Wednesday, March 9, 2016

ပြာလွင်တဲ့ မနက်ဖြန် - လင်းသက်ငြိမ်



ပြာလွင်တဲ့မနက်ဖြန်


လက်ချင်းမတွဲနိုင်သေးခင်
စိတ်ချင်းတွဲထားလိုက်တယ်   ။
သံစဉ်ညီတဲ့သီချင်းဟာ
အောင်မြင်ဖို့ ရာနူန်းများတယ်လို့
ငါတို့အတွေးကို သထားမယ်  ။
စကားလုံးကောင်းကောင်းတွေမလိုပါဘူး
မက်လုံးလှလှတွေမလိုပါဘူး
လူနှစ်ယောက်ရဲ့အချစ်က
ဘဝတစ်ခုကို ဖန်ဆင်းတယ်  ။
ကမ္ဘာဟာ ဘာတွေပဲဖြစ်နေနေ
ပိုကောင်းတဲ့မနက်ဖြန်အတွက်
မပျက်မကွက်မျှော်လင့်တုန်းပဲ
အကောင်းမြင်ဝါဒအတွက်
ချစ်မေတ္တာဟာ မရှိမဖြစ်မြေဆီမြေနှစ်ပေါ့
တစ်နေ့တော့ ပျော်ရွှင်ခြင်းပန်းတွေကို
သစ္စာတရားနဲ့ အတူတူ သီကုံးမယ်
သိပ်လှတဲ့ အိပ်မက်ဟာ
သိပ်လှတဲ့ ဘဝရဲ့လမ်းမတစ်ခုပါပဲ
ဝေးကွာခြင်းကို
အလွမ်းနဲ့ခြယ်သပြီးတဲ့အခါ
တိမ်ပြာပြာနေ့ကလေး ငုံဖူးနေတာ
ကြည့်တတ်ရင်မြင်ရပေလိမ့်မယ်။      ။      ။

လင်းသက်ငြိမ်


9.9.9.00 အမှတ်တရ


လူပုံရေးဆွဲနည်း - မိုးကျော်သူ



လူပုံဆွဲနည်း
___________________________
                မိုးေ ကျာ် သူ

ကိုယ့်ကိုကိုယ်
နံရံပေါ်ခြစ်ကြ
တစ်ယောက်ကိုတစ်ယောက်
ဝိုင်းခြယ်ကြ    ။

လူတစ်ယောက်ရယ်မို့
လက်ထောင်ခွင့်ရခဲ့တယ်
ကားလမ်းအကူး … …

မြင်ပါ
ဒါလူသားပါ
ရပ်ပြီးခြစ်သွားခဲ့ပါ ။

ကျနော်သူများတွေကိုခြယ်နေတုန်း ။

မိုးကျော်သူ

မြင်ရုံမျှ - နီဇူလိုင်



မြ င် ရုံ မျှ

_____________________
အလင်းလာရာ
အမှောင်ထဲကကြိုနေရှာ ။
အလင်းဆီမရောက်
အမှောင်အောက်က
မြင်ရုံမျှ       ။             ။

                 နီ ဇူ လို င်

                ၂၆.၂.၁၆


ပင်လယ်ကြီး ပြန်/ပျံ လာတယ် - မောင်သော်တာ



ပင်လယ်ကြီး ပျံ/  ပြန်လာတယ်

____________________________

မိုးကုပ်စက်ဝိုင်းအထိရောက်နိုင်မလားခြေဆန့်မိတော့လည်း
ငါ့အရိပ်ဟာကမ်းစပ်မှာ ပိုးလိုးပက်လက်ကျလို့
မှော်ဖတ်တွေပေနေတဲ့ရေမြှုပ်တွေကြားမှာ
ခရုတစ်ကောင်လို
အခွံသက်သက်ရပ်နေမိတယ်
ပင်လယ်ကြီးကိုသတိရလိုက်တာ

နယ်မြေသစ်တွေရှာချင်တဲ့လှေတစ်စီးလို
ရွက်ဖျင်ပိတ်စတစ်ချပ်ဟာ
အနားစတွေဖွာထွက်နေတာပေါ့
ချုပ်ရိုးတွေနဲ့
ပေပေစုတ်စုတ်ပန်းချီကားတစ်ချပ်ကိုထောင်ကြည့်နေမိတဲ့ငါပါ

