Saturday, August 22, 2015
တွေးမိ တွေးရာ ငေးမိ ငေးရာ ။ အောင်လွန်းမြိုင်
တွေးမိ တွေးရာ ငေးမိ ငေးရာ
___________________
နေ့ဟာ
မကြီးတော့မဲ့ အသီးလို
မလင်းတော့မဲ့ အမှောင်လို
သေနေတဲ့ သစ်ပင်အောက်
ညည အိပ်ရတာ ဘာမှ မဖြစ်သလို
အသုဘ ယဉ်တန်းတွေလဲ
အရင်လို
ဆို့နင့်ဖွယ် မကောင်းတော့
ထမင်းစားရင်း လျှာ ကိုက်မိတာလဲ
အချ စ်
မင်းကို အထူး သတိရစေတယ်
လမ်းဆုံက ဆိုင်ကလေး ရဲ့ဒေါင့်မှာရှိနေမယ်
မင်းလာရင် ချောက်ချားစရာ အတွေးကိုယူပြီး
ဥ သြ လို ဆွဲ လိုက်
ကိုယ် သွား တစ်ချောင်း ကျိုးတော့မဲ့အကြောင်း
ဒီ သောကြာနေ့ မှာ ပြောပြတာပါ ၊၊ ၊၊
အောင်လွန်းမြို င်
၂၁ - ၈ - ၂၀၁၅
မြက်ခင်းစိမ်းလေး ရဲ့ နှုတ်ထွက်စကား
မြက်​ခင်းစိမ်း​လေးရဲ့နှုတ်ထွက်​စကား
ကိုယ်​ဟာမြက်​ခင်းစိမ်း​လေးပါ
ကိုယ့်​ရင်​ကိုခွဲမယ့်​အပင်​​အတွက်
ကိုယ်​ကိုယ်​တိုင်​​ပေါင်းသင်​ခံရဲသူပါ ။
မြေဆီလွှာပြုန်းတီးခြင်းဆိုတာ
ကျွန်​​တော်​နဲ့တိုက်​ရိုက်​မပတ်​သက်
တချို့ တချို့များ​ကတော့
တယုတယနဲ့ ​ရေ​လောင်း
ခေတ်​မီ အုတ်​​တွေနဲ့ ​ဘောင်​ခတ်
ပြီးရင်​ ကျွန်​​တော့်​​ခေါင်းကိုသူတို့
အင်​ဂျင်​တပ်​ဓားသွား​လေးနဲ့
စနစ်​တကျဖြတ်​ခုတ်​ကြ​တော့မယ်​လေ
အုတ်​စည်းရိုး​တွေကြားမှာ
ကိုယ့်​ရဲ့
လွတ်​​လပ်​စွာကျယ်​ပြန့်​ရ​ခြင်း​တွေ
ပျောက်​ကွယ်​ဝေးလွင့်​ခဲ့ရပြီ​ပေါ့ ။
တကယ်​​တော့
ကိုယ်​ဟာ မြက်​ခင်းစိမ်း​လေးပါ
အကြိမ်​ကြိမ်​​သေဆုံးပြီး
အကြိမ်​ကြိမ်​ရှင်​သန်​ထ​မြောက်​မယ့်သူပါ ။
ကျွန်​​တော့်​ကိုမလိုအပ်​ဘူးလား
ဓားနဲ့ခုတ်​ပါ
ပေါက်​တူးများနဲ့ဆွပါ
သင်​တို့ရဲ့လက်​​တွေနဲ့
ကျွန်​​တော့်​ကို ဆွဲယူလွှင့်​ပစ်​ပါ
သင်​တို့အလိုကျ
ဆီ​လောင်းမီးရှို့လိုက်​ပါ
ကျွန်​​တော့်​ကိုယ်​​ပေါ်ကို​တော့
ဓာတု​ဆေး​ရည်​​တွေမပက်​ဖြန်းကြပါနဲ့
ထပ်​မံ​သေဆုံးဖို့အတွက်
ရှင်​ သန်​ ခွင့်​​လေး​တော့​ပေးခဲ့ပါ ။
ကိုယ်​ဟာ မြက်​ခင်းစိမ်း​လေးပါ
ကိုယ့်​​ခေါင်း​ပေါ်နင်းဖြတ်​သူများအတွက်
နူးညံ့ညင်​သာ​စေမယ့်​သူပါ ။
ချစ်​သူအတွက်
ပန်း​လေးတစ်​ပွင့်​မျှ ပွင့်​​မ​ပေးနိုင်​သူ
ချိုမြိန်​သစ်​သီးများ သီးမ​ပေးနိုင်​သူ
ချစ်​သူနင်းဖြတ်​​ဆော့ကစားဖို့အတွက်
ကိုယ့်​ရင်​ခွင်​တစ်​ပြင်​လုံး
စိမ်းလန်းစွာ ခင်းကျင်း​ပေးရဲသူ ။
ကိုယ်​ဟာ မြက်​ခင်းစိမ်း​လေးပါ
နှိမ့်​ချရင်​ နှိမ့်​ချသ​လောက်
 ပြန်​လည်​ စိမ်း လန်း​ စေမယ့်သူ ။        ။
                                         ဇာန်​မိုးဆဲလ်
Saturday, August 15, 2015
တံခါး - ခက်ဦး
တံခါး
.........
