Monday, July 28, 2014

ထ င် တ စ် လုံး က မ္ဘာ ၊ ရ န် လ င်းေ အာ င်

ထ င် တ စ် လုံး က မ္ဘာ                                ရ န် လ  င်းေ အာ င်

ထ င် တ စ် လုံး က မ္ဘာ
                                     ရန်လင်းအောင် 

ပြီးခဲ့တဲ့
အနာဂတ်ထဲက
ဆွဲဆောင်မှုအပြည့်နဲ့ ငါ့ ကမ္ဘာ
မှတ်ဉာဏ် နည်းလွန်းပေရဲ့။
ပုံမှန်အတိုင်း
တရားဟာ
စကားထဲ သိမ်သိမ်ငယ်ငယ်။
ငါထင်တာထက်ပိုကြပ်ညှပ်ပြီး
ငါ ထင်တာထက်
ဘောင်ဘင်ပိုခတ်တဲ့ကမ္ဘာ
ငါထင်တာထက် ပိုအစေးကပ်ပြီး
ငါထင်တာထက် ခွာပိုပြဲ တဲ့ကမ္ဘာ
ငါထင်တာထက် ရိုးအလွန်းပြီး
ငါထင်တာထက် ကလိမ်ပိုကျတဲ့ကမ္ဘာ
ငါထင်တာထက်ပိုပြီး ရေငုံနူတ်ပိတ်လို့
ငါထင်တာထက် အပေါက်အစပ်ပိုများလွန်းတဲ့ ကမ္ဘာ
ငါထင်တာထက် ပိုတုပ်နှောင်ပြီး
ငါထက်တာထက် တစိမ်းပိုဆန်တဲ့ကမ္ဘာ
ငါထင်တာထက် ဆောင်းညတွေပိုရှည်လျားပြီး
ငါထင်တာထက် နေ့တာတွေပိုတိုလွန်းတဲ့ကမ္ဘာ
ခလုတ်မထိဆူးမငြိတဲ့လမ်းဟာ
တကယ့်ရူးသွပ်သူပဲ။
ဟော့ဒီကမ္ဘာကြီး
လုံးဝန်းလှပနေတာ
မျဉ်းကွေးမျဉ်းကောက်တွေနဲ့
ရေးဆွဲထားလို့ပေါ့ကွာ။
                                             ရန်လင်းအောင်

မျ က် မှ န် ကိ စ္စ - ရ န် လ င်းေ အာ င်

 

 

မျက်မှန်ကိစ္စ

_________          ရန်လင်းအောင်

တချို့ က အဝိုင်း တချို့လေးထောင့်
တချို့ဖန်စီ တချို့ မျက်ကပ်
အလီလီအစားစား
ပုံသဏ္ဍာန်နဲ့စကားပြောနေတဲ့
မျက်မှန်တွေ
ပါဝါများများ ပါးပါး
တချို့ပုလင်းဖင်လိုအထူစား
ဒီဂရီနိမ့်မြင့်တွေနဲ့ စကာပြောနေတဲ့
မျက်မှန်တွေ . . .

မင်းနဲ့ ငါကြား မှန်တစ်ချပ်လည်းခြားနေရဲ့
ဒီဂရီပါဝါများလည်းခြားနေရဲ့
လိုတိုးပိုလျှော့မချိန်ဆမိရင်
မှုန်ရီဝိုးတဝါး
ကမ္ဘာဘယ်နှစ်ခုခြားနေဦးမလဲ
ဒီဂရီအနည်းအများ ချိန်ညှိကစားမှ
မင်းကို ငါပီပြင် ငါ မင်းကို ကြည်လင်
ဟုတ်တော့ဟုတ်သလိုပင်
မူရင်းအတိုင်းဟုတ်မဟုတ်တော့
ဘယ်ပြောနိုင်မလဲ ။

