Saturday, April 18, 2015

နှစ်ကူးဆုတောင်း ။ ကိုသားကြီး

facebook စာမျက်နှာတစ်ခုမှ ယူသည် ။


နှစ် ကူး တောင်းဆု 


ကြည်လင်သောစိတ်နဲ့ မေတ္တာ ဓာတ်ကို အရင် မွေးမြူ ပြီးတော့
ရေ စပ်မှာ တဖြည်းဖြည်းချင်း
စေတနာကို လောင်း သွန်လိုက်တယ် ။
လွှတ်ပေးလိုက်တာ က
မလူးသာ မကူးသာ ဘဝ ရောက်
ငါး လေးတွေ ဆို
ချမ်းမြေ့ပျော်ရာ ရေကြည်သာ မှာ
မိသားစုနဲ့ အေးစေချင်တယ် ။
အိမ်ပြန်မရောက် သေးတဲ့
ညီလေး တွေ ဆီ
ဒီနေ့ ပို့တဲ့မေတ္တာ ဓာတ် ကို
တောင်တန်းတွေဖြတ် ပြီး
ဆိုက်ရောက် စေချင်ရုံ ။
ငှက်ကလေး တွေ လွှတ်ပေး တော့လည်း
လှောင်ချိုင့် ကို တိုးထွက်
အပြင်ဘက်ကောင်းကင်မှာ
ငြိမ်းချမ်းစွာ ပျံသန်း
ရှေ့ခရီးလမ်း ကို ဆက်လျှောက်စေချင်တယ် ။
အိမ်အဝင်လမ်း က မှန်း မျှော်တရင်း
ဝမ်းနည်း စိုးထိတ်
အပျော် ရိပ် ပျောက် နေရှာ တဲ့
ဇနီး သည် လည်း
မျက်ရည် ဟောင်းသစ်
ကျစ်လစ် ထားသို
နွေကို အံတု တောင်းဆု ခြွေ တယ်။
လွတ်လပ် ပါစေ
လွတ်လပ်ကြပါစေ ။ ။

                     ကိုသားကြီး

Thursday, April 16, 2015

-->> ၁ ၃ ၇ ၆ -->> ၁ ၃ ၇ ၇


-->> ၁ ၃ ၇ ၆ -->> ၁ ၃ ၇ ၇

အားလုံး  အနှစ်
အားလုံး  အသစ်
မဟုတ်ခဲ့ပေမယ့်
အမှန်တကယ်
ချစ်စိတ်အပြည့်နဲ့
နေထိုင်ဖြတ်သန်းခဲ့ပါတယ်
၁ ၃ ၇ ၆ ---->>>

               ကဗျာ " အား " ဖြင့်
                ရ န် လ င်းေ အာ င်

ပိတောက်တစ်ခက်မို့ တစ်သက်ဆိုရင် တစ်ဘက်လက်နဲ့ရွယ်


ပိတောက်တစ်ခက်မို့

တစ်သက်ဆိုရင်တစ်ဘက်လက်နဲ့ရွယ်

___________________
အချိန်နာရီရဲ့စားဖတ်ဝါးဖတ်ထဲမှာကျန်နေဆဲပဲ
သင်္ကြန်ညရဲ့အုန်းလက်ရိပ်လေးထဲမှာငူငူငေါင်ငေါင်
ကျန်နေခဲ့ဆဲပဲ
ဟိုလိမ့်ဒီလိမ့်အခွံတွေထဲမှာသီချင်းသံလိမ့်ပါသွားတယ်
ခရမ်းလွန်ရောင်ခြည်တွေလောင်မြှိုက်ထားတဲ့ပွဲတော်လို့
သံသယဝင်မိလည်းခဏပဲ
ညော်နံ့လားအညှီလားမီးခိုးလားတံလျှပ်လား
ငွေငန်းဖြူတို့ပျော်ရာကန်တော်သာ
ရွှေသမင်လေးတွေရဲ့ရေတံခွန်အောက်ကို
ပျော်ပျော်ကြီးပေါ့အချစ်ရေ
ဒီနှစ်လည်းကြာရင်အဟောင်းပုံထဲ
ပုံမကျပန်းမကျ'ပုံချထားရမှာပဲပေါ့
တပုံကြီးပေါ့
စည်တိုသံ
ဗုံသံ
လျှပ်စစ်ဂစ်တာသံ
အီလက်ထရော်နစ်သင်္ကြန်ကပိတောက်အတုတွေနဲ့
ဟာဝေယံရှပ်အင်္ကျီနဲ့
မဏ္ဌပ်မြင့်မြင့်ကြီးအောက်မှာဗူးခွံလိုက်ကောက်နေတဲ့
ဗိုက်ဟောင်းလောင်းပေါက်အနာဂတ်တွေနဲ့
ဆူဆူညံညံဖောက်ခွဲဟစ်အော်နေတဲ့
ပေါက်ပေါက်ဖောက်စာသားတွေပဲ
ခုန်ပေါက်နေတဲ့ဘီယာအနံ့ထဲမှာ
မဟာသင်္ကြန်ဆိုတဲ့ဝတ်စုံဟောင်းကြီး
ကျပြီးရင်းကျ
ကြပ်ပြီးရင်းကြပ် ရွှဲရွှဲစိုလို့
___________________
မောင် သော် တာ