လှပ်မိတာ တချပ်ထဲနဲ့
အကုန်တွေ့တယ် မပြောပါနဲ့
ဒါပေမယ့်ကျေးဇူး
အလင်းပိုရတော့
ဘေးနား ဘယ်သူ ဘယ်ဝါ
ပိုမြင်ရလာလို့  ။
    ခက်ဦး
၁၆ . ၈ . ၂၀၁၅
Wednesday, August 12, 2015
မြစ်ရေကြီးခြင်းသတင်း ၊ ကိုထိုက်-ပခုက္ကူ ၊ ဇေရ
မြစ်ရေကြီးခြင်းသတင်း
__________________
ရေစီးသန်တဲ့မြို့ က
ငါတို့ ညီအစ်ကိုတွေ မျ က်နှာငယ်နေတော့မှာပဲ
မိုးကသိပ်သည်းလွန်းနေတယ် ။
ဘယ်အရိပ်အောက်
ကျောတခင်းလုံပါ့မလဲ
အသက်ရှူ နှုန်းတွေထိမွန်းကျ ပ်တဲ့
မိုးလေ၀သမှာ
မိသားစုလေးရဲ့ခြံအ၀င်ဆိုင်းဘုတ်
ရေတစ်ဝက်တိတိနစ်မြုပ်နေခဲ့တယ် ။
ရင်ခွင်ဗလာနဲ့
ငါတို့ ဘ၀တွေ သွေးခြေဥခဲ့ရပြီ ။
ရေတိုက်စားမှုအောက်က
မွန်းကျ ပ်လာတဲ့လက်တစ်ဖက်
စိုးရိမ်ရေအမှတ်အနည်းငယ်ပြို ကျ ခဲ့ရုံပါ ။
လေလှိုင်းက
နောက်ထပ်လွှင့်ပျံ့လာမဲ့
ရေဒီယိုကသတင်းတစ်ပုဒ်ကို ဘယ်လိုစိတ်နဲ့
ငါတို့ နားစွင့်နေရပါ့ ။
အရေးပေါ် အခြေအနေအရ
ခဏခဏ ထုတ်လွှင့်နေတဲ့မြစ်ရေကြီးခြင်းတွေနဲ့
အဲ့ဒီ့ ရေဒီယို ကိုလည်း မုန်းတတ်လာပြီ ။
မြစ်ရေကြီးသတင်းမှာ
ငါတို့ စိုက်ခင်းလေးတိမ်ကောသွားပြီ
မြစ်ရေကြီးသတင်းမှာ
ငါတို အိမ်ခေါင်မိုးလေးပျောက်ဆုံးသွားခဲ့ပြီ
မြစ်ရေကြီးခြင်းသတင်းမှာ
ညီမလေးရဲ့ကျောင်းလွယ်အိတ်လေး
ရေစိုလို့ နွမ်းရိခဲ့ပြီ
မြစ်ရေကြီးခြင်းသတင်းမှာ
ငါတို့ မီးဖိုချောင်လေးက မီးခိုးတွေလွင့်ထွက်မလာနိုင်တော့ဘူး
အဲ့ဒီ့မြစ်ရေကြီးခြင်းသတင်းမှာ
တချို့ တွေကနေနိုင်လွန်းခဲ့တယ် ။ ။
                      ကိုထိုက် ပခုက္ကူ/​ဇေရ
Sunday, August 9, 2015
ရယ်တရွေ့ မောတရွေ့ - ရန်လင်းအောင်
ရယ်တရွေ့ မောတရွေ့
__________________
ကောင်းကင်တခွင်လုံး
တိမ်ဆိပ်သင့်လို့ ၊
မိုးတလုံး လေတလုံး မှသည်
မိုးမဆုံး လေမဆုံးထဲ
မိုးခါးရေရဲ့မျက်နှာပေးက
စိတ်မအေးစရာ
ဒါနဲ့
မြေကြီးကိုရော ယုံလို့ရမလား
ဟုတ်သော်ရှိ မဟုတ်သော်ရှိ
သံသယကမှ စိတ်ချရသေးဆိုတဲ့
အပိုင်းက တကဏ္ဍပေါ့လေ ၊
မြစ်က လှော်တုန်း
ပင်လယ်က အော်တုန်း
မျက်ရည်ကညှော်တုန်း
သွေးက ညှီတုန်း ………
ပြက်လုံးနဲ့သေချာပြန်နွှေးပြီးမှ
သတင်းတွေကို စားရတယ်ကွဲ့ ၊
မျက်လုံးနဲ့ရှုခင်းကြား
ကပ်သီးကပ်သပ်ညပ်နေတဲ့စိတ်ကို
မသေရုံတမယ်ပြန်ပြန်နုတ်နေရတာနဲ့ပဲ
အချိန်းအချက်တွေလွဲပေါင်းများခဲ့ပြီ ။         ။
                                      ရန်လင်းအောင်
ငါတို့ မိသားစုမှာဖြစ်တဲ့ ရေဘေး -ကိုသားကြီး
ငါတို့မိသားစုမှာဖြစ်တဲ့  ရေဘေး
အ ဖေမတူ အ မေ ကွဲပေမယ့်
တစ်မိတည်းသား ဆွေမျိုးရင်းခြာတွေလို
ငါတို့ဟာ ညီအစ်ကိုတစ်တွေဖြစ်တော့
လက်သည်းဆိတ်ခံရရင် လက်ထိပ်မက
နှလုံးသားအထိနာ တယ် ။
အ ဝေးတောင် တန်းပေါ်မှာနေတဲ့
အထက်အညာမှာနေတဲ့
အလယ်ပိုင်းလွင် ပြင် မှာနေတဲ့
ဟိုးးးးးးပင် လယ်ပြင် အနား
ကမ်းရိုးတန်းမှာနေတဲ့ ငါတို့မိသားစုတွေ
ငါတို့မိသားစုတွေ့ 
ငါတို့မိသားစုတွေဟာ အိမ်ပြန်ချိန်ကို သတိတရငိုလို့။
အားငယ်လို့ စိုနေတဲ့ မျက်ဝန်းများ ကျိန်းစပ်နာ
မျက် ရည်သုတ်မယ့်လက်လည်း
ရေစိုနေတုန်းပေါ့။
ကြားနေမြင် နေရတာတွေက ငါတို့ရွာလေးမြုပ်သွားပြီ
အသက်မဲ့အ လောင်းတွေပေါ်လာ။
အခုချိန်ဟာ
မြေမြှုပ်စရာမလိုအောင် ရေတွေ မြုပ် နေ
အစုလိုက် အပြုံလိုက်တိုက်စားပဲ့ထုတ်သွား
ရေဟာ အသားစား ဓားပြဆိုးကြီးလို။
ငါတို့ရဲ့နှလုံးသားတွေ မိသားစုစိတ်နဲ့
တုန် ရီမောဟိုက်။
ထမင်းအသက် ခုနှစ် ရက်ကို
အရွဲ့တိုက်လိုက်တော့
ရွာမှာဘယ်သူတွေ ကျန်ခဲ့သေးလဲ
ကျွန်မသားလေးကို ကယ်ကြပါအုံး။
စက်လှေတွေ မ မောင်းရဲတော့ဘူးဆိုတဲ့
အသံများ ငါတို့အနားမှာ
နားတွေလျံ အောင် ကြားနေရ။
စိတ်မ အေးနိုင် တဲ့ နုံးရေစိုလက်စ ဘဝ တွေ ဒုက္ခနဲ့ပူလောင် ကျွတ်ခြောက်။
ရေကြည်တစ်ပေါက်မျှ မ သောက် ရဘူး
ရူးလောက် ရဲ့ ။
ငါတို့မိသားစုမြင် ကွင်းတွေ
