Thursday, September 13, 2012

ရန်လင်းအောင် ။ သစ္စာ





















သစ္စာ

သွေးအားနည်းရပ်ဝန်းက
ကြယ်ဖြူဖြူလေးတွေရဲ့  နံဘေးမှာ
ငါအမြဲရှိမယ်   

အပူပိုင်းဒေသက
လေညှင်းကလေးရဲ့  လက်မောင်းသားနံဘေးမှာ
ငါအမြဲရှိမယ်   

နဒီဝင်္ကပါ  ပြဇာတ်ထဲက
အရိုးရှင်းဆုံး မြစ်တစ်စင်းရဲ့  နံဘေးမှာ
ငါအမြဲရှိမယ်    

လေဖိအားနည်းရပ်ဝန်းက
အစိမ်းရောင်ဆန္ဒနဲ့ အိမ်မက်တွေရဲ့  နံဘေးမှာ
ငါအမြဲရှိမယ်    

သစ္စာဖေါက်တွေ
တစ်ထောင်ဖိုးလေးခွေနဲ့
သူရဲကောင်းတွေ
ဘ၀ပေါင်း(၅၅၀) ဖိုးမှ တစ်ခေတ်တစ်ခါ ၊
ရေတစ်ပွက်စာနဲ့
ဘေးသင့်နေတဲ့ ကမ္ဘာကြီးထဲ
မင်းတို့ ဘေးနဲ့ ခေတ်ပြိုင်
မင်းတို့  ဘေးမှာ . . . . . . . . . .
ငါအမြဲရှိမယ်                     
ရန်လင်းအောင်
ဖက်ရှင် မဂ္ဂဇင်း
ဇွန်လ  ၂၀၁၂