Thursday, December 26, 2013

၁ / ၂၀၁၄ written by : ရန်လင်းအောင်

၁ /   written by :ရန်လင်းအောင်

၁  / ၂၀၁၄

ဝဋ်ကမ္ဘာ ကျေအောင်
စစ်အထာတုံ့လှည့်တွေနဲ့
ဆပ်မရနိုင်ပါကြောင်း
ထပ်လောင်းသတိပေး
ကြေငြာအပ်ပါသည် ။         ။

                              ရန်လင်းအောင်
                                ၂၆၁၂၂၀၁၃      

ခရိုနီ ၊ written by; ရန်လင်းအောင်

ခရိုနီ ၊ written by; ရန်လင်းအောင်



ခရိုနီ

ရထားခုန်တော့လိုက်ခုန်သလိုပေါ့
ရထားယိမ်းတော့လိုက်ယိမ်းသလိုပေါ့
ပျော်စရာကြီး
တင်းခံမနေနဲ့ ၊
ဘာ!!!
ခေတ်ကိုထမ်းရမတဲ့
သေလိုက် !!
ဒီမယ်
ခေတ်အငိုက်ကိုချောင်း
ခေတ်အရှိုက်ကိုအားကုန်တွယ်
ခေတ်အလိုက်မှာမျှောချ
ဇယားအစောင်းဟာ ပေါင်းတတ်ရင်
ကိုယ့်နင်းကြမ်းချည့်ပဲ
မှတ်ထား  . . . . ။

                      ရန်လင်းအောင်
                        8.11.2013

Wednesday, December 18, 2013

အို . . . ၂၀၁၅ ၊ written by ရန်လင်းအောင်

အို . . .  ၂၀၁၅ ၊ ရန်လင်းအောင်  


 
အို . . . ၂၀၁၅

၂၀၁၅  ကို ရောက်ပါ့ မလား
၂၀၁၅  ကော ရှိပါ့ မလား

၂၀၁၅ ကို ဇောကပ်လို့
၂၀၁၅ ကို ဆီမန်းမန်းလို့
၂၀၁၅ ကို ခေါင်းနားပန်းကြီးလို့

ဖုတ်ပူမီးတိုက် ၂၀၁၅ လား
ဒေါင်းတင်မောင်းတင်  ၂၀၁၅ လား
ကလီကမာ ၂၀၁၅ လား
ကတိမ်းကပါး ၂၀၁၅ လား

၂၀၁၅  က စောင့်ပါ့ မလား
၂၀၁၅  ကို မိပါ့ မလား
၂၀၁၅  ကို ရောက်ပါ့ မလား
၂၀၁၅  ကော ရှိပါ့ မလား
ဤစာသားများ
သွားလမ်းသာလို့ လာလမ်းဖြောင့်ကြပါစေသား
အို . . . ၂၀၁၅  


ရန်လင်းအောင်
 28.6.2013

Friday, December 6, 2013

အောင်ဘညို၊ ကဗျာ ဆောင်းပါး ၊

အလင်္ကာ ၀တ်ရည်  စာပေအနုပညာ မဂ္ဂဇင်း၊အတွဲ (၉)၊ အမှတ် (၁၁) ၊ နိုဝင်ဘာ ၂၀၁၃

အလင်္ကာ ၀တ်ရည်  စာပေအနုပညာ မဂ္ဂဇင်း၊အတွဲ (၉)၊ အမှတ် (၁၁) ၊ နိုဝင်ဘာ ၂၀၁၃





အလင်္ကာ ၀တ်ရည်  စာပေအနုပညာ မဂ္ဂဇင်း၊အတွဲ (၉)၊ အမှတ် (၁၁) ၊ နိုဝင်ဘာ ၂၀၁၃

အလင်္ကာ ၀တ်ရည်  စာပေအနုပညာ မဂ္ဂဇင်း၊အတွဲ (၉)၊ အမှတ် (၁၁) ၊ နိုဝင်ဘာ ၂၀၁၃

Tuesday, December 3, 2013

ေ လ း ကၽြ န္ း ေ ျမ - ဓ မၼ စ ာ ေ ပ

ေ လ းကၽြ န္ း ေ ျမ ၊  တ ရ ာ း စ ာ ေ ပ

ေ လ း ကၽြ န္ း ေ ျမ - တ ရ ား စ ာ ေ ပ ။


လောကဓါတ် အစပြုရာ
မှတ်သားလေ့လာ အဂ္ဂညဒေသနာ

ကမ္ဘာဦးက လူများဟာ ဗြဟ္မာဘ၀ ကနေ ဘွားခနဲလူဖြစ်လာကြတယ် လို့ ဆိုတယ်။ ဒါဆို ဘာဖြစ်လို့ မြေကြီးထဲက ရုပ်ကြွင်းတွေဟာ ဒါဝင်ရဲ့ အီဗော်လူးရှင်း သီအိုရီကို အများအားဖြင့် ထောက်ခံပြီး ယနေ့လူသားပုံအရုပ်မတွေ့ရတာလဲ???

