Monday, August 11, 2014

မသွားချင်ဘူးလား အနောက်အာဖရိက ။ မောင်သော်တာ

 

 

 

 

 

 

မသွားချင်ဘူးလား အနောက်အာဖရိက

do you want to go to westen-africa

                                       written by မောင်သော်တာ

မသွားချင်ဘူးလားအနောက်အာဖရိက
လိုက်ဘေးရီးယားရဲ့ပလက်ဖောင်းတစ်
ခုပေါ်မှာ
နို့စို့အရွယ်ကလေးငယ်တစ်ယောက်
မကြာခင်အမေပျောက်တော့မယ်
သူ့အမေကလေးချီလျက်ပက်လက်လဲကျ

သေငယ်ဇော မြောလို့
ဘာမှမသိတတ်ရှာတဲ့ကလေးမျက်ဝန်းေ
တွ
message မပို့ဘဲ ငါတို့ဆီ ရောက်လာ
ဒါ အီဘိုလာဗိုင်းရပ်စ်တဲ့လား
အသက်၁၀၀၀နီးပါး နုတ်ယူပြီးဖြစ်တဲ့
ဗိုင်းရပ်စ်/တစ္ဆေ/ရောဂန္တရကပ်
လွတ်ရာထင်မယ့်အရပ် အားလုံးပြေးကြ
အမေ့ကို ထားခဲ့တော့--သား
အဖေ့ကိုမငဲ့နဲ့-- မင်းသာလွတ်အောင်ပြေး
ကမ္ဘာမီးလောင်သလိုအတွေးတွေနဲ့
ကမ္ဘာမီးလောင်လည်းသားကောင်ချမနင်
းနိုင်
သူတို့ခမျာ
သူတို့ကိုယ်စား/သူတို့လို ဗလောင်ဆူရ
ငါတို့မှာ/ကြည့်နေရင်းနဲ့ မမြင်ရက်
ကြားနေရင်းနဲ့ရှောင်ထွက်နိုင်မလ
ား
ကပ်ရောဂါနဲ့လွတ်မြောက်ရာ
ဘယ်တိုင်းဘယ်ပြည်ဘယ်သူတွေကများ
သနားကြင်နာ ကယ်ဆယ်ကုသ
ဆွဲတင်မလဲ
ရောဂါပြန့်ပွားမှုနယ်ပယ်နဲ့ပမာဏ
အရေးပေါ်အခြေအနေ ရက်ပေါင်း၉၀
ဒီအန္တရာယ် ဒီငရဲဟာ
ငါတို့ကိုကူးစက်လာမှာ သွက်သွက်ခါ
ထိတ်လန့်လို့
အို---တရားပါ့
မသတီချင်သူရဲ့စိတ် 'ထွီ'စရာပေါ့
တကယ့်ဘေးနဲ့ တွေ့ကြတဲ့အခါ
သမီးသားဖြစ်လျက်ထားစွန့်ကြရတဲ့ဒ
ဏ်ရာ
သွေးမထွက်ဘဲ နာကျင်
လောကကြီးတစ်ခုလုံးကိုကသူစိမ်းပြ
င်ပြင်
ကြောက်ရွံ့မှုနဲ့/
ခြောက်ခြားမှုနဲ့သေမင်းနဲ့
ကိုယ့်အသက်ကိုယ်ခင်တွယ်တဲ့အတ္တနဲ

မိသားစုတွေ မြို့ရွာတွေဖရိုဖရဲ ကစဥ့်ကရဲ့
ကိုယ့်အမှောင် ကိုယ်မဆုတ်ဖြဲနိုင်
ဒီလောင်မီးထဲကဘယ်သူဆွဲထုတ်ပေးမလ

ပြေးကြ ပြေးကြ ပြေးကြ
သြော်-- အာဖရိက အာဖရိက
အဲဒီကမိသားစုတစ်ချို့
အဲဒီအနောက်အာဖရိကချောက်ကမ်းပါးမ
ှာ
အတူတူ အဆုံးစီရင်ခံကြရ
ငါတို့ကို'သက်သေ'ပြဖို့
အသက်သေပြကြရရှာပြီ။ ။


                                 မောင်သော်တာ

စံ ပ ယ် ညေ လး တ စ် ည ၊ မောင် သော် တာ

 

