Monday, May 23, 2016

ဇရပ်​ကြီး - ကိုသားကြီး



📝 ဇ ရ ပ် ကြီး 📝 

___________________________

ဘာသာဗေဒ  ထက်
မျက်ဝန်း အပြုံးနဲ့
စကားလုံးတွေ ဖလှယ် ပေးတတ်တဲ့ မြို့။
ကွေ့ကောက်လမ်းကလေးရဲ့ အစွန်း  အရှေ့ဘက် တောင်တန်းတွေဆီက
ရိုးရာတေးသံကို နှလုံးအိမ်ထဲ  ထည့်
ကိုယ်ကျင့်တရား ဟာ
သဘာဝ အတိုင်း အသားအရည်လို  ဖြူတယ် ။

ဝတ်စုံ အနက်ထဲမှာ
ဝင်းမွတ်စင်ကြယ်တဲ့  သံယောဇဉ် တွေ
အပြည့်အဝ  ရှိတတ်တော့
တမြေထဲနေရင်း
သောက်သမျှ လည်း  တရေထဲ  ဖြစ်တဲ့
ချစ်ခြင်း တွေ   ကြောင့်
စည်းရုံးမှု ဟာနွေးနေတယ်။

ကာဗွန်လျော့ စိုက်ခင်း တွေ
ကြားကနေ  မြို့ငယ်လေး အဖြစ်
မောင်းတင်ထားပုံ က
ရိုးဂုဏ်နဲ့  တင့်တယ် နေ ပေါ့။

ဟေးးးမြို့လေး ဇရပ်ကြီး
ငါတို့ နှင်းယွန်းဇေတဝန် ကိုချစ်ကြမယ်။
ငါတို့  ရိုးမကို ချစ်ကြမယ်။
မြစ်စစ်တောင်းကို ချစ်ကြမယ်။
ရိုးရာဓလေ့တွေကို ချစ်ကြမယ်။
ဝဲတဲ့ စကားသံတွေကို ချစ်ကြမယ်။
မနက်ခင်းနေရောင်ကို ချစ်ကြမယ်။
ကျောင်းနေဖက်တွေကို ချစ်ကြမယ်။
အဝေးရောက် ဆက်သွယ်မှုတွေကို ချစ်ကြမယ်။

ကိုသားကြီး



်

Sunday, May 22, 2016

ဟာသ​မှာ အနာ​တွေမပါ​စေနဲ့ကိုယ့်​လူ - လင်းသက်​ငြိမ်



ဟာသမှာအနာတွေမပါစေနဲ့ကိုယ့်လူ


လိုနေတာရောင်းသူမဲ့ဈေးဆိုင်တွေ
မဟုတ်ဘူးဆိုတာသိသင့်တယ်
တစ်ရာတန်ပစ္စည်းဟာတစ်ရာတစ်ကယ်တန်ဖို့
အရေးကြီးပါတယ်
ပိုက်ဆံထိပ် အပ်ချည်ကြိုးသီပြီး
ကစားရမယ့် အရွယ်မဟုတ်တော့ဘူး
ဝလုံးလေးတွေကိုဖြည်းဖြည်းချင်း
ဝိုင်းခဲ့ကြရတယ်
မဟုတ်လား
အရပ်တွေလည်းဖြည်းဖြည်းချင်းရှည်လာခဲ့တာပဲ
မဟုတ်လား
ကိုယ်အကုန်ခံနိုင်တဲ့ငွေကြေးနဲ့
မည်းနေတဲ့မီးသွေးခဲတွေကို
ဘာလို့ တံတွေးထွေးမှာလဲ
စဉ်းစားပါ တွေးခေါ်ပါ စေတနာထားပါ
အလှူမှာထမင်းစားပြီးပုဆိုးနဲ့လက်သုတ်တာကို
ရယ်မောဖို့ကြိုးစားရင် ခင်ဗျားသုံးနေကျ
လက်သုတ်နဲ့ သူဝတ်ထားတဲ့အဝတ်အစားကို
ချိန်ထိုးကြည့်ပါလား
ကိုယ်အရပ်မြင့်တိုင်း ပုတဲ့လူတွေကို
ခေါင်းငုံ့ငုံ့ကြည့်တတ်တဲ့အကျင့်ကိုပြင်လို့ရရင်
ခင်ဗျားမြင်ချင်တဲ့လောကနဲ့
ခင်ဗျားအကြီးကြီးမဝေးတော့ပါ။

လင်းသက်ငြိမ်

သာဓုသုံးကြိမ်​ - ​မောင်​ကြူးရင့်



သာ ဓု သုံး ကြိ မ်


လွပ်လွတ်ရေး ရပြီးစ
ဒီမိုကရေစီ ခေတ်ဦး ကလေးဘဝတုန်းက
အဖေက ဘုန်းကြီးကျောင်းထွက်
အမေက သေစာရှင်စာတောင်မတတ်
ဖွတ်ကျောပြာစု ခရုဆံကျွတ်ဆင်းရဲပါတယ်
တပတ်မှာတခါလောက် အမေများ
ကြက်သားဟင်း ချက်ပြီဆိုရင်တော့
ဘာပြောကောင်းမလဲ အလွန်ပျော်
ခေါင်းမဖေါ်အောင်လွေးခဲ့တာကိုသတိရတယ်