ရုတ်တရက် တွေ့ကြုံရ တော့
ည ည ဆို ရှိုက်သံသဲ့သဲ့နဲ့
မှောင် မိုက်ထဲ ငုတ်တုတ်နေရ
နေ့လိုဖြစ်ကြတဲ့ည တွေ ရေတွက်မထားချင် ဘူး
တကယ်ကိုဘုရားစူးရ စေရဲ့ဗျာ။
အဲ့ဒီပြကွက် ငါတို့စိတ်နဲ့ အနီးတစ်ဝိုက်ထဲ
ဖြစ်ခဲ့တယ်။ ဖြစ်နေတယ် ။
ခင် ဗျားတို့စိတ် အနား ဖြစ်နေ
ရှိနေမလား။
သူတို့ဟာလည်း ငါတို့တစ်တွေ ကိုယ်တိုင် ပါပဲ။
ညီအစ်ကို မောင် နှမအရင်းတွေလို
ချစ် ရ ခံစားရတဲ့ ငါတို့အားလုံးရဲ့ဆွေမျိုးတွေ။
ငါတို့ဆွေမျိုးတွေ ရေနဲ့ ဘေးဖြစ်တယ်။
ရေ ဘေးဟာ ငါတို့မိသားစုမှာဖြစ်တယ်။
ရေ ဘေးဟာ ငါတို့စိတ်နှလုံးမှာဖြစ်တယ်။
အဲဒီတော့
ရှင် ပြီးရင် သန်နေ စေချင် တဲ့
အသက်များကို
လင် သေမုဆိုးမလိုဖြစ်တဲ့ ငါတို့တိုင်းပြည်မှာ
အဖမဲ့သားသမီးတွေလို ငါတို့မောင် နှမ တွေ လက်တစ်ဖက် က လက်တစ်ဖက်ကို
ဆွဲတင် စောင့်ရှောက်ဖို့
ဆုပ်ထားတဲ့ ထမင်းတစ်လုပ်ကို
မျှဝေ ကျွေးနိုင် ဖို့
ရှိထားတဲ့ ရေတစ်ဗူးကို
တစ်ငုံစီလောက်သောက်နိုင် ဖို့
ဝတ်ထားတဲ့အဝတ်တစ်စ
နွေးထွေးမှုဖြစ်စေဖို့
ဦးနှောက်နဲ့နှလုံးသား
လုပ်အားများအပြည့်စိုက်ထည့်
ငါတို့မိသားစုမှာဖြစ်တဲ့ရေ ဘေး
ငါတို့ကူညီဖေးမမှဖြစ်မယ်။
ငါတို့ ကူညီဖေးမမှဖြစ်မယ်  
ငါတို့ ကူညီဖေးမမှဖြစ် တော့မယ် ။         ။
ကိုသားကြီ်း
တော်ရုံရွာပါ့ မိုးနတ်သား ၊ မင်းညွန့်လှိုင်
တော်ရုံရွာပါ့  မိုးနတ်သား
_________________
အငြှိုးကြီးကြီး မပြီးနိုင်မစီးနိုင်
ရွာပဲရွာနိုင်လွန်းတယ်မိုး ။
လက်လှုပ်မှပါးစပ်လှုပ်ရတဲ့
လက်လုပ်လက်စားတွေရဲ့မီးဖိုချောင်မှာ
မီးခိုးတိတ်မှာစိုး ။
အငြှိုးကြီးကြီး မပြီးနိုင်မစီးနိုင်
ရွာပဲရွာနိုင်လွန်းတယ်မိုး ။
ရေနစ်နေတဲ့ဘဝတွေ
ရင်ထဲလောင်တဲ့မီးတောက်တွေ
ငြိမ်းစေချင်ပြီမိုး ။         ။
မင်းညွန့်လှိုင်
အ ရိ ပ် ၊ ဇေရ
အရိပ်
*******
ကလေးတွေ
ခွေးတွေဝိုင်းဟောင်နေလိုက်ကြတာ
သုံးယောက်
အင်္ကျီ မပါ ဖိနပ် ဗလာ
ဆံပင်နီကျင်ကျင်
ကပိုကရို
ဒါက နှလုံးသားချုပ်ရိုး။
စားပွဲထိုးလေးက
သူကျင်လည်ခဲ့ဖူးတဲ့
လက်ဖက်ရည်ဆိုင်ဘဝတွေအကြောင်း
အသက်နဲ့တောင်မဆံ့ဘူး
မိုးစုန်းစုန်းချုပ်နေတာတောင်
အိမ်မပြန်နိုင်သေးတဲ့သီချင်းတွေ။
အဖြူအစိမ်းလေး
ဟိုး...ခပ်ဝေးဝေးမှာလွင့်တဲ့တိမ်
မာတိကာပေါ်ကျော်ကြည့်လိုက်
မှင်နီပြခံထားရတဲ့စာမျက်နှာတွေ
ကလေးတွေ
ဘဝက ပေရေနေလိုက်ပုံများ
လက်ထဲမှာတစ်ပတ်နွမ်းဈေးဗန်းလေးကိုင်လို့
သုံးယောက်
အင်္ကျင်္ီ ဗလာတွေချည်းပဲ
တစ်ယောက်ကတော့
ဖိနပ်မြီးတိုလေးဆင်မြန်း
ကျန်တာက
ဖိနပ်မပါ ဗလာတွေ။
                         ဇေရ
ငါဟာ လူငယ်-ကိုသားကြီး
ငါဟာ လူငယ်
နောက်မှာ
ကျောကို ထောက်ထားပေးမယ့် အခံ
မလိုဘူး ငါဟာ လူငယ် ။
ရထား လို ကုန်တွဲတွေ ဆွဲသွားစရာ
ထပ်မချိတ်ထားဘူး ငါဟာ လူငယ်။
မိဘက လွဲရင်
အိမ်အပြန်နောက်ကျမှာကို စိတ်ပူမယ့်သူ
မ သေချာဘူး ငါဟာ လူငယ်။
ကြိုးကိုင်ခံရမယ့်အထဲ ရုပ်သေးလည်း မဟုတ်ဘူး ငါဟာ လူငယ် ။
မှားနေရင်
မှားတယ်လို့ အမှန်အတိုင်း ပြောဖို့
ပူစရာ မျက်နှာ
မပါဘူး ငါဟာ လူငယ် ။
အာရုံ ကျရာ စိတ်လိုလက်ရ လုပ်နေ တော့
ခူးပြီးသားအသင့် ထမင်းဝိုင်း
ဝင်ထိုင် စရာ မလိုဘူး ငါဟာ လူငယ်။
တရား သော လမ်းအတွက်
ခြေထောက်တွေကို လှမ်း ရမှာ
မနှေးဘူး ငါဟာ လူငယ် ။
အလင်း စ တွေ အားကောင်းစေဖို့
အတ္တ ကို စွန့်ရခြင်းမှာ
လက် ဆ မသေးဘူး ငါဟာ လူငယ် ။
အသက်ငယ်ငယ်
အတွေ့အကြုံ ငယ်ငယ်
မျှော်လင့်ချက် မငယ်ဘူး ငါဟာ လူငယ်။
လုပ်ပေးခွင့်ရ သလောက်
ဦးနှောက်နဲ့ နှလုံးသား
နစ်ထားတယ်
အိတ်ကပ် မပါဘူး ငါဟာ လူငယ် ။
ခံစားမှု ငယ်ငယ်
ကြီးစိုး မှု ငယ်ငယ်
အနာဂတ်အိပ်မက်မငယ်ဘူး ငါဟာ လူငယ်။
လူငယ်တွေကို ချစ်မက် တဲ့ စိတ် က
ညီညွတ်ခြင်းနဲ့
ဖခုံးဖက်ထားဆဲ ငါဟာလူငယ် ။
လှိုင်း ဂယက် မှာ လွတ်လပ်မှုကို ရှာမယ်
