပေလိမ့်မယ်။      ။      ။

လင်းသက်ငြိမ်


9.9.9.00 အမှတ်တရ