Sunday, February 2, 2014

အမှောင် နဲ့ တွဲရိုက်မိတဲ့ ဓါတ်ပုံ၊ ရန်လင်းအောင်




အမှောင် နဲ့ တွဲရိုက်မိတဲ့ဓါတ်ပုံ

လှန့်လုံးတွေနဲ့         လည်ခဲ့ရ
လန့်လုံးတွေနဲ့         ပတ်ခဲ့ရ ။
ခြောက်လုံးတွေနဲ့     လည်ခဲ့ရ
ကြောက်လုံးတွေနဲ့    ပတ်ခဲ့ရ ။
တောင်နူတ်ခမ်းနင်းတဲ့ဇာတ် က နင်းလျှက်
မြောက်နူတ်ခမ်းနင်းတဲ့ဇာတ်က နင်းလျှက်
ပြားတဲ့ဇာတ်က ပြားလျှက်
မိုးလုံးလည်း မှိုင်းတွေပြည့်လို့
တစ်ယောက်မျက်နှာ လည်း တစ်ယောက်ရဲရဲမကြည့်နိုင်
ကိုယ့်မျက်နှာလည်း ကိုယ်မမြင်နှိုင်
ကောက်တွေ့တဲ့
အဓိပ္ပါယ်အတိုင်းသာ ကွေ့ကြ
ကွေ့ တဲ့အဓိပ္ပါယ်အတိုင်း လိမ်ကြ ဖယ်ကြ
လိမ်ဖယ်ဖယ်အတိုင်း တွန့်ရ ၊ ခေါက်ရ ၊
ကြေရ  ။စွေရ ။
သွေရ ၊ ဖီရ ၊ စောင်းလိုက်ကြ ၊
အရေးအရေးတိုင်း အရာအရာတိုင်း
မှုန်တချီ ၀ါးတလှည့်
မသဲကွဲဘဲအသည်းကွဲရတာ
အသည်းနာဆုံးပဲ ။


ရန်လင်းအောင်

အိ ပ် မ က် က မ္ဘာ ၊ ရ န် လ င်းေ အာ င်

အိ ပ် မ က် က မ္ဘာ ၊ ရ န် လ င်းေ အာ င် ၊

@ အိပ္မက္ကမ ၻာ @

တေရးမွ
မမှေးခဲ့ရတာ
ရေဆာဆာနဲ့
လန့်နိုးတော့မှသိလိုက်ရတယ် ။


                                                ရန်လင်းအောင်