Tuesday, December 3, 2013

ေ လ း ကၽြ န္ း ေ ျမ - ဓ မၼ စ ာ ေ ပ

ေ လ းကၽြ န္ း ေ ျမ ၊  တ ရ ာ း စ ာ ေ ပ

ေ လ း ကၽြ န္ း ေ ျမ - တ ရ ား စ ာ ေ ပ ။


လောကဓါတ် အစပြုရာ
မှတ်သားလေ့လာ အဂ္ဂညဒေသနာ

ကမ္ဘာဦးက လူများဟာ ဗြဟ္မာဘ၀ ကနေ ဘွားခနဲလူဖြစ်လာကြတယ် လို့ ဆိုတယ်။ ဒါဆို ဘာဖြစ်လို့ မြေကြီးထဲက ရုပ်ကြွင်းတွေဟာ ဒါဝင်ရဲ့ အီဗော်လူးရှင်း သီအိုရီကို အများအားဖြင့် ထောက်ခံပြီး ယနေ့လူသားပုံအရုပ်မတွေ့ရတာလဲ???

ဗုဒ္ဓမြတ်စွာ ဒေသနာတွင် ကမ္ဘာဦး (လောကဓါတ် အစပြုရာ) အကြောင်းကို သုတ္တန်ပိဋကတ် ဒီဃနိကာယ် ပါထိက၀ဂ် အဂ္ဂညသုတ်၌ ဟောတော်မူထားသည်ဖြစ်ရာ ထိုသုတ္တန် ကို လေ့လာကြရပေမည်။
ထို၌ ' ပုဏ္ဏားမျိုးမှ ရဟန်းပြုလာသူ ၂ ဦးအား ပုဏ္ဏားတို့က မိမိတို့အမျိုးသာမြတ်ကြောင်း ကျန်အမျိုးများမှာယုတ်ကြောင်း စသည်ဖြင့် ဆဲရေး၏။ မြတ်စွာဘုရားက မြတ်ခြင်း ယုတ်ခြင်းသည် အမျိုးနွယ်ဇာတ်နှင့်မဆိုင် ကျင့်သုံးထားသောတရား သိမြင်ထားသောတရားတို့နှင့်သာ သက်ဆိုင်ကြောင်း ရှင်းပြတော်မူပြီး ရဟန်းတို့သည် တရားကိုမှီ၍ သာကီဝင်မင်းသား ဘုရားသားတော်ဖြစ်ကြောင်း မိန့်တော်မူ၏။ ထို့နောက် အကြောင်းအားလျော်သည်ဖြစ်၍ ကမ္ဘာလောကဓါတ်အစ ကို ဟောတော်မူလေ၏။'

မြတ်စွာဘုရားဟောတော်မူသည်မှာ -
‘‘ဟောတိ ခေါ သော, ဝါသေဋ္ဌ, သမယော ယံ ကဒါစိ ကရဟစိ ဒီဃဿ အဒ္ဓုနော အစ္စယေန အယံ လောကော ဝိဝဋ္ဋတိ။ ဝိဝဋ္ဋမာနေ လောကေ ယေဘုယျေန သတ္တာ အာဘဿရကာယာ စဝိတွာ ဣတ္ထတ္တံ အာဂစ္ဆန္တိ။ တေဓ ဟောန္တိ မနောမယာ ပီတိဘက္ခာ သယံပဘာ အန္တလိက္ခစရာ သုဘဋ္ဌာယိနော စိရံ ဒီဃမဒ္ဓါနံ တိဋ္ဌန္တိ။ (အဂ္ဂည ၁၁၉)'
'ကာလကြာရှည်သော် လောကဓါတ်သည်ပျက်၏။ ထိုအခါ သတ္တ၀ါတို့သည် အများအားဖြင့် အာဘဿရဘုံ၌ ဖြစ်ကုန်၏။ ကာလကြာသော် လောကဓါတ်တည်ပြန်၏။ ထိုအခါ သတ္တ၀ါတို့သည် အာဘဿရဘုံမှ စုတေ၍ ဤလောကဓါတ်အသစ်သို့ ရောက်လာကြ၏။.....' စသည်ဖြင့် ဟောကြားတော်မူခဲ့ပါသည်။ ထို၌ သတိပြုဖွယ်မှာ အာဘဿရဘုံမှ စုတေလာသော သူများကို ' ရှေးဟောင်းလူသား မူလ မနုဿာ/ ပေါရာဏ မနုဿာ' ဟုဟောတော်မမူပဲ 'သတ္တာ / သတ္တဿ' ဟူ၍ ယေဘူယျသဘောအားဖြင့် 'ထင်ရှားဖြစ်လာသော သက်ရှိ' ဟုသာ ဟောပြောထားပါသည်။ (မှတ်ချက်။ ဒါဝင်၏ သီအိုရီကို အမှားအမှန် စိစစ်နေသည်မဟုတ်ပါ။ ဒါဝင် အီဗော်လူးရှင်း သီအိုရီကလည်း သက်ရှိအစကို ဖော်ပြခြင်းမဟုတ် သက်ရှိများ ပတ်ဝန်းကျင်နှင့် ဆက်စပ်၍ အဆင့်ဆင့် ပြောင်းလည်းပုံကို ဖော်ပြသည်ဟု ဆို၏)

