Wednesday, January 8, 2014
မြတ်ဗုဒ္ဓ၏ အလိုတော်
ဖားအောက် ဆရာတော် ကြီး နှင့် သီတဂူဆရာတော်ကြီး
မြတ်ဗုဒ္ဓသည် ကမ္ဘာ့ဘာသာရေးသမိုင်းတွင်
အဦးဆုံးသော သာသနာပြုပုဂ္ဂိုလ်ကြီး ဖြစ်သည်။
ခရစ်တော်သည် မြတ်ဗုဒ္ဓ၏နောက် နှစ်(၆၀၀)ခန့်
နောက်ကျပြီး မိုဟာမက်သည် နှစ်ပေါင်း
တထောင်ကျော်နောက်ကျပါသည်။
ခရစ်တော်နှင့် မိုဟာမက်တို့သည်လည်း
ခရီးလှည့်သာသနာပြု ပုဂ္ဂိုလ်များပင်ဖြစ် ဖြစ်သည်။
သို့သော် ...
သာသနာနှင့် သာသနာပြုနည်းတို့ကား
မြတ်ဗုဒ္ဓ၏နည်းများနှင့် ခြားနားလှပေသည်။
မြတ်ဗုဒ္ဓကား ဓမ္မကိုဟောသည်။
အခြားဘာသာရေး ခေါင်းဆောင်တို့က
ယုံကြည်ဖို့၊ ဆုတောင်းဖို့ ဟောသည်။
မည်သူမဆို မည်သည့်ယုံကြည်ချက်၊
မည်သည့်ကိုးကွယ်မှုပဲရှိရှိ
ဓမ္မကိုသင်ခြင်း၊ ကျင့်ခြင်း၊
သိမြင်ခြင်းဖြင့် ဘဝအဆင့်မြင့်စေလိုခြင်းမှာ
မြတ်ဗုဒ္ဓ၏အလိုတော်ဖြစ်သည်။
- (သီတဂူဆရာတော် ဦးဉာဏိဿရ)
Dhamma Danã Source ( အရှင်ခေမိန္ဒ ) &
www.facebook.com/youngbuddhistassociation.mm
Thursday, January 2, 2014
လေးကျွန်းမြေ ၊ ဆောင်းပါး ။
တက္ကသိုလ်မှာ ပထမဦးဆုံး မြန်မာစာဆရာလုပ်သွားခဲ့တာ ဘယ်သူလဲ
ရှေးဟောင်းစာပေများတွင်သာ  ကျက်စားခဲ့သည်မဟုတ်။  ခေတ်ကာလတွင်  ပေါ်ပေါက်ခဲ့သော  အကြောင်းအရာများ၊  စာပေများကိုလည်း သိကျွမ်းနားလည်သူတစ်ဦး ဖြစ်၏။
တက္ကသိုလ်တွင်  ပထမဦးဆုံး မြန်မာစာဆရာ လုပ်သွားခဲ့သူမှာ ဆရာကြီးဦးပွား ဖြစ်လေသည်။  ဆရာကြီးဦးပွားသည် တောင်ငူသားဖြစ်၏။  ငယ်ငယ်
ကတည်းကပင် မြန်မာစာပေနှင့်တကွ ဗေဒင်ကျမ်း၊ ဆေးကျမ်းများကို ကောင်းစွာ လေ့လာ သင်ကြားတတ်မြောက်ခဲ့သူတစ်ယောက်
ဖြစ်၏။
တောင်ငူမှထုတ်ဝေသော သင်းစာတစ်စောင်တွင် အယ်ဒီတာချုပ်လုပ်ခဲ့သူဖြစ်သောကြောင့် ရှေးဟောင်းစာပေရော ခေတ်ဆန်သော စာပေများကိုပါ ကောင်းစွာ
ကျွမ်းကျင်သူဖြစ်ကြောင်း ထင်ရှားလှပေသည်။
          စာသင်ကြားရာ၌ ကျောင်းသားများ မပျင်းကြစေရန် ရယ်စရာကလေးများ ညှပ်ကာညှပ်ကာ ပြောကြားလေ့ရှိသည်မှာ ဆရာကြီးဦးပွား၏ ဂုဏ်ထူးတစ်ရပ်
ဖြစ်လေသည်။ စာသင်ကြားနေရင်း စာထဲတွင်ပါလာသော အကြောင်းအရာများနှင့်ဆီလျော်သည့် ရယ်စရာသာဓကများ၊ ရယ်စရာလင်္ကာများကိုသာ ပြောကြား
လေ့ရှိသောကြောင့် ကျောင်းသားများက စွဲမက်ချစ်ခင်ကြသည်။ ကျောင်းသားများ မြန်မာစာပေကို လိုက်စားချင်လာအောင် အမျိုးမျိုး အားပေးပြောကြားလေ့လည်း
ရှိပေ၏။ မိမိ၏ တပည့်များကိုလည်း အလွန်ခင်မင်လေ့ရှိသည့်အတိုင်း ဘယ်အခါမျှ ငေါက်ငန်းခြင်းမရှိ။ တပည့်များအား အလွန်အလိုလိုက်လေ့ရှိသည်။ မတတ်လျှင်
တတ်အောင်၊ နားမလည်လျှင် နားလည်အောင် များစွာ ကြိုးစားကာ သင်ကြားလေ့ရှိ၏။