ဗုဒ္ဓမြတ်စွာ ဒေသနာတွင် ကမ္ဘာဦး (လောကဓါတ် အစပြုရာ) အကြောင်းကို သုတ္တန်ပိဋကတ် ဒီဃနိကာယ် ပါထိက၀ဂ် အဂ္ဂညသုတ်၌ ဟောတော်မူထားသည်ဖြစ်ရာ ထိုသုတ္တန် ကို လေ့လာကြရပေမည်။
ထို၌ ' ပုဏ္ဏားမျိုးမှ ရဟန်းပြုလာသူ ၂ ဦးအား ပုဏ္ဏားတို့က မိမိတို့အမျိုးသာမြတ်ကြောင်း ကျန်အမျိုးများမှာယုတ်ကြောင်း စသည်ဖြင့် ဆဲရေး၏။ မြတ်စွာဘုရားက မြတ်ခြင်း ယုတ်ခြင်းသည် အမျိုးနွယ်ဇာတ်နှင့်မဆိုင် ကျင့်သုံးထားသောတရား သိမြင်ထားသောတရားတို့နှင့်သာ သက်ဆိုင်ကြောင်း ရှင်းပြတော်မူပြီး ရဟန်းတို့သည် တရားကိုမှီ၍ သာကီဝင်မင်းသား ဘုရားသားတော်ဖြစ်ကြောင်း မိန့်တော်မူ၏။ ထို့နောက် အကြောင်းအားလျော်သည်ဖြစ်၍ ကမ္ဘာလောကဓါတ်အစ ကို ဟောတော်မူလေ၏။'

မြတ်စွာဘုရားဟောတော်မူသည်မှာ -
‘‘ဟောတိ ခေါ သော, ဝါသေဋ္ဌ, သမယော ယံ ကဒါစိ ကရဟစိ ဒီဃဿ အဒ္ဓုနော အစ္စယေန အယံ လောကော ဝိဝဋ္ဋတိ။ ဝိဝဋ္ဋမာနေ လောကေ ယေဘုယျေန သတ္တာ အာဘဿရကာယာ စဝိတွာ ဣတ္ထတ္တံ အာဂစ္ဆန္တိ။ တေဓ ဟောန္တိ မနောမယာ ပီတိဘက္ခာ သယံပဘာ အန္တလိက္ခစရာ သုဘဋ္ဌာယိနော စိရံ ဒီဃမဒ္ဓါနံ တိဋ္ဌန္တိ။ (အဂ္ဂည ၁၁၉)'
'ကာလကြာရှည်သော် လောကဓါတ်သည်ပျက်၏။ ထိုအခါ သတ္တ၀ါတို့သည် အများအားဖြင့် အာဘဿရဘုံ၌ ဖြစ်ကုန်၏။ ကာလကြာသော် လောကဓါတ်တည်ပြန်၏။ ထိုအခါ သတ္တ၀ါတို့သည် အာဘဿရဘုံမှ စုတေ၍ ဤလောကဓါတ်အသစ်သို့ ရောက်လာကြ၏။.....' စသည်ဖြင့် ဟောကြားတော်မူခဲ့ပါသည်။ ထို၌ သတိပြုဖွယ်မှာ အာဘဿရဘုံမှ စုတေလာသော သူများကို ' ရှေးဟောင်းလူသား မူလ မနုဿာ/ ပေါရာဏ မနုဿာ' ဟုဟောတော်မမူပဲ 'သတ္တာ / သတ္တဿ' ဟူ၍ ယေဘူယျသဘောအားဖြင့် 'ထင်ရှားဖြစ်လာသော သက်ရှိ' ဟုသာ ဟောပြောထားပါသည်။ (မှတ်ချက်။ ဒါဝင်၏ သီအိုရီကို အမှားအမှန် စိစစ်နေသည်မဟုတ်ပါ။ ဒါဝင် အီဗော်လူးရှင်း သီအိုရီကလည်း သက်ရှိအစကို ဖော်ပြခြင်းမဟုတ် သက်ရှိများ ပတ်ဝန်းကျင်နှင့် ဆက်စပ်၍ အဆင့်ဆင့် ပြောင်းလည်းပုံကို ဖော်ပြသည်ဟု ဆို၏)

