မဆိုဖြစ်သော . . . . . . . . . .
ဒီသီချင်းကတော့
ကျွန်တော့်ဘ၀ကို သက်သေထူဖို့
လုံလောက်တဲ့ အကောင်းဆုံးမျှော်လင့်ချက်ပါပဲ ။
နောင်တတွေ အဆုပ်လိုက် အခိုင်လိုက်
ဝမ်းနည်းဖွယ် တွေ့မြင်မိသမျှမှာ
အမှားတချို့နဲ့ ဘ၀၀မ်းစာ
သွေးရိုးသားရိုးပါလို့ ပြောခဲ့သမျှ
မလုံမလဲပြုံးစေ့စေ့ သံသယမျက်နှာ
ရုပ်ကမြင်ပြီး စိတ်ကတွေ့တယ်
ခု . . . . . . . . . . .
ကျွန်တော်ဆိုမယ့် သီချင်းကိုမေ့နေပြီ
ကိုယ့်ရုပ်ကို ပြန်ကြည့်တော့လည်း
အစကနေ အဆုံးတိုင် ကြမ်းရှရှပျော့ဖတ်ဖတ်
မငိုတော့ပါဘူး ပြောပြီး
မျက်ရည်ကို ဘယ်လိုသုတ်မိမှန်းမသိဘူး ။
ဒီည မဆိုတော့ပါဘူး
မေးခွန်းနဲ့ တည့်တည့်တိုးမှတော့
ကျွန်တော်ဘာလုပ်ရမလဲ
ကဗျာတစ်ပုဒ်ရေးပြီးရင်
နောက်တပ်ကဗျာတစ်ပုဒ်ရေးဖို့ သေချာရဲ့လား
ဒီသီချင်းကိုပဲ အထပ်ထပ် ဆိုညဉ်းမိတယ်
အသံမထွက်ခဲ့ဘူး ။ ။
အောင်လွန်းမြိုင်
ချယ်ရီ မဂ္ဂဇင်း ၊ မတ် ၊၂၀၀၂ - ခုနှစ်
။