ခက်တာက
ကိုယ့်အကြိုက်ကိုယ်တပ်ရမလား
ကိုယ်လိုက်တာတပ်ရမလား
ရွေးရချယ်ရ မျက်မှန်ကိစ္စ
ခက်တာက
မျက်မှန်ပျောက်ရှာဖို့
မျက်မှန်လိုလိုနေတဲ့ ကိစ္စ
ပိုခက်တာက
ကိုယ့်မျက်လုံးကိုယ် တော်တည့်မှန်ကန်
ပြန်မြင်ရမယ့် မျက်မှန်တစ်လက်
ရှာဖို့ကိစ္စ
တွေ့ဖို့ကိစ္စ
ခက်တော့ခက်နေပါပြီ
ဒီမျက်မှန်ကိစ္စ             ။             ။

                              ရန်လင်းအောင်

Sunday, July 27, 2014

ေ အာ် သံ . . . မ င်း ညွ န့် လှို င်

ေ အာ် သံ ၊                                      မ င်း ညွ န့် လှို င်
ံ

 ''ေ အာ် သံ . . . . .''

___________________
                             မင်းညွန့်လှိုင်


တင်ထားလိုက်တဲ့မုန့်ထုပ်တွေက
တလုံးတခဲကြီး
မုန့်လုံးကြီးလိမ့်နေသလိုလို
စက်ဘီးနင်းနေသူကိုမှမမြင်ရ။
ဘတ်စ်ကားသေးသေးလေးကို
အုံခဲနေတဲ့လူတွေကတထွေးကြီး
လူအထုံးအထွေးကြီးပြေးလွှားနေသလိုလို။

ပလက်ဖောင်းတလျှောက်
အရောင်စုံအသံစုံအနံ့အသက်စုံ
ငါသူတပါး ယောက်ျားမိန်းမ မကွဲပြား
ပူလောင်ခြင်းသာ ထင်ရှားတဲ့အမှတ်အသား
အပူစီးကြောင်းကြီးရွေ့လျားနေပါလား။

အထပ်မြင့်အဆောက်အဦကြီးတွေက
ဘယ်လိုသက်ရှိမျိုးတွေသိုလှောင်ထားပါလိမ့်
ကတ္တရာလမ်းချောက်နက်နက်ထဲ
ပုရွက်တစ်ကောင်လိုငါတွေးခေါ်မိ
ဖန်ရောင်မှန်ရောင် သတ္တုရောင်တဖျတ်ဖျတ်မှာ
လူရိပ်လူယောင်မှမမြင်ရပါလား ။

သံပန်းတံခါးတထပ်
သစ်သားတံခါးရွက်တထပ်
ချောင်းကြည့်ပေါက်ပိစိလေးရဲ့တဖက်မှာ
ငါရှာဖွေနေတဲ့
မျက်ဝန်းလှလှရှိဖို့မသေချာ။

လွမ်းမောဘွယ်တက္ကသိုလ်ညများရဲ့
ပုံပြင်တွေထဲကသရဲတစ္ဆေမှာ
မျက်နှာမပါသလိုမျိုး
ဒီမြို့ကြီးမှာ
ငါသိထားတဲ့မျက်နှာတွေ
ဘယ်ရောက်နေကြပါလိမ့်။

မြို့ကြီးမျက်မည်းထဲ
လူပျောက်နေတယ်
လူပျောက်နေတယ်
လူပျောက်နေပါတယ်ဗျို့
ငါ့အော်သံလည်း
မျက်ကလဲဆန်ပျာ
မျက်စိမျက်နှာပျက်နေပါရောလား ။      ။
                               
