Sunday, August 2, 2015

အိုးရွဲ့စလောင်းရွဲ့ ၊ ရန်လင်းအောင်








အိုးရွဲ့ စလောင်းရွဲ့

______________

မိုးကလည်းလက်မခံ
လေကလည်းလက်မခံ
ရေကလည်း တငြူငြူတစူစူ
တောင်ပြိုကမ်းပြို  ဘဝတွေ ငိုလို့
ဥတုရာသီဆိုတာ
အဓမ္မဒဏ်ခံရသူတို့အတွက်
တရားလိုပြအကောင်းဆုံးသက်သေပဲ၊
ဒီသရုပ်နဲ့ဒီအရှုပ်
မင်းယုတ်မာတော့ လူတွေရိုင်း
လူတွေရိုင်းတော့ ရာသီကြမ်း
စိတ်ကြမ်းကိုယ်ကြမ်းတွေနဲ့
ဒီလမ်း ဒီစခန်း
မင်းသာအခေါင်အချုပ်ပေမို့
ပဟေဠိ အဖြေညှိစရာမလို
လူလိုမှ နတ်လို အားလုံး အသိ
 ရာဇောဝါဒတရားကြည့်ပေါ့ သူငယ်ချင်း ။ ။

                                         ရန်လင်းအောင်
                                            ၃. ၈.၂၀၁၅

ရေထဲကသတင်းပေးပို့ချက်၊ မင်းညွန့်လှိုင်


ရေထဲကသတင်းပေးပို့ချက်

_____________________

နွေခေါင်ခေါင်မှာတို့ငတ်ခဲ့တဲ့ရေ
ခုတော့ တို့ကို ငတ်နေပြီ ။

ရှင်သန်ဖို့က ဓာတ်ကြီးလေးပါး
ပျက်စီးဖို့ကျ ရန်သူမျိုးငါးပါး
ရေက
ရန်သူဘက်ကို ပါသွားပြီ ။

အို
ကူညီကာဝိုင်းလို့
မှိုင်းမကြပ
လူမြတ်လူကောင်း
လူအပေါင်းတို့ရေ
ရေ ..ရေ..
ရေ.……
             မင်းညွန့်လှိုင်

ရေဘေးပရဟိတလှုပ်ရှားမှုမြင်ကွင်းတချို့ ။

 



















တောင်ငူမြို့ မှ ကလေးငယ်နှစ်ဦး ရေဘေးကယ်ဆယ်ရေးအတွက် လှူဒါန်းနေပုံ














တောင်ငူမြို့
အနုပညာရှင်များ အဖွဲ့ (T A G ) အနေနဲ့ ရေဘေးသင့် ပြည်သူများကို ထောက်ပံ့ ကူညီနိုင်ရေး ရှေးရှုပြီး
 ၂ .၈.၂၀၁၅ ယနေ့ ၊ တနင်္ဂနွေနေ့ မနက် ပိုင်းမှ စတင်ကာ တောင်ငူမြို့တွင်း နေရာ အနှံ့ ဂီတ ဖြင့် လှည့်လည် အလှူ ခံလျက်ရှိ ရာ ယနေ့မနက်ပိုင်းတွင်
ကောက်ခံရရှိငွေစုစုပေါင်း ၁၀၁၅၂၀၀ ကျပ် ရရှိပြီးပါသည် ။

ငွေကြေး။ ဆေးဝါး။ အဝတ်အထည် ။ အစားအစာ။ အသုံးအဆောင် များ ကိုဆက်လက်
ပါဝင်လှူ ဒါန်းပေးစေလိုကြောင်း အသိပေးနှိုးဆော်လိုက်ပါတယ် ။

ဆက်သွယ် လှူဒါန်းလိုသူများ အနေ နဲ့
ကိုဝေလွင်ကို
09 973664222
ကို လွင်နောင်နောင်
09 261057889
ကိုခေတ်ဆူး
09 978592622
ကိုဇာန်မိုးဆဲလ်
09 798335125
ကိုကောင်းဈာန်ထက်
09 794195200
ကိုသားကြီး
09 974879559
09 790504200
ကိုသန့်စင်
ကို နှင်းမောင်
ကိုပြည့် ထံသို့
ဆက်သွယ် လှူဒါန်းပေးကြပါ ခင်ဗျာ။

                                  (Toungoo Artists Group)

ခက်ဦး၊ မင်းညွန့်လှိုင်၊ ရန်လင်းအောင် ။ ကဗျာ - ၃ ပုဒ်


မိုး 

         (ခက်ဦး)

အုံ့ချင်အုံ့
ဆို့ချင်ဆို့
ညို့ချင်ညို့
မည်းချင်မည်း
ခံလိုက်ရပြီဆို
တို့ဘက်ကချည့်ပဲ ။

                                     ခက်ဦး
 ____________________

လယ်စောင့်တဲ

                                   မင်းညွန့်လှိုင်

ထစ်ချုန်းဖောက်ခွဲရန်
စီးမိုးထိုးဆင်းလာတဲ့
မျက်နှာမည်းမည်းကြီးအောက်မှာ ။
ဝါးမျိုဖျောက်ဖျက်ရန်
ဝိုင်းရံပိတ်ဆို့ထားတဲ့
အစွယ်ဖွေးဖွေးပါးစပ်ပေါက်များအလယ်မှာ ။
ဒီလယ် ဒီမြေ စောင့်ကြပ်နေဆဲ
ခြေတံမြင့်မြင့် စွင့်စွင့်မြှင့်လို့
ကြာဖြူကြာနီ စီစီပွင့်လို့ ။ ။

[ ဆရာမင်းသုဝဏ်ကိုမှီးတယ် ။ ]
                                  မင်းညွန့်လှိုင်
______________________