ရေသေ မှာ
မကူးခပ် ဘူး ငါဟာ လူငယ် ။
သူတစ်ပါး မျက်ရည် ကျတဲ့ ထမင်းကို
မစားဘူး ငါဟာ လူငယ်။  
ဆံပင် ရှည် အရောင်ဆိုးရတာ ကြိုက်တယ်
ရော့ခ် သီချင်းကို ကြိုက်တယ်
မြို့ မငြိမ်းကို
မေ့ ထားလို့ မရဘူး ငါဟာ လူငယ်။
လူငယ် ဆိုတော့
အနာဂါတ်အိမ်မက်တွေကို
အဆုံးစွန်ထိလွှတ်ကျောင်းထားရမယ်
ငါဟာလူငယ် ။
လူငယ်တွေကို လူငယ်တွေလို
ချစ်တယ်    
ငါဟာ လူငယ် လို လူငယ် ……
                                                 ကိုသားကြီး
                         ကိုသားကြီး
Saturday, August 8, 2015
ဒဏ်ရာ -အိဖြူလှိုင်
ဒဏ်ရာ
မှတ်မိနေသေးတယ်
ကလေးစကား
ဖြူစိမ်းလဲပေးသမီးလိုက်မလို့....
မှတ်မိနေသေးတယ်
အိမ်ရှေ့လမ်းပေါ်
ပျော်စရာ တရုန်းရုန်းမို့....
မှတ်မိနေသေးတယ်
မောသူတွေသောက်ရန်
အမေ့အစီမံ
သောက်ရေအိုးလေး....
နေ့လည် ၁ နာရီ
ဒို့အိမ်လေးပေါ်
ဖြတ်ကျော်သွား ကျည်သံတွေ
သမီးကြောက်လိုက်တာ..အမေ
သေတ္တာနှစ်လုံးကြား
မြေးအဖွားတွေ ပြားပြားဝပ်လို့
သမီးတို့ဆန်ပုံးထဲလည်း
လက်ပတ်တွေ ရဲရဲတောက်လို့ပေါ့
အရှင်လတ်လတ်ငရဲ ကျသလို....
မှတ်မိနေသေးတယ်
ပဲဟင်းနဲ့ ငါးခြောက်ကြော်
သခင်မဲ့တဲ့နေ့ပေါ့....
မှတ်မိနေသေးတယ်
မြောင်းထဲကအလောင်း
ဖျာလိပ်နဲ့သယ်တယ်ဆိုလား
လူကြီးတွေရဲ့ စကားသံ....
မှတ်မိနေသေးတယ်
ခုနစ်နှစ် သမီး ရင်ထဲက
စိတ်ဒဏ်ရာတွေကိုပေါ့....
                   အိဖြူလှိုင်
                   ၈.၈.၂၀၁၅
Friday, August 7, 2015
တံတွေးနစ်ရင် ဘာဝယ်/ရောင်းမှ မကူနိုင်ဘူး ။ ရန်လင်းအောင်
တံတွေးနစ်ရင် ဘာဝယ်/ရောင်းမှ မကူနိုင်ဘူး
__________________________
ရေဘေး လေ
သဘာဝဘေးဒဏ်ကပ်ဆိုးပဲ
လူသားဆန်ဆန် လူ့ဒုက္ခကို
လူတွေစာနာကြ ၊ ဝိုင်းဝန်းကြ
ရှိစုမဲ့စု ရောင်းကြ ဝယ်ကြ အားပေးကြ
မရှိမဲ့ရှိမဲ့ လှူကြ ၊ ကူကြ ၊
ကဗျာရောင်းတယ် ဝယ်တယ် ကူတယ်
ပန်းချီရောင်းတယ်၊ဝယ်တယ် လှူတယ်
သီချင်းရောင်းတယ် ၊ဝယ်တယ် ကူတယ်
ကုန်ကုန်ပြောရရင် ကျတော်/ကျမတို့ကို
ခိုင်းပါ၊ဝယ်ပါ၊ ဘဝကိုရောင်းတယ်
အချိန်ကိုရောင်းတယ်
လှူတယ် ကူတယ် ၊
လူတောထဲနေပြီး
ဟိုလူက ထွီကနဲ
ဒီလူက ထွမ်ကနဲ
သူများတံတွေးခွက်ထဲများ
မြူးလို့ကောင်း ကူးလို့ ကောင်း
မထူးဇာတ်နဲ့မှုန်နံ့သာခြယ်
လူမဆန်လေတဲ့ကောင် ကူးရာကပက်လက်မျော
မျောရာက ဂျွမ်းထိုးမှောက်ခုံနစ်လို့ကတော့
မရှုနိုင်မကယ်နိုင် ပြာတာပဲ
ဘယ်သူဘာရောင်းလို့ဘယ်သူဝယ်
သဒ္ဓါမပေါက် အာပေါက်သေမယ်
တံတွေးနစ်ရင် ဘာဝယ်/ရောင်းမှ မကူနိုင်ဘူး ။ ။
                                                     ရန်လင်းအောင်
မြွေတွန်သံ - မင်းညွန့်လှိုင်
မြွေတွန်သံ
တစ်ကောင်တည်းပါပဲ
ချောင်ထဲကထွက်ထွက်လာတယ် ။
စည်းရုံးစုစည်းကာနေ
သီချင်းသံတွေ သူမကြားဘူး ။
ပန်းတို့ရဲ့လမ်းမှာ
ဆေးရိုးသည်လိုကန့်လန့်တိုက်တယ် ။
ဇွန်ပန်းရုံအနီး
နွံနစ်နေတဲ့လှည်းဘီးကိုသူမမြင်ဘူး ။
မိုးရေတက်ရေတဖွေးဖွေးမှာ
လူးလွန့်ပျော်ပါးချင်နေတယ် ။
လှော်တက်ကိုင်တဲ့လက်ကို
မမီမကမ်းလှမ်းလှမ်းပေါက်တယ် ။
မြွေ
        မြွေ
               မြွေ
အဲဒီမြွေကိုခါးပိုက်မပိုက်မိစေနဲ့ ။
ဟေ့ရောင် သားကြီး
မြွေတွန်သံကြားလိုက်သလား
ခန္ဓသုတ်ကိုနာနာရွတ်ကွ ။     ။
                                 မင်းညွန့်လှိုင်
တလက်လက်ဝိညာဉ်တွေ - ခက်ဦး
တလက်လက်ဝိညာဉ်တွေ …………
ရှစ်လေးလုံး
တိုက်မိတဲ့ခလုတ်မဟုတ်ဘူး
အချိန်ကိုက်ကွဲတဲ့ ရင်မြှုပ်မိုင်း
မမေ့ကြနဲ့
တံခါးလှပ်မိရုံနဲ့ ကြက်သီးဖြန်းခနဲ
မငြိမ်းတမ်းလင်းတဲ့သမိုင်းပြတိုက်
ရှစ်လေးလုံးကိုမမေ့ကြနဲ့
သားရဲမိစ္ဆာတွေ
ဒီတောမီးနဲ့ ပြေးပေါက်မှားဖူးတယ်
ရှစ်လေးလုံးကိုမမေ့ကြနဲ့
ဘီလူးတွေရှိတာ သက်သေထူဖို့
အစားခံပြီးစတေးခဲ့ရတယ်
မြေစိုင်ခဲတွေမို့မောက်လာ.......