သမုဒ္ဒရာရဲ့ကမ်း၂ဘက်လိုဝေးကွာမှု
လက်သည်းချွန်မရှိတဲ့ချိုးကူသံလိုငြိမ်းချမ်းရေး
ပင်လယ်နဲ့မိုးသား
စိတ်တူ ကိုယ်မျှ 'ပြာ' နေတဲ့သံယောဇဉ်
ရေစီးသန်တဲ့လှိုင်းတွေ
ွပုတ်ခတ်ခံကျောက်ဆောင်တွေလိုတွေဝေသူ
ခေါ်သံ'ပြန်ကြားချင်ပါရဲ့ …

ဆားငံဓာတ်တွေလျှာပေါ်မှာစွဲနေပြီ
ရုပ်ဝတ္ထုပစ္စည်းတွေလိုပင်လယ်ဟာဖောက်ပြန်ပြိုကွဲမှာတဲ့လား
ငါရပ်ကြည့်နေတာ
ထည့်သမျှလောင်စာတွေအငတ်မပြေတဲ့မီးလို
ပင်လယ်ဟာလောင်ကျွမ်းပြာကျသွားမတဲ့လား
ငါရပ်ကြည့်နေတာ
အာရုံနဲ့ဒွါရတိုက်လိုက်တိုင်း
အဆန်းတကြယ်စိတ်တွေနဲ့
သံသရာကိုချဲ့မယ့်ကရွတ်ခွေ'လို
ပင်လယ်ဟာ ခုန်ထ ပြေးထွက်သွားမလား
ငါရပ်ကြည့်နေတာ

ငါရပ်ကြည့်နေတဲ့မိုးကုပ်စက်ဝိုင်းဟာ
ကမ္ဘာရဲ့အရွေ့နဲ့ငါ့ကိုဖမ်းစားထားတယ်
နေလုံးရဲ့အရောင်တွေပြောင်းလဲမှိန်ပျောက်သွားသလိုလို
နေလုံးကပဲခြေထောက်ပေါက်ပြီးခုန်ချသွားသလိုလို
ပင်လယ်ကိုသံသယဖြစ်စေတယ်
ဒါပေမယ့်
ငါသိတယ်
ဘယ်တော့မှမဆွေးမြည့်တဲ့ပင်လယ်ဟာ
ဆွေးမြည့်တဲ့ငါ့မျက်လုံးတွေကိုသာ
ကမ်းစပ်ကိုပြန်ပြန်ရိုက်တင်နေခဲ့တာ

ပင်လယ် ' ကို  ရ မ လား - -လို့
ရေဓာတ်ပါတဲ့လေကိုအဆုပ်ထဲရှိုက်သွင်းရှူချလိုက်တယ်
ဘယ်ဆီဘယ်ဝယ်
ဘယ်လိုဘယ်လောက်ပဲကြာကြာ
ပင်လယ်ကြီးကို သတိရနေမိတယ်လေ။         ။

                                                   

မောင်သော်တာ





လူနာရဲ့ ပန်းချီ - တည်ဘွားဦး




လူနာရဲ့ ပန်းချီ

__________________________

အခု
အိပ်ရာထဲမှာ
ငြိမ်ငြိမ်လေးနေ  နေရတယ်
မျက်စိကိုဖွဖွလေး မှိတ်ထားရတယ်
မမြင်ရတဲ့ပန်းတွေကို
ဆေးရောင်လှလှခြယ်နေရတယ်
ဘယ်ပန်းကို
ဘယ်လိုအရောင်ခြယ်မလဲ    
ပန်းသီးက
ဘယ်ပန်းကသီးတာလဲ        
ကျန်းမာရေးမကောင်းတဲ့မေးခွန်းတွေကို
ဆေးခန်းကနေပြီးအိမ်ကိုခေါ်လာခဲ့တယ်  ။

တည်ဘွားဦး

၅   ၂    ၁၆
   11:29