ကမ္ဘာဦး၌ နေလနက္ခတ်များမရှိ ထိုသူများတောင့်တမှသာ ဖြစ်လာသည် ဟူသော မိန့်ကြားချက် ကို ဘာသာခြားများက ရယ်ဖွယ်လုပ်နေကြသည်။ အမှန်မှာ ထိုသို့ နေလနက္ခတ်များမရှိကြောင်း မိန့်ကြားချက် တစ်ချက်ပင်မရှိချေ။ မြတ်စွာဘုရားဟောတော်မူသည်မှာ-
၁၂၀။ ‘‘ဧကောဒကီဘူတံ ခေါ ပန, ဝါသေဋ္ဌ, တေန သမယေန ဟောတိ အန္ဓကာရော အန္ဓကာရတိမိသာ။ န စန္ဒိမသူရိယာ ပညာယန္တိ, န နက္ခတ္တာနိ တာရကရူပါနိ ပညာယန္တိ, န ရတ္တိန္ဒိဝါ ပညာယန္တိ, န မာသဍ္ဎမာသာ ပညာယန္တိ, န ဥတုသံဝစ္ဆရာ ပညာယန္တိ, န ဣတ္ထိပုမာ ပညာယန္တိ, သတ္တာ သတ္တာတွေဝ သင်္ချံ ဂစ္ဆန္တိ။ ''
'ထို (ကမ္ဘာဦး) အခါ၌ ရေပြင်ကျယ်ကြီးသာရှိ၏။ မမြင်နိုင်လောက်အောင် မှောင်၏။ အလွန်မှောင်၏။ လနေတို့သည် ထင်ထင်ရှားရှားမရှိ။............' စသည်ဖြင့်သာ ဟောထားပါသည်။ 'န စန္ဒိမသူရိယာ ပညာယန္တိ = စန္ဒိမသူရိယာ၊ လနေ တို့သည်။ န ပညာယန္တိ၊ ထင်ထင်ရှားရှားမရှိ။' ဟူသော ဗုဒ္ဓ၀စနသည် ' နတ္ထိ စန္ဒိမသူရိယာ၊ လနေ တို့ လုံးဝမရှိ' ဟူသော စကားနှင့် လားလားမျှ တူညီခြင်းမရှိပေ။ ထို့အတူ 'သတ္တာ သတ္တာတွေဝ သင်္ချံ ဂစ္ဆန္တိ၊ သက်ရှိတို့သည် သက်ရှိဟု ခေါ်ဝေါ်ရေတွက်ခြင်းသို့ သာ ရောက်ကုန်၏' ဟူသည့် ဗုဒ္ဓ၀စနကလည်း သိပ္ပံပညာရှင်တို့ ခန့်မှန်းထားသည်နှင့် ဆန့်ကျင်ခြင်းမရှိပါပေ။ကနဦးအစ သက်ရှိ ဖြစ်လာခြင်း အကြောင်း သိပ္ပံပညာရှင်များ၏ ခန့်မှန်းချက်များမှာ စာရှည်မည်ငဲ့၍ မဖော်ပြလိုတော့။ (မှတ်ချက်။ သိပ္ပံပညာကို မှန်မမှန် ဝေဖန်ခြင်းမဟုတ်သလို ဗုဒ္ဓဒေသနာကို သိပ္ပံပညာနှင့် လိုက်ညှိနေခြင်းလည်းမဟုတ်။ ဆဋ္ဌမူပါဠိတော်အတိုင်း အနက်ပြန်လေ့လာခြင်းသာဖြစ်သည်)

