သို့/ . . . ဦးဆွေးဆံမြေ့ တောင်ငူမြို့
ဒီမြို့ကို
စစ်တောင်းမြစ်တစ်စင်းက
တံစို့ထိုးသလို
ထိုးထားတယ် ။
ဒီမြို့ကို
သူရသတ္တိပြည့်စုံတဲ့
သူရဲကောင်းတွေက
စောင့်ရှောက်ခဲ့ ။
ဒီမြို့ကို
တပင်ရွှေထီး
ဘုရင့်နောင်
ဘုန်းမီးနေလတောက်ပြောင်အောင်
ကမ္ဗည်းထိုးပေးခဲ့
၊
ဒီမြို့ကို
နတ်သျှင်နောင်ဆိုတဲ့
ကဗျာစာဆိုလေးတစ်ယောက်
သူ သစ္စာမဖောက်ခဲ့ပါဘူးလို့
တတွင်တွင်
လှမ်းပြောနေရဲ့ ။
ဒီမြို့ကို
ကျွန်းသစ်နဲ့
သစ်မာသားတွေထွက်လို့
စီးပွားရေးကျားတွေ
မျက်စေ့ကျခဲ့ ။
ဒီမြို့ကို
လွန်ခဲ့တဲ့
နှစ်တစ်ရာက
မောင်ချမ်းမြဆိုတဲ့
ကလေးလေးတစ်ယောက်
လက်ဆောင်ရခဲ့
။
ဒီမြို့ကို
(ကျွန်တော့်မှာ
အတ္တဆိုလို့
မခင်ဦးကို
ချစ်တာတစ်ခုပဲရှိပါတယ်ဗျာ) ဆိုတဲ့
တာကောဒီးနဲ့
ထွန်းနိုင် ဇာတ်ကောင်တွေရဲ့
ဗန်းမော်တင်အောင်
နေထိုင်ခဲ့ ၊
ဒီမြို့ကို
ကျုံးနဲ့ မြို့ရိုးက
ကာရံထားပြီး
မြို့ရိုးနဲ့
ကျုံးကိုစပါးခင်းတွေက ကာရံထား
ဒီမြို့ကို
ခေတ်တစ်ခေတ်အဖြစ်
သမိုင်းကြောင်းပြောင်အောင်
ဆေးကြောခဲ့ကြသော
လူပုဂ္ဂိုလ်ကျော်တို့အား
ဦးညွတ်ပြီး
ဒီမြို့သားတစ်ယောက်အနေနဲ့
ဂုဏ်ယူရင်း
ဒီကဗျာကို
ရေးလိုက်ပါကြောင်း . . . . . . . . ။
အောင်လွန်းမြိုင်
ကေတုမတီ မဂ္ဂဇင်း ။
တွင်ဖေါ်ပြပြီး ။
ကေတုမတီပန်းချီ(၃)ယောက်
တစ်ယောက်က
ကိုယ်ထူကိုယ်ထ
လမ်းတို့ရဲ
့လမ်းပြပိတ်ကားစကို
ဖြန့်ကျက်ချလိုက်တယ်
။
တစ်ယောက်က
ဒုတိယခေတ်ဆီအစချီပုံဆန်းကြယ်
လက်မထိပ်ကအပ်သွားရာ
ခုပြောရင် ခုဖြစ်နေသလိုပဲ ။
အဲ့သလို
ယုံကြည်ရာရဲရင့်လက်များရဲ
့
ဓါးခြစ်ပန်းချီကားထဲက
ငါတို့
တတွေ
လာခဲ့ကြတာပေါ့
။
တစ်ယောက်က
အချစ်လည်းဆုံးခဲ့တယ်၊
စစ်လည်းရှုံးခဲ့တယ်၊
တောင်ကညိုလို့
မိုးပြိုခဲ့ရလေသူ
အလွမ်းနဲ့
သစ္စာမဖေါက်ဝံ့သူ၊
သစ္စာနဲ့
ကျမ်းဘယ်လောက်ဆူဆူ
ကဗျာ့ဧကရာဇ်
တစ်ခေတ်ပြီးတစ်ခေတ်
စီးနင်းသိမ်းပိုက်ခရီးတွင်စေသူ
သစ္စာသစ်နဲ့
လမ်းဖေါက်ခဲ့လေသူ
ဝေဒနာတူရင်
ရနံ့ဟာမွှေးမြမြဲ ၊
ဤသက်သေဖြင့်
အသက်တွေ
မသေကြတော့ပါ ။…………………..။
ရန်လင်းအောင်
(၁၆,၁,၂၀၁၂)
(ကေတုမတီ
မြို့တည်နန်းတည်
နှစ် (၅၀၂) ပြည့်သို့ အမှတ်တရ)
မြစ်ငယ် ရာပြည့်
၊မဂ္ဂဇင်း၊ ၂၀၁၂ တွင်
ဖေါ်ပြပြီး။
တောင်ငူခေတ်
လက်မထိပ်
ရဲစိတ်ကို
အပ်သွားတဆုံး
အားကုန်ရိုက်သွင်းချလိုက်တယ်
၊
ရာဇ၀င်ငှက်များ ……
လန့်ပျံသွားကြ ၊
အပြုံးမပျက်
တစ်ချက်မတွန့်တဲ့
လက်ဟာ
ရတုနယ်ကိုပါ
သိမ်းခဲ့တယ် ။ ။
ရန်လင်းအောင်
(30.8.2012)
မြို့ ပေါ်ကမြစ်
အောက်မေ့ဖွယ်ရာ နေ့စွဲများ
အောက်မေ့ဖွယ်ရာ နှလုံးသားများ
အောက်မေ့ဖွယ်ရာ လမ်းမများ
အောက်မေ့ဖွယ်ရာ လမ်းသွယ်များ
အောက်မေ့ဖွယ်ရာ ရုပ်တုများ . . . . . . .
အောက်မေ့ဖွယ်ရာ ပန်းခြံများ
အောက်မေ့ဖွယ်ရာ ကျောက်တိုင်များ
အောက်မေ့ဖွယ်ရာ အတောင်ပံများ
အောက်မေ့ဖွယ်ရာ ကြယ်စင်များ . . . . . .
မမောဘူး၊
မနွမ်းဘူး
မနားဘူး
၊
ဘယ်လိုအလင်းမှ
အရိုးပြာဖြစ်တယ်
. . . . မကြားဖူးဘူး ။
မသိလည်း ရှိတဲ့၊ ကျေးဇူးများ . . . . .
မမီလည်း ရတဲ့၊ ကျေးဇူးတရား . . . . . .
ရှုလိုက်
နဲနဲအားစိုက်
ရှုကြည့်လိုက်
ရှုလိုက်တဲ့
အသက်တိုင်း
ဒီလက်တွေပေါ်
ကြီးပြင်းလို့
ဒီလက်တွေပေါ်
အားသွေးလို့ ။ - - - - - - - - - - -။
ရန်လင်းအောင်
၂၀၁၀ ၊ဇန္န၀ါရီလ
ရွှေလက်ဆင့် (ဖြူးမြို့နယ်) မဂ္ဂဇင်း ၊
တွင် ဖေါ်ပြပြီး ။