ရှစ်လေးလုံးကိုမမေ့ကြနဲ့
သွေးအရွှဲသား မဆွေးသေးတဲ့လက်မောင်းတွေ......
ရှစ်လေးလုံးကိုမမေ့ကြနဲ့
အလောင်းကောင်တွေထရပ်ကုန်ပြီ.....
ရှစ်လေးလုံးကိုမမေ့ကြနဲ့
ထပ်ပြန်ပေါက်မယ့်မြွေဟောက်တွေလိုပဲ...
ရှစ်လေးလုံးကိုမမေ့ကြနဲ့
ဆန့်တန်း ထစ်ချုန်း ကြွေးကြော်လိုက်ကြ...
ရှစ်လေးလုံးကိုမမေ့ကြနဲ့
ထပ်ထိုးချိန်လိုက်တဲ့အာဏာရူးသေနတ်ပြောင်းတွေ
တဆတ်ဆတ်တုန်ခါလို့.....
ရှစ်လေးလုံးကိုမမေ့ကြနဲ့
ဒီမို ကရေစီ ရရှိ ရေး .....
ရှစ်လေးလုံးကိုမမေ့ကြနဲ့
တိုးအရေး...... တိုးအရေး
ရှစ်လေးလုံးကိုမမေ့ကြနဲ့
ရှစ်လေးလုံးကို မမေ့ကြ နဲ့
ရှစ် လေးလုံးကို မမေ့ကြနဲ့
ဒီမိုကရေစီရရှိရေး
တို့အရေး တို့အရေး
ဒီမိုကရေစီရရှိရေး
တို့အရေး တို့အရေး
ရှစ်လေးလုံးကို
မ မေ့ကြ နဲ့ ။
                       ခက်ဦး
                ၇ . ၈ . ၂၀၁၅
အတွင်းဒဏ် ။ ရန်လင်းအောင်
အတွင်းဒဏ်
_________
စိမ်းရောင်စိုပြကွက်ဆန်းပေမယ့်
ပန်းကြွေရှိုက်သံတွေကိုတော့
ဖုံးကွယ်ထားလို့ မရဘူး …
မိုးရေ ……              
                             ရန်လင်းအောင်
ရင်ခုန်သံမနက်ခင်း ၊ မင်းညွန့်လှိုင်
ရင်ခုန်သံမနက်ခင်း
မနက်ခင်းမိုးလင်းရင်
တောင့်တမိတာ
ကော်ဖီမွှေးမွှေးနဲ့
မင်နံ့သင်းသင်းသတင်းစာ ။
ကမ္ဘာကြီးက
သတင်းစာနှစ်စောင်ဖြန့်ချီတယ် ။
ညစ်ညူးနောက်ကျိဘွယ်
အနက်ရောင်သတင်းစာ
ပါးလျပျောက်ကွယ်သွားပါစေ ။
ပျော်ရွှင်ဝင်းပဘွယ်
အဖြူရောင်သတင်းစာ
ထူထဲပွားများနိုင်ပါစေ ။      ။
                  မင်းညွန့်လှိုင်
ကပ်ဆိုးထဲက အနုပညာ ၊ ခက်ဦး
ကပ်ဆိုးထဲကအနုပညာ
....................................
ပန်းချီကားတွေ ချရောင်းကုန်ပြီ
ရေမြုပ်သွားတဲ့ သက်ရှိပန်းချီကားချပ်တွေ
ပြန်လည်ဆယ်ယူဖို့
တေးချိုချိုတွေ သဒ္ဒါသလောက်ပေးပါတဲ့
ရေမွန်းနေတဲ့ ဆွံ့အနှုတ်ခမ်းတွေ
ဂီတသံချို ပြန်စွတ်စိုဖို့
ကဗျာတွေ နိုင်သလောက်နဲ့ ဝယ်သွားကြပါ
ကဗျာမဆန်နိုင်တော့တဲ့ဘဝတွေ
ပြန်လည် ယိမ်းနွဲ့ ကခုန်ဖို့
လမ်းဘေးထိုင် ခွက်ရှေ့ချ ရင်ကွဲတေး သီကြူးကြပြီ
တေးမြုံသွားတဲ့ ရင်သွေးငယ်တွေ
ပြန်လည် ပြုံးရယ် နိုင်ကြဖို့
တနေကုန် နင်းရသမျ ဆိုက်ကားခ
လှူချပစ်လိုက်ပြီ
ရေမြုပ်သွားတဲ့ အနှေးယာဉ်လေးတွေ
အစာအိမ်တွေ သီတွဲပစ်တင် ပြန်လည်ခရီးနှင်ဖို့
အိမ်အကူအလုပ်သမလေးက
ချွေးနဲ့ရင်းရှာ နှစ်လစာ အသပြာ
ရေဘေးအတွက် လှူပေးလိုက်ပါတဲ့
ချွေးနဲ့ရင်း ပြန်ရှာတောင် လှဖို့ ခက်ချေတော့မယ့်
ဘဝငယ်ငယ်တွေ ပြန်နိုးထဖို့
ခေတ်ပညာတတ် အသီးအပွင့်လေးတွေက
ကြမ်းသန့်ရှင်းရေး အဝတ်လျှော် မီးပူတိုက်
ရတဲ့လုပ်ခ အကုန်လှူပစ်လိုက်မတဲ့
ကြေမွသွားတဲ့ အိပ်မက်တွေ
စန့်စန့်ခန့်ခန့် ပြန်လည်သန့်ပြန့်ဖို့
ရင်ခုန်သံလှူကြ အိပ်မက်လှူကြ
လက်ခုပ်သံလှူကြ တေးသံလှူကြ
ရစ်သမ်ဂစ်တာသံထဲ စည်းချက်ညီခြူသံထဲ
စိတ်ကြည်အိုင်ကို မွှေနှောက်တတ်တဲ့
(ဘေးသင့်ခံနေရသူတွေအချင်းချင်း မထားအပ်တဲ့)
ဝင့်ဝါပလွှား ထည်ထည်ဝါ၀ါ မာန် မာနများ လွင့်စင်သွား
အသွေးအရောင် အယူအဆ ဘာသာတရားကွဲပြားမှုမှန်သမျ
လွှတ်ချထားပြီးသား ရင်ပတ်တွေနဲ့
လွတ်ကျသွားတဲ့ဘဝတွေ ဖေးကူထိန်းဖို့
အားလုံးဖြုတ်ချထားတဲ့ နှလုံးသားတွေနဲ့
အားလုံးပြုတ်ကျသွားတဲ့အိပ်မက်တွေ ကောက်ယူပေးဖို့
ချိတ်ထား ဆက်ထား ပရဟိတ လက်များနဲ့
