Tuesday, July 22, 2014

တူ နို င် မ ထ င် ကြ နဲ့ : မ င်းညွ န့် လှို င်

တူနိုင်မယ် မထင်ကြနဲ့
                                          မင်းညွှန့်လှိုင်

ဟိုဘက်ပြည်က အမတ်လောင်း
အကြံဉာဏ် ကောင်းလိုက်ပုံက
သူ့မဲဆန္ဒနယ်က လူထုအတွက်
ဘယ်ဘက်ဖိနပ် တစ်ဘက်စီ
ကြိုတင်ဝေငှထားသတဲ့လေ
ညာတစ်ဘက်ကတော့
သူနိုင်မှ ရမယ်ပေါ့။

အကြမ်းမဖက်ခြင်းရဲ့သင်္ကေတ
သူတော်စင်ဂန္ဒီကြီးလေ
(တတိယတန်းက...)
ရထားစီး ခရီးသွားရင်း
သူ့ဖိနပ်တစ်ဘက်ထွက်ကျတော့
ကျန်တစ်ဘက်ပါ ချွတ်ချလိုက်သတဲ့
ကောက်ရတဲ့သူ
တစ်ရံစလုံး သုံးနိုင်အောင်ပေါ့။

ဖိနပ်တစ်ရံနဲ့ လူနှစ်ယောက်ဟာ
ကွာကို ကွာပါတယ်
သမိုင်းတန်ဖိုးလည်း ကွာပါတယ် ။      

                                  မ င်း ညွ န့် လှို င်

အသစ်စက်စက် အသစ်ဆက်ဆက် အသစ်စက်လက် . . . . # ရန်လင်းအောင်

အ သ စ် စ က် စ က် အ သ စ် ဆ က် ဆ က်
အ သ စ် စ က် လ က် . . . . . . . . . . .

အသစ်ဘုရားသခင်အသစ်ဒုက္ခသည်စခန်းအသစ်
အသစ်ရောဂဘယအသစ် ကုထုံးအသစ်
အသစ်လမ်းမတော်အသစ်ဝင်္ကပါအသစ်
အသစ်ပွင့်လင်းမြင်သာမှုအသစ်ထောင်ချောက်အသစ်
အသစ်ဖက်ရှင်အသစ်အပုပ်နံ့အသစ်
အသစ်သွေးဆာနေတဲ့ဓားအသစ်အသည်းနာသူအသစ်
အသစ်ရောင်နီအသစ်ဆည်းဆာအသစ်
အသစ်ယုံကြည်ချက်အသစ်သွေဖီမှုအသစ်
အသစ်ကိုးကွယ်မှုအသစ်စံလွဲမှုအသစ်
အသစ်ချစ်သူအသစ်မျက်ရည်အသစ်
အသစ်လွမ်းချင်းအသစ်နတ်စိမ်းအသစ်
အသစ်အစိုးရအသစ်တော်လှန်ရေးအသစ်
အသစ်နိုင်ငံတော်အသစ်အကျဉ်းထောင်အသစ်
အသစ်အင်ပါယာအသစ်သုဿန်အသစ်
အသစ်နယ်စည်းမခြားအသစ်ဗုံးခိုကျင်းအသစ်
အသစ်နောက်ဆုံးပေါ်အသစ်ပြတိုက်အသစ်
အသစ်သွေးသောက်အသစ်လောက်ကောင်အသစ်
အသစ်သူရဲကောင်းအသစ်ကြောင်တောင်ကန်းအသစ်
အသစ်အဟာရအသစ်အဆိပ်အတောက်အသစ်
အသစ်စင်္ကြာဝဠာအသစ်မဟာပေါက်ကွဲမှုအသစ်
အသစ်အသွေးသစ်အသားသစ်ဇရာအသစ်
အသစ်ဘ၀အသစ်မရဏအသစ်
အ သ စ် /အ သ စ် / အ သ စ်/ အ သ စ် /အ သ စ် /
အငွေ့တလူလူ တ လူး လူး အ သ စ် အ သ စ်အ သ စ်
အေးအေးလူလူ လိ မ့် လိ မ့် လူး လူး
အ   သ   စ်   အ   သ   စ်   အ     သ    စ်
အသစ် အသစ်စက်စက် အသစ်ဆက်ဆက်
 အ သစ် စ က် လ က် အ သ စ်   အ သ စ်   အ သ စ်. . . . . .

                                                                    ရ န် လ င်း အော င်