အဆောင်
Thursday, May 8, 2014
ကဗျာဆရာ ဇောသစ် ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အလွမ်းပြေ
၎ - နှစ် ပြည့် အလွမ်း . . . . .
ဒီနေ့ ၈ . ၅ . ၂၀၁၄ ရက်နေ့ဟာ
ကဗျာဆရာ ဇောသစ်
ဘဒ္ဒန္တစန္ဒောဘာသ ရဲ့  ကွယ်လွန်ခြင်း
( ၄ ) နှစ်ပြည့် မြောက်တဲ့နေ့ပါ ။
ကဗျာဆရာ ဇောသစ်ကို အောက်မေ့ခြင်းအထိမ်းအမှတ်အဖြစ်
မန်းချောင်းလရောင်စာအုပ်တိုက်မှ
စီစဉ်တင်ဆက်ခဲ့တဲ့
Poetry Life ကဗျာဆိုင်ရာ စာအုပ်မှာ ဖေါ်ပြခဲ့တဲ့ သူ့ရဲ့ ကဗျာတစ်ပုဒ်ကို
အလွမ်းပြေ တင်ဆက်လိုက်ရပါကြောင်း
သတိရမိတဲ့ တရား
မုဆိုးက
သားကောင်ကို ချောင်းမြောင်းသလို
သူက
သူ့ဘဝသူ ပြန်ချောင်းလေရဲ့  ။
အချစ်နားနီးပြီး အချစ်မရသူလို
တရားနားနီးပြီး တရားမရသူ
တောထဲက သားကောင်ရသလို
ဘဝထဲက တရားရချင်တယ် ။
တစ်လံမှာ ၃၂ ကောဋ္ဌာသ
သူလည်း သူ့ခံစားမှုနဲ့သူ
ကိုယ်လည်း ကိုယ့်ခံစားမှုနဲ့ ကိုယ်
စိတ်က စိတ်ကိုသင်ကြားခဲ့ရ
ဓမ္မနှင်းတွေ
ဘဝနွေရဲ့  မနက်ခင်းထဲ
တဖွဲဖွဲကျကာနေတော့တယ် ။
ဇောသစ်
Poetry Life
ပ- ကြိမ် - ၂၀၁၁ . ဒီဇင်ဘာ
လိုင်းအခက်အခဲကြောင့် တစ်ရက်နောက်ကျပြီးမှ ဒီပို့စ် ကိုတင်ဖြစ်ပါသည် ။
Tuesday, May 6, 2014
ရန်လင်းအောင် @ ရေးလက်စ - ၂ @
@ေ ရးလက္စ - ၂ @
ကိုယ္တိုင္က
သွေးလေမညီညွတ်ဘဲ
မိုးလေဝသမှန်စေ့ချင်သူ
ငါ . . .
ဒီ အမှား တစ်ခုနဲ့ပဲ
အားနာစရာတွေ
တပုံတခေါင်း များပြားခဲ့ရပြီ ။
ရန်လင်းအောင်
၅ ၂ ၁၃
ရန်လင်းအောင် ။ ရေးလက်စ - ၁
ရေးလက်စ @ ၁ @
သူတောင်းစား က စပြီး
သမ္မတ အထိ
အားလုံး
ရေးလက်စတွေပဲ ဆိုပါတော့ ။
မှားပါ မှန်ပါ
ပြင်ပါ ဆင်ပါ
ဖြည့်ပါ စွက်ပါ
ရေးချင်လည်းရေး
မရေးချင်လည်းရေး
အသေခံ ရေးသူလည်း ရှိ
သေအောင်ရေးသူလည်းရှိ
မသေရုံတမယ် ရေးရသူလည်းရှိ
မသေအောင်ရေးကြသူတွေလည်းရှိ
ချုံ့လိုသပဆို ချုံ့
ချဲ့လိုသပဆို ချဲ့
လိုရင်းက အရင်းပဲ လိုတယ်
ဂုတ်ပေါ်ဝဲနေတဲ့ ဓါးလို
ရေးလက်စနေ့တွေ
နားရင်းနား ဝီခေါ်နေတဲ့
ကျည်ဆန်တွေ လို
ရေးလက်စနေ့တွေ
တစ်နေ့နေ့
ရာဇာပလ္လင် ဖင်လာကပ်နိုးနိုး
ရေးလက်စနေ့တွေ
ကြည့်မကောင်းလည်း ထပြန်မရ
ကြားမကောင်းလည်း
ကျော်မရ ခွမရ
အခု ရေးလက်စ ဟာ
နောက်ဆုံးတစ်ကြောင်းဆို
အရေးပါတဲ့ အရေးဟာ
ဘာအရေးလဲ ။
ရန်လင်းအောင်
Friday, April 25, 2014
Friday, February 14, 2014
“တပို့တွဲလပြည့် သြ၀ါဒပါတိမောက်အခါတော်နေ့”
“တပို့တွဲလပြည့်
သြ၀ါဒပါတိမောက်အခါတော်နေ့”
•••••••••••••••••••••••••••••••••••••••••••
တပို့တွဲလပြည့်နေ့တွင် ဘုရားရှင်တိုင်း တပည့်သားတို့အား သြ၀ါဒ ပေးတော်မူသည်ကို
အကြောင်းပြု၍ ထိုနေ့ကို သြ၀ါဒပါတိမောက် အခါတော်နေ့အဖြစ် သတ်မှတ်ထားပါသည်။ တပို့တွဲလပြည့်နေ့၏
ထူးခြားချက်များမှာ ...
- အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်သောနေ့၊
- အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလန် ဧတဒဂ်ရသောနေ့၊
- အင်္ဂါလေးရပ်နှင့်ပြည့်စုံသော ရဟန်းပရိသတ်တို့ အလိုအလျောက် စုဝေးမိသောနေ့၊
- ဘုရားရှင်တိုင်း သြ၀ါဒပါတိမောက် ပြတော်မူသောနေ့ ... တို့ ဖြစ်ပါသည်။
ဘုရားရှင်တို့၏ အဆုံးအမ သြ၀ါဒါနှင့် ပညတ်တော်မူသော သိက္ခာပုဒ်များကို
ပါတိမောက်ဟုခေါ်ပါသည်။
ပါတိမောက်တွင် သြ၀ါဒပါတိမောက်နှင့် အာဏာပါတိမောက်ဟူ၍ နှစ်မျိုးရှိသည်။
သြ၀ါဒပါတိမောက်ကို ဘုရားရှင်တို့သာ ပြခွင့်ရှိသည်၊ တပည့်သာဝကတို့ ပြခွင့်မရှိပါ။ ဘုရားတဆူနှင့်တဆူ
သြ၀ါဒပေးပုံ ကွဲပြားခြားနားမှု မရှိ၊ ပြတော်မူသည့် အချိန်ကာလသာ ကွဲပြားသည်။
ဥပမာ ...
၁။ ၀ိပဿီမြတ်စွာဘုရားသည် ၇-နှစ်လျှင်တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။
တကြိမ်ပြလျှင် သြ၀ါဒ ၇-နှစ် ကြာ တည်တံ့သည်။
၂။ သိခီနှင့် ဝေဿဘူမြတ်စွာဘုရားတို့သည် ၆-နှစ်လျှင်တကြိမ် သြ၀ါဒပါတိမောက်ကို
ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၆-နှစ်ကြာ တည်တံ့သည်။
၃။ ကကုသန်နှင့် ကောဏာဂုမ်မြတ်စွာဘုရားတို့သည် ၁-နှစ်လျှင် တကြိမ် သြ၀ါဒပါတိမောက်ကို
ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၁-နှစ်ကြာ တည်တံ့သည်
၎။ ကဿပမြတ်စွာဘုရားသည် ၆-လလျှင်တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။
တကြိမ်ပြလျှင် သြ၀ါဒ ၆-လကြာတည်တံ့သည်။
သက်တမ်းရှည်သော ဘုရားတို့မှာ သြ၀ါဒပါတိမောက်ကို သာသနာခေတ်ဆုံးတိုင်
ပြတော်မူကြသည်။ သက်တမ်းတိုသော ဘုရားရှင်တို့မှာ ပထမဗောဓိ ခေါ်သော ၀ါတော် ၂၀ အတွင်း၌သာ
သြ၀ါဒ ပါတိမောက်ကို ပြတော်မူလေ့ရှိပါသည်။ သိက္ခာပုဒ်တော် ပညတ်ချိန်မှစ၍ သြ၀ါဒ ပါတိမောက်ကို
ပြတော်မမူဘဲ အာဏာပါတိမောက်ကိုသာ ပြစေတော်မူပါသည်။
ဘုရားရှင်တို့သည် သြ၀ါဒပါတိမောက်ကို ...