ယှက်ထား နွယ်ထား ပရဟိတ စိတ်ထားနဲ့
ဝတ်မှုန်ကူးလွယ် ပရဟိတ နှလုံးသားများ
ရနံ့သစ် အသွင်သစ်နဲ့ သမိုင်းဆိုးထဲ ကခုန်နေပုံက
ဘယ်လို မှော်အောင်ထားတဲ့ အနုပညာသမားမှ
တုပ စပ်ဆို ချယ်မှုန်း မဖျော်ဖြေတတ်တော့အောင်
မွှေးမွှေးမြမြ ပေါ့ပါးလှပ နေတော့ရဲ့ ။
                                                      ခက်ဦး
                                                 ၅ . ၃ . ၂၀၁၅
Thursday, August 6, 2015
မမျှော်လင့်တဲ့ဘက် - ရန်လင်းအောင်
မမျှော်လင့်တဲ့ဘက်
မီးလောင်တယ်ဆိုလည်း ပြေးကြည့်
ရေကြီးတယ် ဆိုလည်း ပြေးကြည့်
ကားချင်းတိုက်လည်းပြေးကြည့်
ခွေးချင်းကိုက်လည်းပြေးကြည့်
ဟိုဟာပြေးကြည့် ဒီဟာပြေးကြည့်
ဟိုပြဿနာပြေးကြည့် ဒီပြဿနာပြေးကြည့်
ဘာဖြစ်ဖြစ်ပြေးကြည့်
ဒါ ငါတို့ မတွေးမိတာတွေပဲ
ဟုတ်တယ်
ဒါ ငါတို့ မမျှော်လင့်တာတွေပဲ
ငါတို့
ပြေးမကြည့်တာဆိုလို့ မတွေးမိတာတွေပဲ
မတွေးမိတာတွေဘက်
ဦးအောင်ပြေးကြည့်ကြပါစို့ ။
                                          ရန်လင်းအောင်
ကြယ်ငါးကောက်သူများ ၊ မင်းညွန့်လှိုင်
ကြယ်ငါးကောက်သူများ
ပင်လယ်ကြီးကအကျယ်ကြီး
ကမ်းစပ်ကလည်းအရှည်ကြီး
လှိုင်းပုတ်ဒဏ်ခံ
ကြယ်ငါးတွေလည်းတဖွေးကြီး ။
ငါတို့မှာကလက်နှစ်ဘက်တည်း
ကြယ်ငါးတစ်ကောင်တွေ့တိုင်း
ပင်လယ်ထဲပြန်ပို့ပေးလိုက်ရင်
ကြယ်ငါးလေးတစ်ကောင်အတွက်တော့
ထွက်မြောက်ရာလမ်းတွေ့မှာပေါ့ ။
မိတ်ဆွေတို့ရေ
ကြယ်ငါးကောက်လက်ချောင်းတွေ
များပြားခဲ့ရင်
ကြယ်ငါးတွေ
အများကြီးရှင်သန်မယ်
ရိုးရှင်းလွန်းတဲ့သင်္ချာပါ ။
ွှရှင်သန်ခြင်းကိုမြတ်နိုးတယ်လား
ငါတို့ကြယ်ငါးကောက်ပါစို့ ။ ။
[ ဆရာဖေမြင့်ဘာသာပြန်
စာတစ်ပုဒ်ကိုပြန်အောက်မေ့ခြင်း ။ ]
မင်းညွန့်လှိုင်
Tuesday, August 4, 2015
အဲ့ဒီ အရပ်တွေမှာ… လွင်နောင်နောင်
အဲ့ဒီအရပ်တွေမှာ
===========
အဲ့ဒီအရပ်တွေမှာ
ရေပြင်ထဲ ရေငတ်နေသူတွေရှိတယ်
အဲ့ဒီအရပ်တွေမှာ
မြုတ်နေတဲ့စပါးပင်တွေအပေါ်မှာ
ထမင်းဆာနေသူတွေရှိတယ်
အဲ့ဒီအရပ်တွေမှာ
စိုနေတဲ့မိုးရေတွေထဲ
ဘဝများစွာရွှဲစိုအေးစက်နေကြသူတွေရှိတယ်
အဲ့ဒီအရပ်တွေမှာ
စိုနေတဲ့ရေကိုကြည့်ပြီး
ငိုနေတဲ့မိသားစုတွေရှိတယ်
အဲ့ဒီအရပ်တွေမှာ
နစ်နေတဲ့စာသင်ကျောင်းကိုကြည့်ပြီး
ဟီးချငိုနေရတဲ့ ကျောင်းသားကျောင်းသူလေးတွေရှိတယ်
အဲ့ဒီအရပ်တွေမှာ
လိုနေတဲ့နွေးထွေးမှုကို
အဲ့ဒီအရပ်တွေမှာ ငိုတဲ့ကလေးတွေကို
အဲ့ဒီအရပ်တွေမှာ ယိုနေတဲ့ဒုက္ခမိုးတွေကို
ဘယ်လိုဖေးမပေးရမလဲလို့
ကူညီနေသူပိုပြီးလိုအပ်နေတယ်
အဲ့ဒီအရပ်တွေကို
လူကိုလူလိုကူညီဖို့
လူသားအစစ်တွေဒီနေ့
ပိုလိုအပ်နေလေရဲ့ ။ ။
             လွင်နောင်နောင်
ကဗျာဆရာ လွင်နောင်နောင် ရဲ့
ဖော်ပြပါ ကဗျာ - "အဲ့ဒီ အရပ်တွေမှာ"ကဗျာကို
ကိုကျော်သူအောင်
၃၆လမ်းနှင့်၈၂လမ်း
မဟာအောင်မြေမြို့နယ်
မန္တလေးမြို့မှ
ဒီညနေ ၃၀၀၀၀(သုံးသောင်းကျပ် နှင့်)
ဝယ်ယူပေးလိုက်ပါပြီ ။
ဒီကဗျာရောင်းရငွေကို ရခိုင်ရေဘေးသင့်ဒေသကိုလှူဒါန်းမှာဖြစ်ကြောင်း
သိရပါတယ် ။
**ကဗျာဆရာ လွင်နောင်နောင် ရဲ့facebook က ကူးယူပါတယ် ။
Monday, August 3, 2015
အတွေးရေကြီးခြင်း -အောင်လွန်းမြိုင်
အတွေးရေကြီးခြင်း
________________
ခုဆို
ငါ့ အခန်းလေးဟာ
ပင့်ကူအိမ်တွေနဲ့
ကြယ်တယောက်ကိုမျှော်ရင်း
အဝေးကိုငေး ကာ တုန်ရင်နေလိမ့်မယ်၊
