Tuesday, March 22, 2016

အနာဂတ်အစီအစဉ် - ၆ - အနီ

www.abstract.com

အနာဂတ်အစီအစဉ် - ၆

________________________

စိုက်ခင်းလေးထဲငါရှိနေမယ်။

မြေနီလမ်းတွေဘက်ငါစက်ဘီးစီးနေမယ်။

ချောင်းကမ်းစပ်နားငါထိုင်နေမယ်။

နွားကျောကုန်းပေါ်ကငှက်တော်တွေကိုငါငေးနေမယ်။

ခြံစည်းရိုးတိုင်ပေါ်ကပုစဉ်းတွေကိုလိုက်ဖမ်းနေမယ်။

ရေဒီယိုနားထောင်နေမယ်။

မင်းအကြောင်းမပါတဲ့သတင်းတွေရွေးနားထောင်မယ်။

မငြိမ်းချမ်းတဲ့ကမ္ဘာထဲ
ငြိမ်းချမ်းခြင်းနည်းနည်းတော့ရှိလိမ့်မယ်။

ပျော်စရာရှားပါးတဲ့ကမ္ဘာထဲ
ပျော်စရာနည်းနည်းတော့ရှိလိမ့်မယ်။

ရှာမယ်။ ။

အ နီ




ဓား - ဧသုချို

http://www.google.com.mm/url?sa=i&source=images&cd

ဓား 

______________________

ဓားဟာ  အိပ်မက်မက်တယ် ။

သူဟာ...
သူ့ကိုကြိုးကိုင်အမိန့်ပေးသူရဲ့ ဆန္ဒအတိုင်း
ခုတ်ထစ်ရ
ပိုင်းဖြတ်ရ
ထိုးသွင်းရ
ပြိုကွဲပျက်စီးမှုများကို ထမ်းရွက်
သမိုင်းအဆက်ဆက်
အမည်ဆိုးနဲ့  အမှုတော်ထမ်းရွက်ကျေပွန်လို့ ။

ဓား က ပြောတယ်
သူ့ကိုယ်သူသာပိုင်မယ်ဆိုရင်
အရာရာပေါင်းစပ်ဆုံဆည်းဖို့
" ငြိမ်းချမ်းရေးတရား "ကို  ထုဆစ်ပုံသွင်း
သူ...ဂုဏ်သရေရှိရှိနေချင်ပြီတဲ့ ။

အဲ့ဒီညက
ဓားဟာ   ဒီအိပ်မက်ကိုမက်လို့
သူ့နောက်ကိုလည်း ဓားတွေက
တကောက်ကောက်လိုက်လို့  ။  ။

 ဧသုချို



ရေခပ်ဆင်း - နီဇူလိုင်



ေ ရ ခ ပ် ဆ င်း

__________________________


ရေပြည့်အိုးထဲမှာ
မေတ္တာရေအေးတွေလျှံလျှံဖြာလို့..
ရေပြည့်ကန်ထဲမှာ
ကြာပန်းနံ့တွေထုံထုံသင်းလို့..
ခပ်လို့ရယ်ဘယ်မကုန်
အေးတယ် …
မွှေးတယ်  …
သန့်စင်တယ်  … …

နီဇူလိုင်

၁၀.၃.၁၆