(၅၁) နှစ်မြောက် (၇) ဇူလိုင် အခမ်းအနား
တောင်ငူမြို့ တွင် ကျင်း
(၅၁) မြောက် - ၇ ဇူလိုင် - အထိမ်းအမှတ်နေ့ အခမ်းအနား နှင့်
ကေတုအိုးဝေစာကြည့် ဖွင့်ပွဲ ကို တောင်ငူမြို့  ၊ မင်ကြီးညို ရပ်ကွက်မှာ
ကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုပါအခမ်းအနားကို ဗ.က.သ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကို နှင့် ပဲခူးတိုင်းအနောက်ခြမ်း ဗ.က.သ ဥက္ကဋ္ဌ ကိုအာကာဦး၊
တောင်ငူခရိုင် ဗ.က.သ ကျောင်းသားကျောင်းသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ
အဖွဲ့ဝင်များ၊ ကြံ့ခိုင်ရေးမှ အဖွဲ့ဝင်များ၊ တောင်ငူမြို့ မှ ကဗျာဆရာများ
နှင့် ဖိတ်ကြားထားသော ဧည့်သည်များတက်ရောက်ခဲ့ပါတယ် ။ အခမ်းအနားတွင် ဗ.က.သ
အဖွဲ့ချုပ်မှ သ၀ဏ်လွှာ၊ လူ့ဘောင်သစ်ပါတီမှ သ၀ဏ်လွှာ၊
တောင်ငူခရိုင်ကျောင်းသားသမဂ္ဂ မှ သ၀ဏ်လွှာများကို ဖတ်ကြားကြပြီးနောက်၊
ကဗျာသီချင်းရွတ်ဆိုခြင်း အစီအစဉ်မှာ "သွေးစည်းခဲ့ပြီ " နှင့်
သမဂ္ဂသီချင်းများကို ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက ၊ သံပြိုင်သီဆိုကြပြီး၊ ကဗျာဆရာ အောင်လွန်းမြိုင် နှင့် ရန်လင်းအောင် တို့ကကိုယ်တိုင်ကဗျာရွတ်ဆိုခဲ့ကြပါသည်။
ကဗျာဆရာ မင်းညွန့်လှိုင်၊ မောင်သော်တာ နှင့် အောင်ထက် တို့ရဲ့  ကဗျာများကိုလည်း၊ ကျောင်းသား/သူများက
ရွတ်ဆို၍"ကမ္ဘာမကြေဘူး" သီချင်းကို အခမ်းအနားတက်ရောက်လာကြသူများ နှင့်
ဗ.က.သ အဖွဲ့ဝင်များက သံပြိုင်သီဆိုကြပြီး၊အခမ်းအနားကို အောင်မြင်စွာ
ကျင်းပခဲ့ကြကြောင်း သိရပါတယ်။
လေးကျွန်းမြေ - တောင်ငူ
တောင်ငူခရိုင် ဗ.က.သ ကျောင်းသားကျောင်းသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မ
ကဗျာဆရာ မင်းညွန့်လှိုင်၊ မောင်သော်တာ နှင့် အောင်ထက် တို့ရဲ့  ကဗျာများကိုလည်း၊ ကျောင်းသား/
လေးကျွန်းမြေ - တောင်ငူ
No comments:
Post a Comment