          ဆရာကြီး ဦးပွား၌ ထူးခြားသော အချက်တစ်ခုမှာ ပျို့ကဗျာများကို သင်ကြားသောအခါ စာအုပ်ကိုမကိုင်ဘဲ အလွတ် နှုတ်ကရွတ်ကာ သင်ကြားပြသနိုင်ခြင်း
ဖြစ်လေသည်။ ပျို့များ၊ လင်္ကာများကို အလွတ်နှုတ်တိုက်ရသည်။ ဦးပုည မေတ္တာစာ၊ ရတနာနဒီမော်ကွန်း၊ သြ၀ါဒထူးပျို့၊ ပလိပ်စားဧချင်း၊ ပါရမီခန်းပျို့၊ ကိုးခန်းပျို့
စသည်တို့ကို အစမှ အဆုံးတိုင် နှုတ်တိုက်ရသည်။ ကဗျာဖွဲ့နည်းများကို သင်ကြားနေခိုက် ရုတ်တရက်ထကာ သင်ပုန်းကြီးပေါ်တွင် တေးထပ်၊ ဘောလယ်၊ ဒွေးချိုး၊
လေးချိုး၊ လွမ်းချင်းများကို ရေးပြတတ်ရာ ဂုဏ်၊ ရသနှင့် ပြည့်စုံသောလင်္ကာများ ဖြစ်ကြသည်။ ဗေဒင်ကိုလည်း အတော်အတန် ခေါက်မိအောင် သင်ကြားပြသလေ့
ရှိသည်။
အရုဏ်ဦး ၊ written by; ရန်လင်းအောင်
အရုဏ်ဦး ၊ written by : ရန်လင်းအောင်
အရုဏ်ဦး ၊ ရန်လင်းအောင်
အရုဏ်ဦး
အနည်တွေ . . .
အမှုန်တွေ . . .
ဘယ်လောက်များ ငုပ်လျှိုးနေကြမလဲ ၊
အနှစ်တွေ တောင်ပုံရာပုံ
နစ်နေဆဲလား ၊
ထိုးဆင်းနေကျ အရိပ်တွေ
အထက်မှာစီးလို့ ၊
မိုးလို့ ၊
လှိုင်းကြက်ခွပ်တွေပေါ်မှာ
စကားဦးသမ်းစ
အရောင်လေးတွေ . . .
အရောင်ပြေးတွေ . . .
အရောင်ပြေးလေးတွေ …...
                                          ရန်လင်းအောင်
                                       ဇန်န၀ါရီ ၂၊ ၂၀၁၄
Monday, December 30, 2013
စ စ် သ င်္ချို င်း ၊ written by ; မင်းညွန့်လှိုင် ။
စ စ် သ င်္ချို င်း ၊ written by ; မ င်း ညွ န် လှို င်
စ စ် သ င်္ချို င်း
နောက်ပေါက်ကလေးတွေစူးစမ်းကြ
ပြီး  ရှေ့လူများကိုအံ့သြကြ
မိသားစုတွေ စုံတွဲတွေ
လည်ကြပတ်ကြ အပန်းဖြေကြနဲ့
အေးချမ်းလှတဲ့နေရာလေးပေါ့ ။
အို..စစ်ဆိုတဲ့မြစ်ကြီး
စစ်ဝါဒဆိုတဲ့မြစ်အဟောင်းကြီး
မြေကြီးအောက်မှာထာဝရလဲလျောင်း
ဘယ်တော့မှ
နောက်ကြောင်းပြန်မလှည့်ပါနဲ့တော့ ။         
                                           မင်းညွန့်လှိုင်
Sunday, December 29, 2013
မွေးနေ့ ၊ written by ရန်လင်းအောင်
မွေးနေ့ ၊ written by ရန်လင်းအောင်
မွေးနေ့
သေနေ့တွေကို မေ့ပစ်ချင်လို့
မွေးနေ့တွေကို မြတ်မြတ်နိုးနိုး ပွေ့ပိုက်နေတာမျိုးလား ? ? ?
သေနေ့တွေကို တုန်လှုပ်ရမှာစိုးလို့ မွေးနေ့တွေကို
ဂုဏ်လုပ်နေရတာမျိုးလား ? ? ?
ဒီနှစ် ဒီလ ဒီရက်ပိုင်းလေးအတွင်း သေနိုင်မသေနိုင်
မတွေးတောမိပေမဲ့
မွေးနေ့လုပ်ဖို့တော့ သူသူကိုယ်ကိုယ်စိတ်ကူးမိကြမှာပါပဲ ၊
မွေးနေ့တွေ ၀င်ဝင်ပူးခိုင်းလို့ ဘ၀ဟာ နတ်ကတော်လို
ကခုန်မြူးတူးပြီး သေနေ့တွေဆီ ပျော်ပျော်ကြီးသွားချင်နေတာနဲ့
တူမနေဘူးလား ?
