Monday, May 23, 2016

သင်​ခန်းစာ - လွင်​​နောင်​​နောင်



📝 သင်ခန်းစာ 📝

_______________________

ကြိမ်လုံးကြောက်လို့ ငါငယ်ငယ်က စာရခဲ့
ကြိမ်လုံးကြောက်ပြီး ငါငယ်ငယ်က စာမေ့ခဲ့
ငါတို့ခေတ်မှာ ကြိမ်လုံးဟာ ချစ်ကြောက်ရိုသေစရာဖြစ်ခဲ့
ဘဝရဲ့စာသင်ခန်းတွေကတဆင့်
ဘဝရဲ့လမ်းမတွေပေါ်ငါရောက်ခဲ့တော့
ငါ့ရှေ့မှာ လောကဓံကြိမ်လုံးတွေအခန့်သား
ငါကြောက်လန့်
ငါရုန်းကန်
ငါမပြန်ချင်သောနှစ်များဆီမှာ
ငါစာမေ့ခဲ့သော
ငါစာရခဲ့သော
ငါမလိုချင်ခဲ့သော
ကြိမ်လုံးများ … ။          ။

လွင်နောင်နောင်

ဇရပ်​ကြီး - ကိုသားကြီး



📝 ဇ ရ ပ် ကြီး 📝 

___________________________

ဘာသာဗေဒ  ထက်
မျက်ဝန်း အပြုံးနဲ့
စကားလုံးတွေ ဖလှယ် ပေးတတ်တဲ့ မြို့။
ကွေ့ကောက်လမ်းကလေးရဲ့ အစွန်း  အရှေ့ဘက် တောင်တန်းတွေဆီက
ရိုးရာတေးသံကို နှလုံးအိမ်ထဲ  ထည့်
ကိုယ်ကျင့်တရား ဟာ
သဘာဝ အတိုင်း အသားအရည်လို  ဖြူတယ် ။

ဝတ်စုံ အနက်ထဲမှာ
ဝင်းမွတ်စင်ကြယ်တဲ့  သံယောဇဉ် တွေ
အပြည့်အဝ  ရှိတတ်တော့
တမြေထဲနေရင်း
သောက်သမျှ လည်း  တရေထဲ  ဖြစ်တဲ့
ချစ်ခြင်း တွေ   ကြောင့်
စည်းရုံးမှု ဟာနွေးနေတယ်။

ကာဗွန်လျော့ စိုက်ခင်း တွေ
ကြားကနေ  မြို့ငယ်လေး အဖြစ်
မောင်းတင်ထားပုံ က
ရိုးဂုဏ်နဲ့  တင့်တယ် နေ ပေါ့။

ဟေးးးမြို့လေး ဇရပ်ကြီး
ငါတို့ နှင်းယွန်းဇေတဝန် ကိုချစ်ကြမယ်။
ငါတို့  ရိုးမကို ချစ်ကြမယ်။
မြစ်စစ်တောင်းကို ချစ်ကြမယ်။
ရိုးရာဓလေ့တွေကို ချစ်ကြမယ်။
ဝဲတဲ့ စကားသံတွေကို ချစ်ကြမယ်။
မနက်ခင်းနေရောင်ကို ချစ်ကြမယ်။
ကျောင်းနေဖက်တွေကို ချစ်ကြမယ်။
အဝေးရောက် ဆက်သွယ်မှုတွေကို ချစ်ကြမယ်။

ကိုသားကြီး