Thursday, May 16, 2013
Tuesday, May 14, 2013
စက်ပိတ်ထားပါတယ်ဆို ၊ ဆက်တိုက် . . ဆက်နေမိတယ် ။ ရန်လင်းအောင်
စက်ပိတ်ထားပါတယ်ဆို
ဆက်တိုက်
ဆက်နေမိတယ်
အလွမ်းကလွဲပြီး
အရပ်မျက်နှာတွေ သေကုန်ကြပြီလား ။
တော်ကြာ ဘုရားသခင်နဲ့တွေ့
တော်ကြာ အရူးနဲတွေ့
မမြင်ရတဲ့ အဓိပ္ပါယ်ကိုမှ
အသက်ကဆက်မိတယ်။
အဆက်ကို စပ်ထားတဲ့
ဒဏ်ရာ ...........
ကြယ်တစ်ပွင့် ပွင့်တိုင်း
ကမ်းပြိုသံ နောက်ခံဒီဇိုင်းနဲ့ ...၊
ရည်ရွယ်ရာ ကင်းမဲ့ဇုန်မှာ
လွတ်လွတ်ကျွတ်ကျွတ်
အေးစက်တောင့်ခဲလို့ ။
ဒီသွေးခုန်နှုန်းနဲ့ အနီးတ၀ိုက်မှာ
ဘယ်သောအခါမှ
မပေါက်ကြားတော့မဲ့သတင်းနဲ့
ပေါက်ကွဲသံများ .............
အဓိပ္ပါယ်က သူ့စကားချည့်ပဲ
ဝင်ပြောတဲ့သူ
လဲသေလိုက် ။ ။
ရန်လင်းအောင်
11.5.2013
Monday, May 13, 2013
Sunday, May 5, 2013
Saturday, May 4, 2013
အတက်နေ့ ညနေ ရန်လင်းအောင်
အတက်နေ့ ညနေ
ရွှဲရွှဲစိုနေတဲ့
တစ်ကိုယ်လုံး အားရပါးရ
လိမ်ကျစ်ပြီး ညှစ်ချလိုက်တယ် ။
မတော်မတည့်တာတွေ
ဘယ်လောက်များ ပြောင်စင်သွားမလဲလို့ ။
နောက်ရက်များမတော့
မိုးရွာဦးမယ်ဆိုပါစို့
ပိတောက်ပန်းတွေ ပွင့်ကြပေဦးမယ်လို့
သေချာပေါက် ထင်ကိုထင်မိပါသေးတယ် ။
ခုတော့ . . . . . .
တစ်ခုခု မေ့ကျန်ခဲ့တဲ့ ခံစားမှုဗေဒဟာ
နေရောင်ဖျိုးဖျ
စိုစိစိ လမ်းသွယ်လေးထဲ
ကိုယ်ဖေါ့ သွားသလိုလို
ကိုယ်ပေါ့ သွားသလိုလို
အမှုမဲ့ အမှတ်မဲ့ယောင်ဆောင်ထားလိုက်တော့တယ် ။ ။
၁၆၄၂၀၁၃
၂၀၁၃ ခုနှစ် ၊ သင်္ကြန် အမှတ်တရ ။ ရေးဖွဲ့ပါတယ် ။ရန်လင်းအောင် ရဲ့  (တစ္ဆေ) ကဗျာ
တစ္ဆေ
နေ့ဟောင်းရက်ကြွေလေးတစ်ရွက်
ဒီကနေ့ အိပ်မက်ထဲ
သစ်ရွက်အသေအားလုံး
အားကုန်ရုန်းထ
သံပြိုင်ဆိုတေး
သီကြွေးနိုင်လောက်အောင်
သူ့အရှိ ခဏတာ
ကိုယ့်အသိမှာ သစ်လွင်ရိပ်ဆင်
ကိုယ်ယောင်ထင်ရှား
တစ်ဘ၀စာမက
အားစွမ်းပြနိုင်ခဲ့လေတယ် ။
။
ရန်လင်းအောင်
Subscribe to:
Posts (Atom)