မွေးနေ့တွေပေါ် ဘယ်လိုစိတ်ထားမွေးရပါ့ ! ! !
စိတ်ထားတစ်ခုခုနဲ့ ခုခံလို့ ၊ စိတ်ထားတစ်ခုနဲ့ ခုခုပြီး တက်နိုင်ဖို့ ၊
မွေးနေ့တွေ ပိုကောင်းစေဖို့ပေါ့ ။
မွေးနေ့တွေကို
သေနေ့ အကြိုလုပ်သွားတဲ့ ရိုးရိုးကြီး ဦးဇေယျ ကို သတိရမိပေါ့ ၊
“ အယမန္တိမာဇာတိ၊ နတ္ထိဒါနိ ပုနဗ္ဘဝေါ “ တိ
ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းကြီးတွေကတော့
နောက်ဆုံးမွေးနေ့ဆီ ဆိုက်ရောက်ပြီးသကာလ နိဗ္ဗာန်စခန်းထိ
လမ်းပေါက်ခဲ့ကြပြီ ။
ငါတို့မှာသာ
မွေးနေ့လက်ဆောင်တွေ တပုံကြီး ပေးလိုက်ကြ ယူလိုက်ကြနဲ့ ၊
မွေးနေ့တွေ တပြုံကြီး ထမ်းလိုက်ကြ ပိုးလိုက်ကြနဲ့
သေနေ့တွေလည်း တလှေကြီးနေမှာပါပဲလေ ။
သေနေ့တွေဟာ သူ့တံခါးကို စေ့ရုံလေးစေ့ထားတာပါလားလို့
တွေးတွေးမိတော့ . . . . . . . . . . . . . . . .
တွေးတွေးရင်းနဲ့
မွေးနေ့တစ်ခုရောက်တိုင်း ထိတ်ထိတ်ပျာပျာ ဖြစ်လားဖြစ်မိရဲ  
ဒေသနာတော် အရပြောရရင်
ဝင်လေ အနိစ္စ ၊ ထွက်လေ အနိစ္စ
ထိ အနိစ္စ ၊ သိ အနိစ္စ တဲ့
ဘာအခမ်းအနားမှမပါ
ဘာအဆန်းအပြားမှမပါ
           အတ္တမှ ခမ်းခြောက်နေတာတဲ့         ! ဒီဥာဏ်မှာနားဖို့ပဲ
ငါ ငါ့ ဥစ္စာမှ ခမ်းခြောက်နေတာတဲ့  ! ဒီဥာဏ်မှာနားဖို့ပဲ
ဘယ်သူ့ မွေးနေ့ တွေ့ရသေးလဲ
ဘယ်သူ့ သေနေ့ တွေ့ရသေးလဲ ၊
ဆိုတော့
ငါတို့ကရော
ဘာတွေခမ်းခြောက်ပြီး ၊ ဘာတွေလန်းဆန်းပြီး
ဘယ်သောင်ဘယ်ကမ်းရယ်လို့
နားကြရရဲ့ လား . . . ?. . . . . . . . . ။
                                               ရန်လင်းအောင်
                    ၂၈.၁၂.၂၀၁၃ (၃၆) နှစ်ပြည့် မွေးနေ့ သို့ /
Thursday, December 26, 2013
၁ / ၂၀၁၄ written by : ရန်လင်းအောင်
၁ /   written by :ရန်လင်းအောင်
၁  / ၂၀၁၄
ဝဋ်ကမ္ဘာ ကျေအောင်
စစ်အထာတုံ့လှည့်တွေနဲ့
ဆပ်မရနိုင်ပါကြောင်း
ထပ်လောင်းသတိပေး
ကြေငြာအပ်ပါသည် ။         ။
                              ရန်လင်းအောင်
                                ၂၆၁၂၂၀၁၃      
ခရိုနီ ၊ written by; ရန်လင်းအောင်
ခရိုနီ ၊ written by; ရန်လင်းအောင်
ခရိုနီ
ရထားခုန်တော့လိုက်ခုန်သလိုပေါ့
ရထားယိမ်းတော့လိုက်ယိမ်းသလိုပေါ့
ပျော်စရာကြီး
တင်းခံမနေနဲ့ ၊
ဘာ!!!
ခေတ်ကိုထမ်းရမတဲ့
သေလိုက် !!
ဒီမယ်
ခေတ်အငိုက်ကိုချောင်း
ခေတ်အရှိုက်ကိုအားကုန်တွယ်
ခေတ်အလိုက်မှာမျှောချ
ဇယားအစောင်းဟာ ပေါင်းတတ်ရင်
ကိုယ့်နင်းကြမ်းချည့်ပဲ
မှတ်ထား  . . . . ။
                      ရန်လင်းအောင်
                        8.11.2013