အတက်နေ့ညနေ ။ ရန်လင်းအောင်


အတက်နေ့ ညနေ


ရွှဲရွှဲစိုနေတဲ့
တစ်ကိုယ်လုံး အားရပါးရ
လိမ်ကျစ်ပြီး ညှစ်ချလိုက်တယ် ။

မတော်မတည့်တာတွေ
ဘယ်လောက်များ ပြောင်စင်သွားမလဲလို့ ။

နောက်ရက်များမှာတော့
မိုးရွာဦးမယ်ဆိုပါစို့
ပိတောက်ပန်းတွေ ပွင့်ကြပေဦးမယ် လို့
သေချာပေါက် ထင်ကိုထင်မိပါသေးတယ် ။

ခုတော့ . . . . . . . . . . .
တစ်ခုခု မေ့ကျန်ခဲ့တဲ့ ခံစားမှုဗေဒ ဟာ
နေရောင်ဖျိုးဖျ
စိုစိစိ လမ်းသွယ်လေးထဲ
ကိုယ်ဖေါ့ သွား သလိုလို
ကိုယ်ပေါ့ သွား သလိုလို
အမှုမဲ့ အမှတ်မဲ့ယောင်ဆောင်ထားလိုက်တော့တယ် ။ ။

ရန်လင်းအောင်
သူ့အကြောင်းနဲ့ ငါ့ အရာ
သူ့အရာ နဲ့ ငါ့  အကြောင်း ကဗျာစာအုပ်မှ ။

ငု ။ ကိုသားကြီး


ငု


တမ်းတ မှု အသစ်မှာ မျက်နှာစိမ်း လို မေ့ထား ကြ ပုံ
တစ်ခိုင်လုံး အဝါ တွဲခို လို့
မချစ်မနှစ်သက်သူတွေ ထဲမှာ
မရှိသေးတာ ကို ချစ်ပြနေတဲ့
အတ္တတွေ နဲ့
သွေးရိုး သားရိုး ငို ရ။
နွေ ဇာတ်လမ်းမှာ
ဇာတ်ပို့ အနေအထား က
ပံ့ပိုးသူ မရှာ ခဲ့ဘူး ။
အရောင် တူ အဆင်ကွဲမှု လေးကြောင့်
သတ်မှတ်ချက် အောက်မှာ သိမ်ငယ်သလို
ခရီးဦးကြို ပြုခဲ့ပါတယ် မိတ်ဆွေ။
လက်ရည် မတူတဲ့ ပြိုင်ဆိုင် မှု ထဲ
အမည် ဂုဏ်သတင်း မပေါ်လွင် ခဲ့ဖူး တော့
ကာလ တို တိုက်ပွဲ ကြုံ တဲ့အခါ
ခံနိုင်စွမ်းသာ အပြည့်
ကျန် နေ ပါ ရ စေ  ။               ။
                       
                                ကိုသားကြီး

Wednesday, April 15, 2015

ကျစေလိုတဲ့ သင်္ကြန် ။ ရန်လင်းအောင်

photo : ကိုလွင် -နန်းမြေ

ကျစေလိုတဲ့ သင်္ကြန်


______________

ရေစိုသူတွေ တဘက်
ရေဆာသူတွေ တဘက်နဲ့
ရှေ့မျက်နှာနောက်ထားပြီး သင်္ကြန်မကျလိုဘူး
နားနဲ့မနာ ဖ၀ါးနဲ့နာရတဲ့ သင်္ကြန်မကျချင်ဘူး ။

ဒီတော့ကာ . . . . .
မုန့်လုံးစက္ကူကပ်များအတွက်
မုန့်လုံရေပေါ် လှူဒါန်းပြီးပါပြီ ။

တနေ့တမျိုး ဆိုးဆေးပြောင်းတဲ့ ဦးခေါင်းများအတွက်
ဘိုးဘွားများအား ခေါင်းလျှော်ကုသိုလ်ယူပြီးပြီ ။

မုသာဝါဒီတွေကို ချေချွတ်နိုင်စေဖို့
ဆိုခဲစေမြဲစေ ပိတောက်ပန်းတွေ
လှူဒါန်းဆက်ကပ်ပြီးပါပြီ ။

ရေပက်မ၀င်တဲ့
ပက်ကြားအက်ဘ၀များအတွက်
ရေရဲ့ အရင်းခံ ချစ်ခြင်းမေတ္တာများများထည့်လို့
ရေရဲ့ အမြစ်မှန် စာနာလန်းဆန်းစိတ်တွေ
ပိုပိုသာသာစူးစိုက်လို့
ရှင်တော်ဘုရားအား
သက်စေ့လောင်းလှူပူဇော်ပြီးပါပြီ ။

ကျချင်သလို ကျတဲ့
သင်္ကြန်ဘေး ကင်းဝေးကြပါစေ ၊
ကိုယ့်ကျလိုတဲ့ သင်္ကြန်
ကျလိုက ကျနိုင်ကြပါစေ ၊
လိုရာသင်္ကြန်နဲ့ လန်းဆန်းကြပါစေ ။      ။

                                                      ရန်လင်းအောင်

ပိတောက်ခူးသူ ။ ကိုသားကြီး


ပိတောက်ခူးသူ 


ပွဲတော် မှာ
အပွင့် ကောင်းကောင်း ရချင်လို့
အောက်ခြေက အရစ် များစွာ
နင်းတက်ခဲ့တယ် ။                 ။
                         
                                  ကိုသားကြီး