- တပို့တွဲလပြည့်နေ့ ကြုံကြိုက်ခြင်း၊
- ဧဟိဘိက္ခုရဟန်းချည်းသာဖြစ်ခြင်း၊
- ဆဠာဘိည ပဋိသမ္ဘိဒါပတ္တ ရဟန္တာချည်းဖြစ်ခြင်း၊
- မည်သူမျှ မပင့်ဖိတ်ဘဲ စုဝေးမိခြင်း ...
ဤ အင်္ဂါ လေးချက်နှင့် ပြည့်စုံမှ ပြမြဲ ဖြစ်ပါသည်။
ဂေါတမ မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပို့တွဲလပြည့်နေ့တွင်
အထက်ဖော်ပြပါ အင်္ဂါလေးရပ်နှင့် ပြည့်စုံသော ကဿပညီနောင် ရှင်တထောင်၊ အရှင်သာရိပုတ္တရာ၊
အရှင်မဟာမောဂ္ဂလန်နှင့် တပည့် ၂၅၀၊ စုစုပေါင်း ရဟန္တာ ၁၂၅၂ ပါးတို့အား ဂါထာသုံးပုဒ်ဖြင့်
သြ၀ါဒပါတိမောက်ကို ပြတော်မူပါသည်။ သြ၀ါဒပါတိမောက်ဂါထာသည် သီလ, သမာဓိ, ပညာကို ဟောကြားထား၍
ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု ခေါ်ပါသည်။ သြ၀ါဒပါတိမောက်ဂါထာအတိုင်း လိုက်နာကျင့်ကြံပါက
ကိုယ်, နှုတ်, စိတ် ယဉ်ကျေးလိမ္မာပြီး အို, နာ, သေ လွတ်ရာ နိဗ္ဗာန်သို့ ရောက်ရှိနိုင်မည်
ဖြစ်ပါသည်။
{ သြ၀ါဒပါတိမောက် ပါဠိ -မြန်မာ}
သဗ္ဗပါပဿ အကရဏံ
ကုသလဿ ဥပသမ္ပဒါ
သစိတ္တပရိယောဒါပနံ ၊ ဧတံ ဗုဒ္ဓါန သာသနံ ။
အကုသိုလ်များ ရှောင်ရှားပယ်လေ
ကုသိုလ်တရား ဖြစ်ပွားစုံစေ
မိမိစိတ်ဓါတ် ဆွတ်ဆွတ်ဖြူစေ
ဤသုံးပါး ဘုရားဆုံးမပေ ။
Monday, February 10, 2014
တောင်ငူ၊ ရွှေဂူကြီး ဘုရား အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ
![]() |
| ရွှေဂူကြီး ဘုရား၊ တောင်ငူမြို့၊ (၁) ရပ်ကွက်၊ ထီးလှိုင်ရပ် |
![]() |
| ပင့်စာ |
ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့နယ်၊ တောင်ငူမြို့၊ (၁) ရပ်ကွက်၊ ထီးလှိုင်ရပ် တွင် တည်ထားကိုး ကွယ်တော်မူသော ၊ ရွှေဂူကြီး ဘုရား ၌ ( ၃၁) ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းပူဇော်ပွဲကြီးကို
သာသနာတော်နှစ် ၂၅၅၇ ခုနှစ် ၊ ကောဇာသက္ကရာဇ် ၁၃၇၅ ခု- တပို့တွဲ လဆန်း ၁၁ ရက် မှ ၁၄ -ရက်နေ့ နံနက် ၆း၀၀ အချိန်အထိ ( 10.2.2014 မှ 13.2.2014) နံနက် ( ၆း၀၀ ) အချိန်အထိ ၊ (၃) ရက်တိုင်တိုင်ကျင်း
ပ ပြုလုပ် ပူဇော်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည် ။
![]() |
| ရွှေဂူကြီး ဘုရား၊ တောင်ငူမြို့၊ (၁) ရပ်ကွက်၊ ထီးလှိုင်ရပ် |
![]() |
| သံဃာတော် တစ်ပါး ပဋ္ဌာန်းရွတ်ဖတ်ပူဇော်နေစဉ် ။ |
![]() |
| ရွှေဂူကြီး ဘုရား၊ တောင်ငူမြို့၊ (၁) ရပ်ကွက်၊ ထီးလှိုင်ရပ် |
Subscribe to:
Posts (Atom)













