Thursday, February 18, 2016
စနေတစ်နေ့ ဆရာမြ နှင့် စာဖတ်သံများ - ခက်ဦး
ပန်းချီ - မျိုးမင်း
စနေတစ်နေ့ ဆရာမြနှင့် စာဖတ်သံများ
_________________________________________
                                     ခ က် ဦး
ဆရာမြသန်းတင့်ရဲ့ပုံတစ်ပုံ ဖေ့စ်ဘွတ်ခ်ပေါ်မှာတွေ့လိုက်ရသည် ဆရာမြသန်းတင့်ချစ်သူများဆိုတဲ့ ဂရုတစ်ခု ဆက်တွေ့ရပြန်သည် ။ လွန်ခဲ့သော ၁၈နှစ်ခန့်က မထင်မရှားရှိခဲ့သည့်ကျွန်တော့်ရဲ့ အတိတ်ကရက်စွဲတစ်ခု၊
စာမျက်နှာတရွက်____
ကျွန်တော့်ကိုဖတ်ရှုသွားခဲ့ဖူးသောစာမျက်နှာတရွက် ၊
 အခုကျွန်တော့်ကို ဖုန်မှုန့်ကလေးများခပ်ရွရွမှုတ်ထုတ်ပြီး ပြန်လည်လှန်လှော ဖတ်ရှုခံနေရသလို ခံစားလိုက်ရပြန်ပါသည် ။
လွန်ခဲ့သော ၁၈ နှစ်ခန့်က ရက်စွဲတစ်ခု၏ တနေ့သော စနေ တရက်တွင်ဖြစ်ပါသည် ။ ကျွန်တော်က ထိုနေ့တွင် တောင်ငူမြို့ ရေတာရှည်၊ ဇေယျဝတီ၊ ကြံလုပ်ငန်း ရုံးတစ်ရုံးတွင် တယ်လီဖုန်းစောင့်ဝန်ထမ်းတစ်ဦးဘဝနှင့် ရုံးအချိန်ပိုဆင်းနေခဲ့ရပါသည် ၊ ထိုနေ့က ရုံးပိတ်ရက်အချိန်ပိုဆင်းရသူက ကျွန်တော်တစ်ယောက်ထဲသာဖြစ်သဖြင့် ရုံးတွင်အထက်အရာရှိလည်းတစ်ဦးတစ်ယောက်မျှရှိမနေ ဘဝတူဝန်ထမ်းများလည်းရုံးမတက်ကြရဘဲ ကျွန်တော်တစ်ယောက်ထဲသာ မြို့လယ်က အိမ်တစ်လုံး၏ အပေါ်ထပ်တစ်ခုကိုငှားဖွင့်ထားသော ရုံးခန်းကျဉ်းလေးတစ်ခုထက်ဝယ် တယ်လီဖုန်းတစ်လုံးနှင့် သကြားစက်နှစ်လုံးမှ ပေးပို့ရောက်ရှိလာသော ရုံးချုပ်သို့ပို့ရန်စာရင်းဇယားများ စောင့်ယူ တဆင့်ပေးပို့ဖို့ ရုံးစောင့်သာသာ တယ်လီဖုန်းစောင့်ဝန်ထမ်းငယ်လေးအဖြစ်တစ်ယောက်ထဲရှိနေခဲ့ဖူးချိန်လည်းဖြစ်ပါသည် ။
Wednesday, February 17, 2016
အ သံ … - မြန်ဟိန်း
http://www.carlasonheim.com/wp-content/uploads/2014/02/consolation.jpg
အ သံ … …
°°°°°°°°°°°°°°°°°°°°°°°
နှလုံးသားနဲ့ လွှမ်းထားတယ်  ၊
တောင်ပံပွင့်ဖတ်ကလေး
တွန့်ကြေသွားမှာစိုးရဲ့ ၊
မ င့် ကို
မဖမ်းရက်ပါဘူး
လိပ်ပြာငယ်  … … …
မြန်ဟိန်း
မီးမှတ်တမ်း - တင်လတ်ကို
http://www.google.com.mm/search?q=fire+abstract+painting&prmd=ivsn&source=lnms&tbm=isch&sa=X&ved=0ahUKEwiK6ZWQ-v7KAhUNkY4KHYiwCogQ_AUIBygB&biw=360&bih=524#imgrc=tS-vMCi_H6IsAM%3A
မီး မှ တ် တ မ်း
°°°°°°°°°°°°°°°°°
မီးဗျို့
မီးမီး ။
တနေ့ တနေ့ 
ကြားနေရတဲ့အသံ။
တနေ့ တနေ့ 
မကြားချင်ဆုံးသောအသံ။
ရေ
မီး
မင်း
ခိုးသူ
မချစ်မနှစ်သက်သောသူ
တခုပြီးတခု။
ရေပုံးကိုယ်စီနဲ့ 
တော်လှန်ရေးနည်းပေါင်းစုံ ကုန်ခဲ့ပြီ ။ ။
တင်လတ်ကို
Tuesday, February 16, 2016
အ နှု တ် ကိ န်း များ - ခ င် လွ န်း
http://www.lagassegallery.com/galleries/1655/1655.htm
အနှုတ်ကိန်းများ
........................
အိပ်မက် မက်ပါတယ်
တိမ်နဲ့ငြိနေတယ်
ရှေ့ဆက်လို့မရဘူး
အိပ်မက်ဟာ
နိုးမက်ဖြစ်သွားတယ်
ငါ့ ဘ ဝ
ညတည ဆုံးရှုံးသွား … … …
                        ခ င် လွ န်း
၁၇ ဖေဖော်ဝါရီ ၂၀၁၆
၀၀း၃၇
Monday, February 15, 2016
ချိုး ဖြူ - မောင်ကြူးရင့်
ချိုး ဖြူ
___________________________
အ ပြာေ ရာ င် အ သံ ကို ကြား ချ င် ပြီ ။
မောင်ကြူးရင့်
ရ နံ့ - သားထက်ဆွေ
ရ နံ့
°°°°°°°°°°°°°°°°°°°°°°°°
ထွေးလုံးရစ်ပတ်လူးလှိမ့်
ဒလိမ့်ခေါက်ကွေး
ဒရွတ်တိုက်
ရောယှက်သမနှောက်မွှေ
ဖရိုဖရဲပြိုလဲ
ဝရုန်းသုဉ်းကား
ဟိုတကွဲသည်တစ
ရနံ့ ပေါင်းစုံကို
ဒရောသောပါးနဲ့ 
သယ်ဆောင်လာခဲ့ပြီ။
ပန်းရနံ့ တွေကို
ဘယ်လိုနမ်းရှိုက်ရမှာလဲ
မုန်တိုင်းထဲမှာ  … … … …
သားထက်ဆွေ
ကြားဘူတာ ။ ဒဿနေမင်း
ကြားဘူတာ
______________________
                 ဒဿ နေမင်း