စံပယ်ညလေးတစ်ည

--------------------------  written by မောင်သော်တာ

စံပယ်တွေဘုရားလှူမလားအစ်ကို
ဒီမီးပွိုင့်ရောက်ရင်ကားတွေတရေး
အိပ်ရပြီ
ယုံချင်ရင်လည်း ယုံလို့ရ
မပုံလိုလည်းပုံခဲ့ရတဲ့ညတွေ
ဘတ်သီးပဲချိတ်ချိတ်မာကျူရီပဲထွန
်းထွန်း
လမ်းလယ်ကျွန်းလေးမှာ

တခဏ/တစ်ညတော့မှောင်နေတတ်စမြဲ
ဘာကိုဝယ်ချင်နေမှန်းသိရင်
ဘာကိုရောင်းမယ်ဆိုတာ
စံပယ်ကုံးလေးကိုမေးကြည့်ပေါ့
မပြေးနိုင်တဲ့ကျမ
ဒီမှာ ခဏခဏရပ်ပါတယ်
ရှာလို့လွယ်တဲ့လမ်းမှာကြယ်လေးတေ
ွက
ကျမကို ပြန်ပြန်ကောက်ပေးကြပါရဲ့
ရနံ့ဆိုတာ
ရေမဆေးလည်းမွှေးတယ်ဆို
လေညင်းလေးတွေထားခဲ့တဲ့
ဲ့အကြွင်းအကျန်လေးတွေထဲက
စံပယ်ညလေးတစ်ညကို
ကျမကိုယ်စား ယုံပေးမလား

                                 မောင် သော် တာ

"သူလည်းမဟုတ် တခြားသူလည်းမဟုတ်" ၊ ပါချုပ်ဆရာတော်ကြီး

 "သူလည်းမဟုတ် တခြားသူလည်းမဟုတ်"

★★★★★★★★★★★★★★★★★★★★
★ သာသနာတော်နှစ် ၁၀၀၀ ထက်စောပြီးတော့ မိလိန္ဒမင်းကြီးနှင့်အရှင်နာဂသိန် တို့သာသနာတော်မှာပေါ်ပေါက်ခဲ့ပြီး ဗုဒ္ဓမြတ်စွာရဲ့တရားဓမ္မတွေနဲ့ပတ်သက်ပြီး မိလိန္ဒမင်းကြီးကမေးတယ် အရှင်နာဂသိန်ကဖြေတယ်။ ကပ်ကပ်သပ်သပ်မေးခွန်းတွေပါပဲ။မေးခွန်းပေါင်း၃၀၄ခုရှိတယ်။အဲ့ဒီမေးခွန်းတွေကို
ဖြေဆိုချက်နှင့်အတူ မှတ်တမ်းတင်ထားတဲ့ကျမ်းကို မိလိန္ဒပဥှာ လို့ခေါ်တယ်။မြန်မာနိုင်ငံ သာသနာတော်နှစ်၂၅၀၀ အထိမ်းအမှတ်အဖြစ် ကမ္ဘာအေးကုန်းမြေမှာ ဗုဒ္ဓဘာသာနိုင်ငံတွေစုပြီး
သင်္ဂါယနာတင်ခဲ့တုန်းက ဒီ မိလိန္ဒပဥှာကျမ်းကို ခုဒ္ဒကနိကာယ်ထဲ ထည့်သွင်းပြီး ပိဋကတ်သုံးသွယ် နိကာယ်ငါးဖြာ ဓမ္မက္ခန္ဓာပေါင်း ၈၄၀၀၀ထဲထည့်ထားကြတယ်။ ဘာဖြစ်လို့လဲဆိုရင် ဘုရားဟောတဲ့တရားဓမ္မတွေကိုနားလည်ဖို့အတွက် အထောက်အကူ ဖြစ်လို့ပဲ။