သေနေတဲ့ နဘဲပင် ရဲ့သစ်ကိုင်းကျိုးတွေက
အခန်းလေးရဲ့ခေါင်မိုးပေါ် ဆွေးမြေ့ဖွယ်
ရှဉ့်ကလေးတွေက
ကြယ်တယောက် မရှိတဲ့အခန်းမှာ အတင့်ရဲလို့၊
ဝါဆိုမိုး ကို မှ ပျော်ပါတယ် ဆိုတဲ့ မိုးရယ်---
ငါ့ အတွေးကို မိုးတိတ်အောင်သာရွာပါတော့  ။
                                                    အောင်လွန်းမြိုင်
Sunday, August 2, 2015
အိုးရွဲ့စလောင်းရွဲ့ ၊ ရန်လင်းအောင်
အိုးရွဲ့ စလောင်းရွဲ့
______________
မိုးကလည်းလက်မခံ
လေကလည်းလက်မခံ
ရေကလည်း တငြူငြူတစူစူ
တောင်ပြိုကမ်းပြို  ဘဝတွေ ငိုလို့
ဥတုရာသီဆိုတာ
အဓမ္မဒဏ်ခံရသူတို့အတွက်
တရားလိုပြအကောင်းဆုံးသက်သေပဲ၊
ဒီသရုပ်နဲ့ဒီအရှုပ်
မင်းယုတ်မာတော့ လူတွေရိုင်း
လူတွေရိုင်းတော့ ရာသီကြမ်း
စိတ်ကြမ်းကိုယ်ကြမ်းတွေနဲ့
ဒီလမ်း ဒီစခန်း
မင်းသာအခေါင်အချုပ်ပေမို့
ပဟေဠိ အဖြေညှိစရာမလို
လူလိုမှ နတ်လို အားလုံး အသိ
 ရာဇောဝါဒတရားကြည့်ပေါ့ သူငယ်ချင်း ။ ။
                                         ရန်လင်းအောင်
                                            ၃. ၈.၂၀၁၅
ရေထဲကသတင်းပေးပို့ချက်၊ မင်းညွန့်လှိုင်
ရေထဲကသတင်းပေးပို့ချက်
_____________________
နွေခေါင်ခေါင်မှာတို့ငတ်ခဲ့တဲ့ရေ
ခုတော့ တို့ကို ငတ်နေပြီ ။
ရှင်သန်ဖို့က ဓာတ်ကြီးလေးပါး
ပျက်စီးဖို့ကျ ရန်သူမျိုးငါးပါး
ရေက
ရန်သူဘက်ကို ပါသွားပြီ ။
အို
ကူညီကာဝိုင်းလို့
မှိုင်းမကြပ
လူမြတ်လူကောင်း
လူအပေါင်းတို့ရေ
ရေ ..ရေ..
ရေ.……
             မင်းညွန့်လှိုင်
ရေဘေးပရဟိတလှုပ်ရှားမှုမြင်ကွင်းတချို့ ။
တောင်ငူမြို့ မှ ကလေးငယ်နှစ်ဦး ရေဘေးကယ်ဆယ်ရေးအတွက် လှူဒါန်းနေပုံ
တောင်ငူမြို့
အနုပညာရှင်များ အဖွဲ့ (T A G ) အနေနဲ့ ရေဘေးသင့် ပြည်သူများကို ထောက်ပံ့ ကူညီနိုင်ရေး ရှေးရှုပြီး
 ၂ .၈.၂၀၁၅ ယနေ့ ၊ တနင်္ဂနွေနေ့ မနက် ပိုင်းမှ စတင်ကာ တောင်ငူမြို့တွင်း နေရာ အနှံ့ ဂီတ ဖြင့် လှည့်လည် အလှူ ခံလျက်ရှိ ရာ ယနေ့မနက်ပိုင်းတွင်
ကောက်ခံရရှိငွေစုစုပေါင်း ၁၀၁၅၂၀၀ ကျပ် ရရှိပြီးပါသည် ။
ငွေကြေး။ ဆေးဝါး။ အဝတ်အထည် ။ အစားအစာ။ အသုံးအဆောင် များ ကိုဆက်လက်
ပါဝင်လှူ ဒါန်းပေးစေလိုကြောင်း အသိပေးနှိုးဆော်လိုက်ပါတယ် ။
ဆက်သွယ် လှူဒါန်းလိုသူများ အနေ နဲ့
ကိုဝေလွင်ကို
09 973664222
ကို လွင်နောင်နောင်
09 261057889
ကိုခေတ်ဆူး
09 978592622
ကိုဇာန်မိုးဆဲလ်
09 798335125
ကိုကောင်းဈာန်ထက်
09 794195200
ကိုသားကြီး
09 974879559
09 790504200
ကိုသန့်စင်
ကို နှင်းမောင်
ကိုပြည့် ထံသို့
ဆက်သွယ် လှူဒါန်းပေးကြပါ ခင်ဗျာ။
                                  (Toungoo Artists Group)
ခက်ဦး၊ မင်းညွန့်လှိုင်၊ ရန်လင်းအောင် ။ ကဗျာ - ၃ ပုဒ်
မိုး 
         (ခက်ဦး)
အုံ့ချင်အုံ့
ဆို့ချင်ဆို့
ညို့ချင်ညို့
မည်းချင်မည်း
ခံလိုက်ရပြီဆို
တို့ဘက်ကချည့်ပဲ ။
                                     ခက်ဦး
 ____________________
လယ်စောင့်တဲ
                                   မင်းညွန့်လှိုင်
ထစ်ချုန်းဖောက်ခွဲရန်
စီးမိုးထိုးဆင်းလာတဲ့
မျက်နှာမည်းမည်းကြီးအောက်မှာ ။
ဝါးမျိုဖျောက်ဖျက်ရန်
ဝိုင်းရံပိတ်ဆို့ထားတဲ့
အစွယ်ဖွေးဖွေးပါးစပ်ပေါက်များအလယ်မှာ ။
ဒီလယ် ဒီမြေ စောင့်ကြပ်နေဆဲ