ထမင်းအိုးလေးတည်ပါရစေဦး 

                                  ရန်လင်းအောင်

ကိုယ့်ထမင်းကိုယ်ရှာစားရမှာဆိုတာလောက်တော့
ကလေးသိ ခွေးသိပါကွာ ၊

ဒီနေ့
ကိုယ်ရှာထားတဲ့ထမင်းလုတ်
ဘယ်သူလာပုတ်ချမလဲ ၊
ဒီနေ့ ကိုယ်တည်မယ့်ထမင်းအိုး
ဘယ်သူလာရိုက်ခွဲမလဲ ၊

လူအချင်းချင်းလှည့်ပတ်ခြင်း
ကင်းရှင်းကြပါစေ ၊
တအုံ့နွေးနွေးရွတ်ဆိုရင်း
ထမင်းအိုးလေးတည်ပါရစေဦး ။။

                             ရန်လင်းအောင်

SAVE OUR PEOPLE

တောင်ငူမြို့
အနုပညာရှင်များ အဖွဲ့ (T A G ) အနေနဲ့ ရေဘေးသင့် ပြည်သူများကို ထောက်ပံ့ ကူညီနိုင်ရေး ရှေးရှုပြီး
 ၂ .၈.၂၀၁၅ ယနေ့ ၊ တနင်္ဂနွေနေ့ မနက် ပိုင်းမှ စတင်ကာ တောင်ငူမြို့တွင်း နေရာ အနှံ့ ဂီတ ဖြင့် လှည့်လည် အလှူ ခံလျက်ရှိ ရာ ယနေ့မနက်ပိုင်းတွင်
ကောက်ခံရရှိငွေစုစုပေါင်း ၁၀၁၅၂၀၀ ကျပ် ရရှိပြီးပါသည် ။

ငွေကြေး။ ဆေးဝါး။ အဝတ်အထည် ။ အစားအစာ။ အသုံးအဆောင် များ ကိုဆက်လက်
ပါဝင်လှူ ဒါန်းပေးစေလိုကြောင်း အသိပေးနှိုးလိုက်ပါတယ် ။

ဆက်သွယ် လှူဒါန်းလိုသူများ အနေ နဲ့
ကိုဝေလွင်ကို
09 973664222
ကို လွင်နောင်နောင်
09 261057889
ကိုခေတ်ဆူး
09 978592622
ကိုဇာန်မိုးဆဲလ်
09 798335125
ကိုကောင်းဈာန်ထက်
09 794195200
ကိုသားကြီး
09 974879559
09 790504200
ကိုသန့်စင်
ကို နှင်းမောင်
ကိုပြည့် ထံသို့
ဆက်သွယ် လှူဒါန်းပေးကြပါ ခင်ဗျာ။


                   (Toungoo Artists Group)

Saturday, August 1, 2015

SAVE OUR PEOPLE



တောင်ငူမြို့  ရေဘေးကူညီရေး ပရဟိတလူငယ်များအဖွဲ့ (Toungoo Artists Group) က မြို့တွင်းလှည့်လည်ဖျော်ဖြေနေကြောင်း
သတင်းရရှိပါသည်။

တောင်ငူမြို့
အနုပညာရှင်များ အဖွဲ့ (T A G ) အနေနဲ့ ရေဘေးသင့် ပြည်သူများကို ထောက်ပံ့ ကူညီနိုင်ရေး ရှေးရှုပြီး ၂ .၈.၂၀၁၅ ယနေ့ ၊ တနင်္ဂနွေနေ့ မနက် ပိုင်းမှ စတင်ကာ တောင်ငူမြို့တွင်း နေရာ အနှံ့ ဂီတ ဖြင့် လှည့်လည် အလှူ ခံလျက်ရှိပါသည် ။

ငွေကြေး။ ဆေးဝါး။ အဝတ်အထည် ။ အစားအစာ။ အသုံးအဆောင် များ ကို တတ်စွမ်းသမျှ
ပါဝင်ကူညီပေးကြပါ ခင်ဗျာ။

ဆက်သွယ် လှူဒါန်းလိုသူများ အနေ နဲ့
ကိုဝေလွင်ကို
09 973664222
ကို လွင်နောင်နောင်
09 261057889
ကိုခေတ်ဆူး
09 978592622
ကိုဇာန်မိုးဆဲလ်
09 798335125
ကိုကောင်းဈာန်ထက်
09 794195200
ကိုသားကြီး
09 974879559
09 790504200
ကိုသန့်စင်
ကို နှင်းမောင်
ကိုပြည့် ထံသို့
ဆက်သွယ် လှူဒါန်းပေးကြပါ ခင်ဗျာ။



                   (Toungoo Artists Group)

ထမင်းအိုးလေးတည် ပရစေဦး ၊ ရန်လင်းအောင်


ထမင်းအိုးလေးတည် ပရစေဦး 

____________________

ကိုယ့်ထမင်းကိုယ်ရှာစားရမှာဆိုတာလောက်တော့
ကလေးသိ ခွေးသိပါကွာ ၊

ဒီနေ့
ကိုယ်ရှာထားတဲ့ထမင်းလုတ်
ဘယ်သူလာပုတ်ချမလဲ ၊
ဒီနေ့ ကိုယ်တည်မယ့်ထမင်းအိုး
ဘယ်သူလာရိုက်ခွဲမလဲ ၊

လူအချင်းချင်းလှည့်ပတ်ခြင်း
ကင်းရှင်းကြပါစေ ၊
တအုံ့နွေးနွေးရွတ်ဆိုရင်း
ထမင်းအိုးလေးတည် ပရစေဦး ။

                          ရန်လင်းအောင်
                           ၂၉ ၆ ၂၀၁၅