ပစ္စုပ္ပန်တည့်တည့်
လတ်လတ်ဆတ်ဆတ် ဒီကနေ့မှာ
ပြည်သူလူထုခေါ်ခေါ်
နိုင်ငံသူ နိုင်ငံသားခေါ်ခေါ် ရပါတယ်
ရက် တရာဖြစ်ဖြစ် ရက်တထောင်ဖြစ်ဖြစ် ရပါတယ်
အိမ်တိုင်း အိမ်တိုင်းထမင်းဝိုင်းကလေးတွေ
မြိုးမြိုးမြက်မြက် မြိန်ရေရှက်ရေ ဝဝလင်လင်
ပျော်ပျော်ရွှင်ရွှင် အေးအေးလူလူ စားနို​င်ဖို့
ဒါကဘာ အရေးကြီးလို့လဲ
သခွပ်ပင်က မီးတကျီကျီ ပြောလည်းရပါတယ်
ခုရေတွင်းတူး ခုရေကြည်သောက်လို့
ရပါ့မလားပြောလည်းရပါတယ်
ဆန် ဆီ ဆား ကြက်သား ဝက်သား ငါး
ရွှေပဲသီး ငွေပဲသီး ရွှေကစွန်း ငွေကစွန်း
မီးဖိုချောင်သုံပစ္စည်းကလေးတွေသာ
ထက်ဝက် ကျော်ကျော်သာကျအောင်
စာတတ်ပေတတ် အစိုးရမင်းများက
ဆောင်ရွက်ပေးတော်မူကြပါ
သာဓုသုံးကြိမ်ခေါ်မေတ္တာပို့အိပ်ပါ့မယ်။         ။

                   မောင်ကြူးရင့်

                   ၂၂့  ၅့  ၂၀၁၆

Thursday, May 19, 2016

ချဉ်​ခြင်း _ တင်​လတ်​ကို




🎻 ချ ဉ် ခြ င်း 🎻
_______________ တ င် လ တ် ကို

ဗိုက်ဆာရင်
အိပ်မပျော်ဘူး။

ဘယ့်နှယ်
အစာအိမ်က မိုးပေါ်ရောက်နေရတာတုန်း။

ကြက်ဥပြုတ်တလုံး
ဒါမှမဟုတ်
ကြိမ်ဒဏ်တချက် ။

ဘယ်သူမှ
တယောမထိုးဘူး  ။     ။

တင်လတ်ကို

Painting art __________
‘More’, 30″ X 40″, oil on canvas
https://graphicanthropology.wordpress.com/category/oil-painting/page/2/

အိပ်​မက်​မြို့​တော်​ - ညီဆူးသစ်




အိပ်မက်မြို့တော်

_______________

ငါ နေရာယူနေတုန်းမှာ
မင်းဟာ အသင့်ရောက်ရှိလို့ နေရှာပေါ့
မှုန်နေအောင် ငေးရတယ်
မျက်လုံး မှိတ်ခါနီးမှ အတင်းတိုးကပ်လာတယ်
ဝါးနေအောင် မက်ရရှာပြန်ပေါ့
မင်း နဲ့ ငါ
ညရေးညတာမှာ အိပ်မက်ထဲက
စာတန်းလေးပေါ် ခိုစီးလို့
ဒန်းကလေးလို။

ညီဆူးသစ် 

15-5-2016

Tuesday, May 17, 2016

​ေ တ ာ - တမ်ိဳးနီ


ေ တ ာ

 __________________

ကင်မရာတွေက လူကို လှည့်ပြီး
လူဟာ ကမ္ဘာကြီးအစား လည်နေတယ်။
တွင်းထဲကျသွားတဲ့အသံကမှ ပြန်ရသေးတယ်
စိတ်ထဲက အန်ဖတ်ဟာ အနာဖေးအထပ်ထပ်
မပြတ်တော့ဘူး။
ရိုးသားသူတို့ အော်သံကို
အမှန်တရားက see first လုပ်မထားတော့
ခေါင်းငုံ့ နေသူတွေမှာဒဏ်ရာ ရတယ်။
ခုဆို
အကျယ်လောင်ဆုံးအသံတွေကို အကျယ်ချဲ့မထားတော့ဘူး။
ကမ ၻာဟာ
လူ့အခွံတွေကြား ချာချာလည် ။        ။

တမျိုးနီ

Sunday, May 15, 2016

အံဩဖွယ်​ရာများ - ​အောင်​ကိုကိုလတ်​ - တမူး



အံ့သြဖွယ်ရာများ

___________________________

သော့ခတ်ထားတဲ့စာအုပ်စင်ထဲမှာ
မီးသတ်ကားတွေဥသြဆွဲနေတယ်

နိုင်ငံပိုင်ပန်းခြံရှေ့မှာ
ပြည်သူပိုင်အမှိုက်ကားဟာရပ်စောင့်နေတယ်

နိုင်ငံတော်ရန်ပုံငွေပွဲမှာ
စိတ်ကြွရူးသွပ်ဆေးပြားတွေရှေ့ဆုံးကထွက်လာတယ်

လိုင်စင်မရှိတဲ့ကားက
မှတ်ပုံတင်မရှိတဲ့လူကိုတိုက်သွားတဲ့သတင်း
ကြားရပြီးတဲ့နောက်မှာ...။

အောင်ကိုကိုလတ်(တမူး)


photo ;
http://www.beautonart.com/painting-untitled-no-2-marianne-harton