                                                       မင်းညွန့်လှိုင်

တစ်ကိုယ်တော်ရွက်လွှင့်ရတဲ့အရသာ ။မောင်သော်တာ

တစ်ကိုယ်တော်ရွက်လွှင့်ရတဲ့အရသာ
                   မောင်သော်တာ

သိပ္ပံဝတ္ထုနယ်ထဲကိုနယ်ကျွံရေးသားထားသလား
အောင်းမေ့ရတယ်
လမ်းမပေါ်မှာ
ကားအင်္ဂျင်ကထုတ်လွှတ်တဲ့မီးခိုးတွေ
လေဆိုးထုတ်ပန်ကာတွေ
စုတ်စုတ်လန်ကိုယ်ရည်သွေးမှုတွေ
တက္ကသိုလ်အချိန်ပိုင်းကျူရှင်ကြော်ငြာတွေ
မှတ်တိုင်မှာသွေးတောင့်အောင်ရပ်နေတဲ့ခြေထောက်တွေ
ဗုံးပေါလအော---
လူ့ဘဝနဲ့ဆိုင်တဲ့
အစွန်းရောက်ဝါဒီရဲ့အစွန်းရောက်ဝါဒ
တွင်းတူးစက်ကို
မြင်ကွင်းရောင်စုံနဲ့ခင်းကျင်းပြသထားသလို
နောင်ကြဉ်အောင်သတိပေးခံနေရတယ်--ငါ့မှာ
ကိုယ်ဟာ လက်စ'တုံး ပါးကွက်သား
သေတမ်းစာအတည်ပြုပေးရသူ
ဥာဏ်အလေ့အကျင့် မှတစ်ပါး
တကယ့်ကိုခြေကုန်လက်ပန်းကျနေပါပြီ
ခွင့်လွှတ်ပေးနိုင်လောက်တဲ့ဆင်ခြေတွေလည်း
ကားလိပ်နောက်ကိုဝင်သွားနှင့်ပြီ
'တပ်ထွက်'တစ်ယောက်ရဲ့မျက်နှာအမူအယာမှာ
ဗုံးပေါက်မှုနဲ့ အာမေဍိတ်သံနဲ့
သေဝနီးပါး ပီတိအဟုန်ကျလို့
မျှော်လင့်ချက်တွေကို
အတင်းအကြပ်/ အတိအကျ/ ညှစ်ထည့်လိုက်တယ်
တစ်ချိန်ချိန်မှာ တစ်ချို့တစ်ချို့တွေ
ချဲ့ကားပြောဆိုစရာ
ချန်လှပ်ထားတဲ့အရာတွေလည်းရှိမယ်လေ။
                                                 
                                       မောင်သော်တာ

Friday, July 25, 2014

ပ န်း ရံ ဆ ရာ ။ ။ မ င်း ညွ န့် လှို င်

ပ န်း ရံ ဆ ရာ__________

                     မင်းညွန့်လှိုင်
ပထမဆုံးအုတ်တစ်လွှားကို
ငုတ်တုတ်ထိုင်ငုံ့စီရ
တစ်လွှားပြီးတစ်လွှားတက်တက်လာတော့
ငုံ့ရာကမော့ ထိုင်ရာကရပ်
ရပ်ရာကနေငြမ်းပေါ်တက်ပေါ့
တိုက်တာအသစ်စက်စက်ကြီး
ငေါက်တောက်ပန်းထွက်လာစေဖို့ ။

နေလုံးလည်းခြေကုန်လက်ပမ်းကျခဲ့ပြီ
နေ့စားခငွေစက္ကူနွမ်းနွမ်းကို
ညနေခင်းနွမ်းလျနဲ့အတူ
လွယ်အိတ်ဟောင်းထဲထိုးထည့်ခဲ့တယ်လေ
သမရိုးကျဆင်းရဲခြင်းတွေတကျွိကျွိနဲ့
တဲအိမ်ယိုင်ယိုင်လေးထဲငုံ့ဝင်ဖို့ ။              ။

                                             မင်းညွန့်လှိုင်






Thursday, July 24, 2014

ဒီ က ဗျာ ဒီ အ တို င်း ပဲ ဆ က် ေ ရ း ေ တ ာ့ မွ ာ လ ား


ဒီ က ဗျာ ဒီ အ တို င်း ပဲ ဆ က် ေ ရ း ေ တ ာ့ မွ ာ လ ား . . . ?

