Thursday, March 31, 2016

မ် က် က န်း များ - သိင်္ဂါလှိုင်



မျက်ကန်းများ

___________________________

အလင်းရောင်မရှိတဲ့ ရက်တွေ ဖြတ်သန်းလာတဲ့ ကာလတွေ
ပေါင်မုန့် မှိုတက်တွေစား ရှင်သန်လာတယ်
ခင်ဗျားလည်း မသေဖို့ စားခဲ့ရတာရော မှိုကင်းရဲ့လား
မေးတဲ့မေးခွန်းထဲမှာ အသက်အသေတွေအပြည့်နဲ့။

မျက်လုံးက တိမ်ကျလာတယ်
အမြင်များ အသားဓာတ်လိုလာတယ်
အမှောင်တွေ နက်နက်လာတော့ ချေးအထပ်ထပ်နဲ့ အရှိတရားကပျောက်နေတယ်
ဒီလိုနဲ့ တွေ့သမျှ အမှန်ထင်နေခဲ့တယ်။

တိမ်လာတဲ့ ရေ
အငွေ့ပျံလွန်းခဲ့လေသလား မကွဲပြား
အရင်တုန်းကလဲ ဒီတိုင်းပဲ ဆိုပြီ ကြောက်ကန်ငြင်းနေတဲ့ မျက်လုံးတွေ
အလင်းကိုကြောက်လို့ အမှောင်ကို ဇွတ်ဆွဲ
ငါတို့ပြောတာ အမှန်ဖြစ်ဖို့ အောက်လုံးတွေအသုံးပြု ရှင်သန်နေတယ်
ထွန်းညှိထားတဲ့ မီအိမ်လေးကိုပဲ ရမယ်ရှာ ခလုတ်တိုက်
အဆိပ်သင့်ဦးနှောက်များ သူ့သာဝကတွေနဲ့ တစ်စင်ထောင် မောက်မာနေကြတယ်
ဘယ်အချိန်မှ သူတို့ ကျွတ်မယ့်တရားကို မရှာဖွေဘူး။

သိင်္ဂါ လှိုင်

Wednesday, March 30, 2016

ဦးကြွက်နီ - သန်းတင့်



https://donisdope.wordpress.com/category/real-hip-hop/


" ဦးကြွက်နီ "

          ( သန်းတင့် )


ကျွန်တော်တို့ဒေသ ( မော်တင်စွန်း နဲ့ ချောင်းသာကြား ) မှာ အလှု မင်္ဂလာဆောင်ဆိုရင် နည်းနည်း ဆန်းတယ် မင်္ဂလာဆောင် ကပိုပြီး ပြောစရာများတယ် ဖိတ်တဲ့သူက အိမ်ပေါက်စေ့ လက်ဖက်ထုပ် သေးသေးလေးတွေပေးပြီးလိုက်ဖိတ်ရတယ် ဒေသသားတွေက ဘယ်သူ့သားနဲ့ ဘယ်သူ့သမီးတော့ လ္ဘက်ကမ်း ထားတယ် လို့ပြောကြတယ် တခြားရွာ တွေကိုလည်း လေးငါးရက် စောပြီး လူလွှတ်ဖိတ်ကြားတာရှိတယ် အဲဒါကို ပွဲစားခေါ်တယ်တဲ့ မင်္ဂလာပွဲစားဖို့ ခေါ်တာကို အတိုချုပ်ပြောတာဖြစ်မယ် အဖိတ်ခေါ်ခံရသူက သတို့သား သတို့သမီးနဲ့ မသိလဲ လာဖိတ်တဲ့ သူနဲ့ သိရင် လိုက်ကြတာပါပဲ တခါတလေ အဝေးကြီးအထိ ညအိပ် ညနေလိုက်ကြရတာ အရင်က ဆိုင်ကယ်မရှိ ကားမရှိ ကုန်းကြောင်း ခြေမြန်ပေါ့လေ တချို့ မင်္ဂလာဆောင်အိမ်ကို မနက်ကသွားတာ ညမှရောက်တယ် အဲဒီတိုင်း ပင်လယ်ကမ်းစပ် မှာ အုပ်စုလိုက် လမ်းလျှောက်ကြတာပေါ့ တခါတလေများ ကိုယ့်ကိုမဖိတ်တာတောင် ပတ်သက်ရာပတ်သက်ကြောင်း မိစပယ်တင် တို့ မေသွားတက်လေး တို့ ပါးချိုင့်ဝါဝင်း တို့ လိုက်သွားတာတွေ့ရင် မြင်းခေါင်းပေါင်ဒါ တဘူး ခါးထိုးပြီး အတင်း မရမက လိုက်ခဲ့ဘူးတယ် ရှေ့ကသွားသူက သက်ဆိုင်သူသို့ဆိုပြီး ကဗျာတွေ စာတိုလေးတွေ သောင်ပြင် မှာရေးထားခဲ့ နောက်က ဆိုင်တဲ့လူကဖတ် အသဲပုံ မှာမြှားတွေဘာတွေစိုက်ပြီး သရုပ်ဖော်ပုံတောင်ထည့်လိုက်သေးတယ် ငယ်ဘဝပျော်စရာတွေဆိုတာ ကြာလေကြာလေ လွမ်းစရာဖြစ်တတ်တဲ့သဘောရှိတာ ခုမှသိတော့တယ် ။