★ မိလိန္ဒမင်းကြီးက ရှင်နာဂသိန်ကိုမေးတယ်။"အရှင်ဘုရား လောကမှာ လူတစ်ယောက်ဟာ ၁နှစ်ကနေ အသက်၈၀ ထိနေရတယ်ဆိုရင် အနှစ်၈၀သူနေသွားရတယ်။ ၁နှစ်သားတုန်းက အရွယ်နဲ့ အသက်၈၀အရွယ်ကိုယှဉ်ကြည့်လိုက်ရင် တူသလား ကွဲခြားသလား၊ကွဲခြားသွားတယ်ဆိုရင် အဲ့ဒါတစ်ယောက်တည်းလား နှစ်ယောက်လား၊"
တစ်ယောက်တည်းဆိုရင် ဟိုကပေါက်စလေး၊ ဒီကအဘိုးအိုကြီး သွားကျိုးနေပြီ ဆံပင်ဖြူနေပြီ
ဘယ်လိုတစ်ယောက်ထဲလို့ပြောမှာလဲ။ပြောလို့ရသေးရဲ့လား။ ၁နှစ်သားကလေးဓာတ်ပုံနဲ့ အဘိုးကြီးဓာတ်ပုံ ယှဉ်ပြီးတော့ထားလိုက် တစ်ယောက်ထည်းလို့ပြောလို့ရလား။
မျက်စိမလည်မသွားနဲ့နော်။

★ ရှင်နာဂသိန်ကပြန်ဖြေတယ် ''န စ သော၊န စ အညော'' တဲ့။သူဖြေလိုက်တဲ့
စကားလုံးလေးက 'သူလည်းမဟုတ်ဘူးတစ်ခြားသူလည်းမဟုတ်ဘူး' ။ သူမဟုတ်ဘူးလို့ဘာလို့ပြောတာလဲဆိုရင် ဥပမာ ၁နှစ်သားအရွယ်က သွားမကျိုးသေးဘူး ပေါက်စလေး၊အသက်၈၀ ရောက်တဲ့အခါ သွားကျိုးပြီးဆံပင်ဖြူပြီလေ၊။ အဲ့ဒီတော့ တစ်ယောက်ထဲလား နှစ်ယောက်လားဆိုတော့ ၂ယောက်လို့လည်းပြောလို့မရဘူး။
သူလို့လည်းပြောလို့မရဘူး တခြားသူလို့လည်းပြောလို့ မရဘူး။အလေးအနက်စဉ်းစား ဒါကဒဿနည်းနဲ့ဖြေတာ။

လိ မ်း . . . . . ၊ ရ န် လ င်းေ အာ င်

 

လိ မ်း . . . .

ဆိုးဆေးအလိမ်းလိမ်း
မိတ်ကပ်အလိမ်းလိမ်း
ဆေးဆိုးပန်းရိုက်၊အလိမ်းလိမ
်း

ဖုန်အလိမ်းလိမ်း
နှင်းအလိမ်းလိမ်း
မုန်တိုင်းအလိမ်းလိမ်း
မိုးသံလေသံ၊အလိမ်းလိမ်း

တိမ်တိုက်အလိမ်းလိမ်း
လှိုင်းလုံးအလိမ်းလိမ်း
ကမ်းပါးပြိုသံတွေ၊အလိမ်းလိမ
်း

မာယာအလိမ်းလိမ်း
မုသားအလိမ်းလိမ်း
အမနာပအလိမ်းလိမ်း
သစ္စာဆိုသံ၊အလိမ်းလိမ်း

သွေးအလိမ်းလိမ်း
ချွေးအလိမ်းလိမ်း
ဆေးဝါးဓါတ်စာ၊အလိမ်းလိမ်း

ဒဏ်ရာအလိမ်းလိမ်း
မျက်ရည်အလိမ်းလိမ်း
အော့နှလုံးနာစရာတွေ၊အလိမ်းလ
ိမ်း
အလိမ်းလိမ်း ၊
အလိမ်းလိမ်းနဲ့ လိမ့်လာ
အလိမ်းလိမ်းနဲ့ လှိမ့်ကာလှိမ့်ကာ ......
လုံးသလား ၊ ပြားသလား
ဓါတ်ပေါင်းဖိုကြီးလား ၊ အမှိုက်ပုံးလား !
ကမ္ဘာ ! ! ! ဇရာထောင်းပြီလား!
ခု !...... ကောင်းကင် ဟာ
ဘာရောင်ပေါက်နေလဲ
ငယ်နာမည်လေးမေ့သွားပြီ . . ။             ။

                              ရ န် လ င်းေ အာ င်
                                 ဒီဇိုင်း ကိုထိုက်