_______________________      ရ န် လ င်းေ အာ င်

ငြီးငွေ့ဖွယ်
ဥသြသံရှည်ကြီးထဲ
ကွမ်းယာ ရမယ်၊ ဆေးလိပ် ရမယ် ၊
ရေသန့်ဗူး၊ စနိုးတာဝါ၊ စမူဆာ . . .ရမယ်
ထမင်းဗူး ရမယ်၊ လ္ဘက်ရည် ရမယ်၊
အအေးပုလင်း  ရမယ် ၊
ရမယ် . . .ရမယ် …...ရမယ်
ခေတ်လား၊ စနစ်လား
ဘုရားသခင်လား ၊ကံတရားလား
ရမယ်ရှာ ပြီးပြောလိုတာပြောရရင်
ဥသြဆွဲသံ ဒီထက်မကပိုရှည်သွားနိုင်တယ် ။
ဥမမယ်စာမမြောက်
ဈေးတောင်းခါးစောင်းတင်
အက်ကြောင်းသံစုံမြည်
ဝမ်းရေးယန္တယားခွေးသွားစိပ်လေးတွေ . . . .
မျည်ရည်နံ့ မတရား မွှန်တယ်
ချွေးစော် အရမ်းနံတယ်
သွေးထွက်သံယိုလည်း ရှိကောင်းရှိနိုင်တယ်
ဒီပန်းချီကား ခင်ဗျားလည်း
အလွယ်တကူခံစားနိုင်ရဲ့  မဟုတ်လား ။

ရထားထွက်သွားလည်း
အရွယ်နဲ့မလိုက်အောင် မနားရ
ရထားရပ်ထားလည်း
အရွယ်နဲ့မတန်အောင် မအားရ
ရထားက အချိန်နဲ့ရပ် အချိန်နဲ့သွား
ဒီသံသရာဟောင်းကတော့ ဘူတာမတွေ့နိုင်သေး
လက်ထဲက
အအေးပုလင်း၊ မပူခင်
အသော့နှင်မော့ချလိုက်ရတယ်၊
မူရင်းသံစဉ်မမီနိုင်ပေမယ့်
စာနာခြင်းတရား
ဘ၀တခြမ်းစာမက ဖဲ့စားသွား
ရထားထွက်သွားပေမယ့်
ကဗျာဟာ တရစပ်ရွာကောင်းနေတုန်းပဲ . . . ။

                                    ရန်လင်းအောင်

ခ

Wednesday, July 23, 2014

မြင် ချင် တယ် # မ င်း ညွ န့် လှို င် #

မြ င် ချ င် တ ယ်

                     မ င်း ညွ န့် လှို င်
_________________________

အောင်စာရင်းမှာ
ကိုယ့်နာမည်ကိုမြင်ချင်တယ် ။

အဆောင်ပြတင်းမှာ
 ငွေလမင်းကိုမြင်ချင်တယ် ။

ကြော့ဆုံးရဲ့ကေသာမှာ
 နှင်းဆီပွင့်ကိုမြင်ချင်တယ် ။

ထီပေါက်စဉ်မှာ
ကိုယ့်ထီနံပါတ်မြင်ချင်တယ် ။

ယုဇနပင်မှာ
ဖဲကြိုးဝါကိုမြင်ချင်တယ် ။

မဂ္ဂဇင်းမာတိကာမှာ
ကိုယ့်ကဗျာကိုမြင်ချင်တယ် ။

ရွှေအိုးထမ်းတာမြင်ချင်တယ်
ဆင်စီးမြင်းရံတာမြင်ချင်တယ် ။

မှိုင်းမလွန်ခင်
ငြိမ်းချမ်းရေးရတာမြင်ချင်တယ် ။

နာရေးကြော်ငြာမှာ
မုန်းသူနာမည်မြင်ချင်တယ် ။

ငွေစက္ကူအသစ်မှာ
ဗိုလ်ချုပ်ရုပ်ပုံမြင်ချင်တယ် ။

ပြည်သူရွေးတဲ့သမ္မတသစ်ရဲ့
ကျမ်းသစ္စာကျိန်ဆိုပွဲမှာ
ကဗျာရွတ်တာမြင်ချင်တယ် ။

ကျောင်းနံရံတဝိုက်မှာ
ေ  ဒေါင်းအလံစိုက်တာမြင်ချင်တယ် ။

ကောင်းကင်ပြာပြာမှာ
ချိုးငှက်ပျံတာမြင်ချင်တယ် ။

အပြုံးနောက်မှာ
 နှလုံးသားကိုမြင်ချင်တယ် ။

စကားရဲ့နောက်မှာ
တရားကိုသာမြင်ချင်တယ် ။

မြင်ချင်တာတွေ
သိပ်များနေတယ်လား

ဘာကိုမှ
မမြင်ချင်တဲ့တစ်နေ့
မျက်စိပိတ်ပြီပေါ့ ။         ။

                        မ င်း ညွ န့် လှို င်