Monday, March 28, 2016

ပဉ္စဝဂ္ဂီ - လင်းသက်ငြိမ်

http://fpmt.org


ပ ဉ္စ ဝ ဂ္ဂီ

_________________________

ဒုက္ကရစရိယာဟာ 
သာမာန်လူမကျင့်ကြံနိုင်တဲ့
တရားထူးပဲလို့ သူတို့ထင်ကြ
ပိန်လှီလာတဲ့ သိဒ္ဓတ္ထဟာ ကြည်ညိုဖွယ်ရာ
ဉာဏ်အလင်းမှာ သူတို့စိတ်ပျက်သွား
ငါတို့ကိုးကွယ်နေတာ ပျော့ညံ့တဲ့လူသားပဲ...
အလယ်အလတ်လမ်းနဲ့ ဗုဒ္ဓပွင့်ခဲ့ပြီ
သူတို့ရှိမခိုးပဲမနေနိုင်အောင်
ဓမ္မစကြာဟာ ကြည်ကြည်လင်လင်
ပြတ်ပြတ်သားသား ။            ။

လင်းသက်ငြိမ်



ဂယ်ပေါက် - မောင်ကြူးရင့်

https://www.tumblr.com/tagged/miros-art


ဂ ယ်ေ ပါ က်

_______________________

တဘဝလုံးလုံး
ဆေးဆိုင်က ဆေးမှားပေးတဲ့
ဆေးခါးကြီးကိုသောက်ခဲ့ရ

သေခြင်းဟာမဆန်းကြယ်
ရှင်ခြင်းကတော့ ဆန်းကြယ်တယ်

လူ့ဘဝဆိုတာကလည်း
သမုဒယပန်းကလေးသာ
ထာဝရဖြစ်ရင်တော့ ကောင်းတာပေါ့

ခရမ်းလွန်နေရောင်အောက်
ထီးတလက်လိုအရိပ်မိုးပေးတဲ့
ဗင်ဒါပင်ကလေးတွေဖြစ်ရင်ကောင်းတာပေါ့

မြစ်ဟာကွေ့တယ် ကောက်တယ်
ကဗျာတပုဒ်လိုလှတယ်

သမိုင်းဟာကွေ့တယ် ကောက်တယ်
ခေတ်ဟာကွေ့တယ် ကောက်တယ်
လူဟာကွေ့တယ် ကောက်တယ်
အဲ့ဒီ့ကွေ့ကောက်မှုဟာ
ကဗျာတပုဒ်လိုလှပါ့မလား
ပန်းချီတကားလိုလှပါ့မလား
တေးတပုဒ်လိုချိုပါ့မလား

အဲ့ဒီ့ကွေ့ကောက်မှုမှာ
တိုင်ပေါ်ကိုတရွေ့ရွေ့တက်နေတဲ့
ခရုကောင်လေးတွေကို
ဆားနဲ့ပက်တဲ့အခါ
ထွန့်ထွန့်လူးတိုင်အောက်ကို
ပြုတ်ကျကုန်တဲ့ ဘဝတွေ

လူသားတွေဟာ
ခေတ်ကိုတုံ့ပြန်ဖို့
အမုန်းတရားကိုခုခံဖို့
ကိုယ့်ကိုယ်ကို ကာကွယ်ဖို့
မြေအောင်းသတ္တဝါတွေလို
ဂယ်ပေါက်တွေထားရမယ်။            ။