ခြေတံမြင့်မြင့် စွင့်စွင့်မြှင့်လို့
ကြာဖြူကြာနီ စီစီပွင့်လို့ ။ ။
[ ဆရာမင်းသုဝဏ်ကိုမှီးတယ် ။ ]
                                  မင်းညွန့်လှိုင်
______________________
ထမင်းအိုးလေးတည်ပါရစေဦး 
                                  ရန်လင်းအောင်
ကိုယ့်ထမင်းကိုယ်ရှာစားရမှာဆိုတာလောက်တော့
ကလေးသိ ခွေးသိပါကွာ ၊
ဒီနေ့
ကိုယ်ရှာထားတဲ့ထမင်းလုတ်
ဘယ်သူလာပုတ်ချမလဲ ၊
ဒီနေ့ ကိုယ်တည်မယ့်ထမင်းအိုး
ဘယ်သူလာရိုက်ခွဲမလဲ ၊
လူအချင်းချင်းလှည့်ပတ်ခြင်း
ကင်းရှင်းကြပါစေ ၊
တအုံ့နွေးနွေးရွတ်ဆိုရင်း
ထမင်းအိုးလေးတည်ပါရစေဦး ။။
                             ရန်လင်းအောင်
SAVE OUR PEOPLE
တောင်ငူမြို့
အနုပညာရှင်များ အဖွဲ့ (T A G ) အနေနဲ့ ရေဘေးသင့် ပြည်သူများကို ထောက်ပံ့ ကူညီနိုင်ရေး ရှေးရှုပြီး
 ၂ .၈.၂၀၁၅ ယနေ့ ၊ တနင်္ဂနွေနေ့ မနက် ပိုင်းမှ စတင်ကာ တောင်ငူမြို့တွင်း နေရာ အနှံ့ ဂီတ ဖြင့် လှည့်လည် အလှူ ခံလျက်ရှိ ရာ ယနေ့မနက်ပိုင်းတွင်
ကောက်ခံရရှိငွေစုစုပေါင်း ၁၀၁၅၂၀၀ ကျပ် ရရှိပြီးပါသည် ။
ငွေကြေး။ ဆေးဝါး။ အဝတ်အထည် ။ အစားအစာ။ အသုံးအဆောင် များ ကိုဆက်လက်
ပါဝင်လှူ ဒါန်းပေးစေလိုကြောင်း အသိပေးနှိုးလိုက်ပါတယ် ။
ဆက်သွယ် လှူဒါန်းလိုသူများ အနေ နဲ့
ကိုဝေလွင်ကို
09 973664222
ကို လွင်နောင်နောင်
09 261057889
ကိုခေတ်ဆူး
09 978592622
ကိုဇာန်မိုးဆဲလ်
09 798335125
ကိုကောင်းဈာန်ထက်
09 794195200
ကိုသားကြီး
09 974879559
09 790504200
ကိုသန့်စင်
ကို နှင်းမောင်
ကိုပြည့် ထံသို့
ဆက်သွယ် လှူဒါန်းပေးကြပါ ခင်ဗျာ။
                   (Toungoo Artists Group)
Saturday, August 1, 2015
SAVE OUR PEOPLE
တောင်ငူမြို့  ရေဘေးကူညီရေး ပရဟိတလူငယ်များအဖွဲ့ (Toungoo Artists Group) က မြို့တွင်းလှည့်လည်ဖျော်ဖြေနေကြောင်း
သတင်းရရှိပါသည်။
တောင်ငူမြို့
အနုပညာရှင်များ အဖွဲ့ (T A G ) အနေနဲ့ ရေဘေးသင့် ပြည်သူများကို ထောက်ပံ့ ကူညီနိုင်ရေး ရှေးရှုပြီး ၂ .၈.၂၀၁၅ ယနေ့ ၊ တနင်္ဂနွေနေ့ မနက် ပိုင်းမှ စတင်ကာ တောင်ငူမြို့တွင်း နေရာ အနှံ့ ဂီတ ဖြင့် လှည့်လည် အလှူ ခံလျက်ရှိပါသည် ။
ငွေကြေး။ ဆေးဝါး။ အဝတ်အထည် ။ အစားအစာ။ အသုံးအဆောင် များ ကို တတ်စွမ်းသမျှ
ပါဝင်ကူညီပေးကြပါ ခင်ဗျာ။
ဆက်သွယ် လှူဒါန်းလိုသူများ အနေ နဲ့
ကိုဝေလွင်ကို
09 973664222
ကို လွင်နောင်နောင်
09 261057889
ကိုခေတ်ဆူး
09 978592622
ကိုဇာန်မိုးဆဲလ်
09 798335125
ကိုကောင်းဈာန်ထက်
09 794195200
ကိုသားကြီး
09 974879559
09 790504200
ကိုသန့်စင်
ကို နှင်းမောင်
ကိုပြည့် ထံသို့
ဆက်သွယ် လှူဒါန်းပေးကြပါ ခင်ဗျာ။
                   (Toungoo Artists Group)
ထမင်းအိုးလေးတည် ပရစေဦး ၊ ရန်လင်းအောင်
ထမင်းအိုးလေးတည် ပရစေဦး 
____________________
ကိုယ့်ထမင်းကိုယ်ရှာစားရမှာဆိုတာလောက်တော့
ကလေးသိ ခွေးသိပါကွာ ၊
ဒီနေ့
ကိုယ်ရှာထားတဲ့ထမင်းလုတ်
ဘယ်သူလာပုတ်ချမလဲ ၊
ဒီနေ့ ကိုယ်တည်မယ့်ထမင်းအိုး
ဘယ်သူလာရိုက်ခွဲမလဲ ၊
လူအချင်းချင်းလှည့်ပတ်ခြင်း
ကင်းရှင်းကြပါစေ ၊
တအုံ့နွေးနွေးရွတ်ဆိုရင်း
ထမင်းအိုးလေးတည် ပရစေဦး ။
                          ရန်လင်းအောင်
                           ၂၉ ၆ ၂၀၁၅