Saturday, November 30, 2013

နွေဦး ၊ written by ; မောင်သော်တာ

နွေဦး
            written by  ; မောင်သော်တာ

*ေ နွ ဦး *ေ မာ င်ေ သာ် တာ


နွေဦး

မီးခိုးငွေ့လား ယမ်းငွေ့လား
မြို့တွေရွာတွေ ကျီးလန့်စာစား
ချိုးကူသံလေးပျောက်ဆုံးသွား   

                    မောင်သော်တာ


Friday, November 29, 2013

တိ မ် စွ န်ေ လ ၊ written by ; မင်းညွန့်လှိုင် ။


တိ မ် စွ န်ေ လ ၊ မ င်း ညွန့် လှို င်  ။



တိမ်စွန်လေ

ပြိုအံ့မူးမူးတိမ်မည်းညို
လေညင်းတစလိုတယ်။

နောက်ဆုံးကောက်ရိုးမျှင်
ကုလားအုတ်ကျောရိုးကိုချိုးပစ်သတဲ့။

လေညင်းကိုကိုက်ချီလာခဲ့မယ်
ကောက်ရိုးတစ်မျှင်ကူသယ်ပါရစေ။        

မင်းညွန့်လှိုင်

Wednesday, November 27, 2013

က မ်း လွ န်ေ လ ထဲ မှာ ( ၅ ) ......

အ ဖျ င်း အေ မှာ် များ ၊ေ မာ င် နီ မွ န် ။

အဖျဉ်းအမှော်များ

အသံထွက်တယ်
အဓိပ္ပါယ် သူသယ်ယူမလာဘူး ၊

သူ့အဓိပ္ပါယ်  သူထမ်းလာနိုင်ရဲ့
အသံ  မအောင်ရှာဘူး . . . . . . ။

နယ်ဖတ်ပြီးစ  စကားလုံးပုံ
စိတ်ကုန်ရမလို
စုတ်သပ်ရမလို
ဒါတောင်  ဖုန်၊ သဲ၊ ခဲ  မဖြတ်ရသေး . . .။

လွမ်းလိုက်ပါရဲ့
စိတ်ကူးတွေ  မြားမှန်ခဲ့ပြီ . . . . . .။         

        မောင်နီမွန်
            (၂၀၊ ၂၊ ၂၀၀၄)

ပ တ် ၀ န်း ကျ င်၊ သ န်း ေ ဆြ မို း (က ေ လ ာ )


ပတ်ဝန်းကျင်

ငါ . . .  ဘာမှဟုတ်
ငါ . . .  ဘာမှမလုပ်
ငါ . . . ငုတ်တုတ်
ဒါကို . . တိုက်မယ့်ခလုတ်တဲ့
သိပ်ဟုတ်တဲ့ လူတွေ . . . . . ။

                       သန်းဆွေမိုး 
                       (ကလော)


က မ်း လွ န်ေ လ ထဲ မှာ .......... (၄)

ရ  န် ကု န် နံ နက် ခ င်း၊ မ င်း ညွ န် လှို င် ။

ရ န် ကု န် မ နက် ခ င်း


ခိုတွေ ကျီးကန်းတွေမျက်လုံးမပွင့်ခင်
ရေညှိတက်အရေပြားကွာ
နံရံအိုနွမ်းနွမ်းကြီးတွေပေါ်က
သံချေးတက်သံပန်းစွပ်
ပြတင်းပေါက်ဟောက်ပက်တွေမှာ
အိပ်ရေးမဝတဲ့မိန်းမကိုယ်တစ်ပိုင်းတွေ
ပေါ်လာလိုက် ကွယ်သွားလိုက်နဲ့
မနက်ခင်းကို
တလှုပ်လှုပ်နှိုးနေလေရဲ့ ။

