Wednesday, October 9, 2019

မှုံပြာတေး ၊ အောင်ဘညို

📝 မှုံ ပြာေ တး 📝
_________________ အောင်ဘညို
____________________________
ကဗျာဆရာ ကိုအောင်ဘညို
ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အမှတ်တရ
အဖြစ်တင်ဆက်လိုက်ပါတယ် ။
၁၀.၆.၂၀၁၆
____________________________
မူရင်းသတ်ပုံအတိုင်း
တင်ပေးခြင်းဖြစ်ပါတယ် ။


ကမ်းလွန်ညို ၊ ချောဘသစ်

လေးကျွန်းမြေ blog ကို အကြောင်းကြောင်းကြောင့် ၂၀၁၆ ဇွန်လ ၁၀ ရက်နေ့မှာ ခတ္တေရပ်နားခဲ့ရပါတယ် ။
ဒီနေ့မှစတပြီး လေးကျွန်းမြေကဗျာ page မှာတင်ဆက်ခဲ့သော ကဗျာများကို
ကူးယူပြီးတင်ပေးသွားမှာဖြစ်ပါတယ် ။
၂၀၁၆ ဇွန် ၁၀ မှာတင်ခဲ့ကဗျာတွေကို စတင်မှာဖြစ်ပါတယ် ။

#ကဗျာဆရာကိုအောင်ဘညိုကွယ်လွန်ခြင်းတစ်နှစ်ပြည့်အလွမ်းအဆွေး၁၀ဇွန်၂၀၁၅

     * က မ်း လွ န် ညို *

အင်္ကျီလက်မောင်းကိုပင့်တင်
ပုဆိုးကိုပြင်ဝတ်
ပြီး...
မျက်ရည်ကိုလူမမြင်အောင် ပုတ်ခပ်
သူစို့စို့နင့်နင့်ရွတ်တယ် သူ့ကဗျာကို
"အိုစမာ"တဲ့.....။

တစ်နေ့သား ၃၃လမ်းထဲ
သူကိုလှသန်းနဲ့ထိုင်လျှက်
"ချောဘသစ်
 ငါ့နာမည်အေဘီညိုမဟုတ်တော့ဘူး
  ဟေတီညို"တဲ့ ။

သြော်...
လောကဓံငလျှင်အထပ်ထပ်နဲ့ "ဟေတီညို"
ကမ်းလွန်လေထဲ ပါသွားရှာ ။  ။

  *(၁၀ရက် ဇွန်လ ၂၀၁၅ တွင်ကွယ်လွန်သွားခဲ့သော ကဗျာဆရာ ကိုအောင်ဘညို[ခ]အေဘီညို သို့သတိတရဂါရ၀ )

     ချောဘသစ်
  (9: 6: 2016 )