 မောင်ကြူးရင့်

  ၂၈့  ၃့  ၂၀၁၆


Sunday, March 27, 2016

သတိရခြင်းကဗျာ - ညီဆူးသစ်

http://www.artspace.com/howard_hodgkin


သတိရခြင်းကဗျာ

_______________

အဝေးက
မျှော်ရတာ ကိုယ်ခန္ဓာ ပိန်ချုံးစေတယ်။
သတိရမှုတွေက လွဲရင်
ကျွန်တော် ဒီသီချင်းဆိုဖြစ်မယ်လို့ မထင်ဘူး။
လမ်းကလေးကို
အဆုံးထိလျှောက်နေရသူပါ။
နေ့စဉ်မှတ်တမ်းထဲမှာ
တိမ်ကလေးများဟာ ဘယ်လိုကြွေမလဲ။
သစ်ရွက်များဟာ လမ်းမပေါ်
ဘယ်လောက်တောင် ပျံ့ကျဲပြမလဲ။
စဉ်းစား မရခြင်းတွေကို
ကျွန်တော် ဂရုစိုက်နေမိတယ်။
ဖုန်ကလေးတွေဟာ သွေးနုသားနုလေးတွေပေါ်မှာ
ပေပေတေတေ။
သတိရခြင်းတွေနဲ့ အချိန်တွေနဲ့ လဲ မိ။
မနက်ဖြန်သတင်းတွေကို
ကျွန်တော် မကြားမသိနိုင်သူတစ်ယောက်ဖြစ်နေတုန်းပါပဲ … …
ယနေ့ထိ ခုနှစ်တွေထဲ ပေပေတေတေ
သတိရခြင်းတွေထဲမှာ ……

ညီဆူးသစ် 

3-27.2016

Saturday, March 26, 2016

လိ ပ် ပြာ - မြန်ဟိန်း


http://www.elmwood.com/thought/embrace-your-conflicts

လိပ်ပြာ


ပိုက်ဆံကောက်ရတယ်
ငါးထောင်တန်သုံးရွက် ၊ တစ်ထောင်တန်နှစ်ရွက်
ဘေးဘီဝဲယာကြည့်လိုက်တယ်
ဘယ်သူများကျခဲ့တာပါလိမ့်
တစ်ယောက်မှမရှိဘူး
လမ်းလျှောက်ရင်းစဉ်းစား
ကျပျောက်သူဟာပေါများသူလားရှားပါးသူလား
အရေးတကြီးငွေလိုသူလား
ခေါင်းမီးတောက်နေမလားကျပျောက်ခြင်းကိုကြွားဝါနေမလား
ရပ်ကွက်ရုံးကိုသွားအပ်ရမလား
စာရိတ္တမောင်ကေညှပ်ရမလား
အလှူအတန်းတစ်ခုထဲထည့်လိုက်ရမလား
အိမ်အပြန်လမ်းဟာလိုတာထက်ပိုရှည်လျားလို့
အိမ်မှာစောင့်နေမယ့်ဆာလောင်ခြင်းများနဲ့
ကလေးများကိုသတိရလို့
ကောက်ရတဲ့ပိုက်ဆံဟာငါ့ကိုနှိပ်စက်လို့ ။  ။

မြန်ဟိန်း

Friday, March 25, 2016

ငါ့ လမင်းကို ဘယ်သူရွှေ့သလဲ - မင်းညွန့်လှိုင်



ငါ့လမင်းကိုဘယ်သူရွှေ့သလဲ

______________________
အဲ့ဒီလကိုမသင်္ကာတော့ဘူး
ငါသွားလေရာတကောက်ကောက်
အထီးကျန်ခြင်းကိုအရသာခံနေရော့သလား ။

သူ့ပြည့်ဝန်းမှုကိုစစ်ဆေးရမယ်
သူ့ဒဏ်ရာတွေကိုရော
အလှတရားလို့သတ်မှတ်သင့်ရဲ့လား ။

သူ
ဓာတ်ကြိုးတန်းမှာငြိနေတုန်း
လေးကြောင်းမျဉ်းတွေကြားကူးခတ်နေတဲ့
ဝလုံးပြုံးပြုံးလေးတွေ
အခုပြုံးနေနိုင်ပါဦးမလား ။

သူ
ဓာတ်တိုင်ထိပ်ကလွတ်သည်အထိ
ငါစောင့်ကြည့်မယ်
ကားစင်တင်ထားတဲ့နှလုံးသားနဲ့ပေါ့ ။     ။

                                              မင်းညွန့်လှိုင်


Painting:Fire at Full Moon
By: Paul Klee