မကြာပါဘူး
နေရောင်လုတိုက်မြင့်မြင့်ကြီးတွေ
သွားတိုက်ဆေးလိုညှစ်ထုတ်လိုက်တော့
မြို့တော်သူမြို့တော်သားတွေ
လမ်းတွေထဲကိုပန်းထွက်လာပါရော
ချောက်ကမ်းပါးထဲကပုရွက်ဆိတ်တွေ။       ။
                              
                                        မ င်း ညွ န့် လှို င်

ဟာ စ ရီ ပါး လို ငါ့  အ စ် ကို ၊ေ အာ င် လွ န်း မြို င် ။

 
ဟာစရီပါး လို ငါ့အစ်ကို

ဟာစရီပါးကလံချားဆွဲတယ်
ငါ့အစ်ကိုကဆိုက်ကားနင်းတယ်၊ ဒါပဲကွာတယ်
အသားကမည်းမည်း၊ မျက်လုံးက ပြူးပြူးလက်ပြင်ကုန်းကုန်း
ခြေသလုံး ကျူတံရိုးနဲ့ ငါ့အစ်ကိုမှာ
အာလောကလိုဇနီးတစ်ယောက်
မာနူးနဲ့ ရှမ်ဘူးလိုသားနှစ်ယောက်လည်းရှိရဲ့ ။

အသက်လေးဆယ်ကျော်မှာနား က လည်းလေးသေး
ရှေ့သွားတွေလည်းကျိုးလို့၊ ကျန်းမာရေးက ချူချာ
သုခမြို့တော်ထဲကရပ်ကွက်နဲ့တူတဲ့
ရခိုင်စုရပ်က ပြွတ်သိပ်တဲ့ အိမ်တစ်အိမ်ဘေးအဖီဆွဲ
ဝပ်ကျင်းဖွဲ့
မနက်လင်းတာနဲ့ သူ့ဆိုက်ကားပေါ်တက် ဂိတ်ထိုး
ရာဟောင်ဘူတာလိုဘူတာကိုလည်းနင်းပို့ရ
ဘရာဘဇေးဈေးလိုဈေးကိုရောက်ရ
ဆေးစပ်ဖိုကြီးတွေ ထမ်းတင်ပြီး
လက်ကိုင်ကိုလက်နှစ်ဖက်ထောက် အားကုန်မတ်ရပ်နင်း
ဆေးလိပ်ခုံတွေကိုလည်းလိုက်ပို့ရရဲ့ ။
အမျိုးမျိုးသောအထွေထွေ ခရီးသည်ကို
လိုရာအရောက်ပို့ပေးရတဲ့ ဟာစရီပါးလို ငါ့အစ်ကို . . . . .။
ဟာစရီပါးရဲ့လံချားလိုပါပဲ၊ ငါ့အစ်ကိုရဲ့ ဆိုက်ကားဟာ
ဘဲလ်မှအပအကုန်မြည်ဆိုတဲ့ ဆိုက်ကားအိုလေး
သူ့မိသားစုပါးစပ်ပေါက်တွေအတွက် ရုန်းရ
အမြဲတမ်းအဆင်ပြေတယ်ရယ်လို့ မကြားမိဘူး ။

က မ်း လွ န် လေ ထဲ မှာ ......... (၃)

က မ်း လွ န် လေ ၊ ရှေ့ မျ က် နှာ ဖုံး

ဝိ ညာ ဉ် မဲ့ သွား တဲ့ ရွှေေ သ န တ် ၊ေ အာ င် ဘ ညို ။
က မ်း လွ  န် ေ လ ၊ ေ န ာ က္ ေ က ် ာ ဖံ ု း ။



က မ်း လွ န်ေ လ ထဲ မှာ ........ (၂)

လူ ကု န်  ၊ေ မာ င်ေ သာ် တာ



 
လူကုန်

လုပ်အားခမက်လုံးက
ဈေးကွက်ထဲငါတို့ကို
မောင်းသွင်းချလိုက်တယ် ။

အပေါ်လမ်းလည်း
ဖက်မတက်နိုင် ။
အောက်လမ်းမှာလည်း
ဂျွမ်းပြန်ကျ ။

ငါ့ ကိုယ် ငါပြန်ဝယ်
မရွေးနိုင် ။

                                              မောင်သော်တာ
             က မ်း လွ န်ေ လ  ကဗျာ မဂ္ဂဇင်း ၊ ၂၀၁၃ ။