Monday, May 19, 2014

စီ မံ ခ န့် ခွဲ မှု ။ မ င်း ညွ န့် လှို င်

        စီ မံ ခ န့် ခွဲ မှု

အချိန်နဲ့တစ်ပြေးညီဆိုပြီး
မီးတောက်တွေပန်းထွက်နေတဲ့ပါးစပ်ကြီးတော့လား
ခြံပေါက်ဝမှာ
အစောင့်တစ်ကောင်လိုပစ်ချထားလိုက်မယ် ။

ဝက်မြီးလိုအငြိမ်မနေ
တွေ့ကရာထိုးထိုးနေတဲ့ဒင်းလက်ညှိုးကိုတော့
အသားစားတိရစ္ဆာန်တစ်ကောင်ဆီ
သွေးစစ်ဆေးဖို့ပေးပို့ရမှာပေါ့ ။

လျင်မြန်ဖျတ်လတ်မှုကို
အလွန်အမင်းလိုလားသူလူကြီးမင်းအား
မျောက်လှောင်အိမ်မှာနေရာချထားမယ် ။

ငါ့ပုခုံးပေါ်ကလက်မည်းကြီးကိုပုတ်ချမယ်
ငါ့ဒိန်ခဲကိုငါရွှေ့မယ် ။        ။

                                                                          မင်းညွန့်လှိုင်       


xv

တစ် ( one ) ရန်လင်းအောင်

တစ် ( one ) ရန်လင်းအောင်

တစ်

တစ်ကိုယ်တော်ဆိုတော့
အင်ပြည့်အားပြည့်ပဲ

တစ်ပွေတည်းဆို
ပေါ့ ပေါပါးပါး
လွတ်လပ်တယ်

တစ်ယောက်တည်းဆို
ဟာတာတာနဲ့
ပျင်းသလိုလို
ဝမ်းနည်းသလိုလို

တစ်ကိုယ်ရည်ဆို
လွမ်းလွမ်းဆွေးဆွေး
ကြေကွဲစရာပေါ

                            ရန်လင်းအောင်

တောင်ငူမြို့ဟောင်း ဓညဝတီမြို့ ဓာတ်ပုံ မှတ်တမ်း

စည်းခုံကြီးစေတီတော်တွင် တွေ့ရှိရသော
 ရှေးဟောင်းအုတ်ခွက်ဘုရားများ

တောင်ငူမြို့ဟောင်း ဓညဝတီ မှတ်စု

တောင်ငူမြို့ဟောင်း
ဓညဝတီရှေးဟောင်းမြို့တော်မှ
စည်းခုံကြီးစေတီ နှင့် မြမုနိန္ဒ စေတီ မရောက်မှတ်တမ်းဓာတ်ပုံများ ၁
တောင်ငူမြို့ စည်းခုံကြီးစေတီတော် ရှိ သဝန်ကြီး
သဝန်ငယ်ညီနောင်

စည်းခုံကြီး စေတီတော်မြတ် 

Friday, May 9, 2014

ရန်လင်းအောင် @ ရေးလက်စ @ ၃

ရန်လင်းအောင်၊ ရေးလက်စ - ၃




@  ရေးလက်စ - ၃  @

ဒုက္ခပဲ
ဒုက္ခပဲ
ဒုက္ခပါပဲ ။

ဒုက္ခပဲ
ဒုက္ခပဲ
ဒုက္ခပါပဲ ။

ဒုက္ခပဲ
ဒုက္ခပဲ
ဒုက္ခပါပဲ ။

ဤနည်းဖြင့်
ပြိုင်တူပဲ ဆိုဆို
တစ်ကိုယ်တော်ပဲ ဆိုဆို
အထက်ပါအတိုင်း
တစ်လုံးချင်း
ရွတ်ပါ
ဆိုပါ
ဖြည်းဖြည်းချင်း
ဖွဲ့ပါ
နွဲ့ပါ
မသေမချင်း အူထွက်နေမယ့်
မီးခိုးတွေမို့ပါ ။

                    ရန်လင်းအောင်




Thursday, May 8, 2014

ကဗျာဆရာ ( ဇောသစ် ) ၄ နှစ်ပြည့် အလွမ်းပြေ . . .

ကဗျာဆရာ ဇောသစ် နောက်ဆုံး သီတင်းသုံးတော်မူခဲ့သော  ကျောင်းတိုက် နှင့်
အဆောင်

ကဗျာဆရာ ဇောသစ် ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အလွမ်းပြေ




- နှစ် ပြည့် အလွမ်း . . . . .

ဒီနေ့ ၈ . ၅ . ၂၀၁၄ ရက်နေ့ဟာ
ကဗျာဆရာ ဇောသစ် 
ဘဒ္ဒန္တစန္ဒောဘာသ ရဲ့  ကွယ်လွန်ခြင်း
( ၄ ) နှစ်ပြည့် မြောက်တဲ့နေ့ပါ ။
ကဗျာဆရာ ဇောသစ်ကို အောက်မေ့ခြင်းအထိမ်းအမှတ်အဖြစ်
မန်းချောင်းလရောင်စာအုပ်တိုက်မှ
စီစဉ်တင်ဆက်ခဲ့တဲ့
Poetry Life ကဗျာဆိုင်ရာ စာအုပ်မှာ ဖေါ်ပြခဲ့တဲ့ သူ့ရဲ့ ကဗျာတစ်ပုဒ်ကို
အလွမ်းပြေ တင်ဆက်လိုက်ရပါကြောင်း

သတိရမိတဲ့ တရား

မုဆိုးက
သားကောင်ကို ချောင်းမြောင်းသလို
သူက
သူ့ဘဝသူ ပြန်ချောင်းလေရဲ့  ။

အချစ်နားနီးပြီး အချစ်မရသူလို
တရားနားနီးပြီး တရားမရသူ
တောထဲက သားကောင်ရသလို
ဘဝထဲက တရားရချင်တယ် ။

တစ်လံမှာ ၃၂ ကောဋ္ဌာသ
သူလည်း သူ့ခံစားမှုနဲ့သူ
ကိုယ်လည်း ကိုယ့်ခံစားမှုနဲ့ ကိုယ်
စိတ်က စိတ်ကိုသင်ကြားခဲ့ရ
ဓမ္မနှင်းတွေ
ဘဝနွေရဲ့  မနက်ခင်းထဲ
တဖွဲဖွဲကျကာနေတော့တယ် ။

          ဇောသစ်
        Poetry Life
                     ပ- ကြိမ် - ၂၀၁၁ . ဒီဇင်ဘာ

လိုင်းအခက်အခဲကြောင့် တစ်ရက်နောက်ကျပြီးမှ ဒီပို့စ် ကိုတင်ဖြစ်ပါသည် ။