![]() |
ဖားအောက် ဆရာတော် ကြီး နှင့် သီတဂူဆရာတော်ကြီး |
မြတ်ဗုဒ္ဓသည် ကမ္ဘာ့ဘာသာရေးသမိုင်းတွင်
အဦးဆုံးသော သာသနာပြုပုဂ္ဂိုလ်ကြီး ဖြစ်သည်။
ခရစ်တော်သည် မြတ်ဗုဒ္ဓ၏နောက် နှစ်(၆၀၀)ခန့်
နောက်ကျပြီး မိုဟာမက်သည် နှစ်ပေါင်း
တထောင်ကျော်နောက်ကျပါသည်။
ခရစ်တော်နှင့် မိုဟာမက်တို့သည်လည်း
ခရီးလှည့်သာသနာပြု ပုဂ္ဂိုလ်များပင်ဖြစ် ဖြစ်သည်။
သို့သော် ...
သာသနာနှင့် သာသနာပြုနည်းတို့ကား
မြတ်ဗုဒ္ဓ၏နည်းများနှင့် ခြားနားလှပေသည်။
မြတ်ဗုဒ္ဓကား ဓမ္မကိုဟောသည်။
အခြားဘာသာရေး ခေါင်းဆောင်တို့က
ယုံကြည်ဖို့၊ ဆုတောင်းဖို့ ဟောသည်။
မည်သူမဆို မည်သည့်ယုံကြည်ချက်၊
မည်သည့်ကိုးကွယ်မှုပဲရှိရှိ
ဓမ္မကိုသင်ခြင်း၊ ကျင့်ခြင်း၊
သိမြင်ခြင်းဖြင့် ဘဝအဆင့်မြင့်စေလိုခြင်းမှာ
မြတ်ဗုဒ္ဓ၏အလိုတော်ဖြစ်သည်။
- (သီတဂူဆရာတော် ဦးဉာဏိဿရ) Dhamma Danã Source ►( အရှင်ခေမိန္ဒ ) &
www.facebook.com/youngbuddhistassociation.mm

www.facebook.com/
No comments:
Post a Comment