ကမ္ဘာဦး၌ နေလနက္ခတ်များမရှိ ထိုသူများတောင့်တမှသာ ဖြစ်လာသည် ဟူသော မိန့်ကြားချက် ကို ဘာသာခြားများက ရယ်ဖွယ်လုပ်နေကြသည်။ အမှန်မှာ ထိုသို့ နေလနက္ခတ်များမရှိကြောင်း မိန့်ကြားချက် တစ်ချက်ပင်မရှိချေ။ မြတ်စွာဘုရားဟောတော်မူသည်မှာ-
၁၂၀။ ‘‘ဧကောဒကီဘူတံ ခေါ ပန, ဝါသေဋ္ဌ, တေန သမယေန ဟောတိ အန္ဓကာရော အန္ဓကာရတိမိသာ။ န စန္ဒိမသူရိယာ ပညာယန္တိ, န နက္ခတ္တာနိ တာရကရူပါနိ ပညာယန္တိ, န ရတ္တိန္ဒိဝါ ပညာယန္တိ, န မာသဍ္ဎမာသာ ပညာယန္တိ, န ဥတုသံဝစ္ဆရာ ပညာယန္တိ, န ဣတ္ထိပုမာ ပညာယန္တိ, သတ္တာ သတ္တာတွေဝ သင်္ချံ ဂစ္ဆန္တိ။ ''
'ထို (ကမ္ဘာဦး) အခါ၌ ရေပြင်ကျယ်ကြီးသာရှိ၏။ မမြင်နိုင်လောက်အောင် မှောင်၏။ အလွန်မှောင်၏။ လနေတို့သည် ထင်ထင်ရှားရှားမရှိ။............' စသည်ဖြင့်သာ ဟောထားပါသည်။ 'န စန္ဒိမသူရိယာ ပညာယန္တိ = စန္ဒိမသူရိယာ၊ လနေ တို့သည်။ န ပညာယန္တိ၊ ထင်ထင်ရှားရှားမရှိ။' ဟူသော ဗုဒ္ဓ၀စနသည် ' နတ္ထိ စန္ဒိမသူရိယာ၊ လနေ တို့ လုံးဝမရှိ' ဟူသော စကားနှင့် လားလားမျှ တူညီခြင်းမရှိပေ။ ထို့အတူ 'သတ္တာ သတ္တာတွေဝ သင်္ချံ ဂစ္ဆန္တိ၊ သက်ရှိတို့သည် သက်ရှိဟု ခေါ်ဝေါ်ရေတွက်ခြင်းသို့ သာ ရောက်ကုန်၏' ဟူသည့် ဗုဒ္ဓ၀စနကလည်း သိပ္ပံပညာရှင်တို့ ခန့်မှန်းထားသည်နှင့် ဆန့်ကျင်ခြင်းမရှိပါပေ။ကနဦးအစ သက်ရှိ ဖြစ်လာခြင်း အကြောင်း သိပ္ပံပညာရှင်များ၏ ခန့်မှန်းချက်များမှာ စာရှည်မည်ငဲ့၍ မဖော်ပြလိုတော့။ (မှတ်ချက်။ သိပ္ပံပညာကို မှန်မမှန် ဝေဖန်ခြင်းမဟုတ်သလို ဗုဒ္ဓဒေသနာကို သိပ္ပံပညာနှင့် လိုက်ညှိနေခြင်းလည်းမဟုတ်။ ဆဋ္ဌမူပါဠိတော်အတိုင်း အနက်ပြန်လေ့လာခြင်းသာဖြစ်သည်)

Saturday, November 30, 2013

နွေဦး ၊ written by ; မောင်သော်တာ

နွေဦး
            written by  ; မောင်သော်တာ

*ေ နွ ဦး *ေ မာ င်ေ သာ် တာ


နွေဦး

မီးခိုးငွေ့လား ယမ်းငွေ့လား
မြို့တွေရွာတွေ ကျီးလန့်စာစား
ချိုးကူသံလေးပျောက်ဆုံးသွား   

                    မောင်သော်တာ