Saturday, May 9, 2015

ကဗျာဆရာဇောသစ် ၅ - ပြည့် အလွမ်း

ကဗျာဆရာ ဇောသစ်

၅ - နှစ် ပြည့် အလွမ်း . . . . .

ဘဒ္ဒန္တစန္ဒောဘာသ
ကဗျာဆရာ ဇောသစ်ကို အောက်မေ့ခြင်းအထိမ်းအမှတ်အဖြစ်
မန်းချောင်းလရောင်စာအုပ်တိုက်မှ
စီစဉ်တင်ဆက်ခဲ့တဲ့
Poetry Life ကဗျာဆိုင်ရာ စာအုပ်မှာ ဖေါ်ပြခဲ့တဲ့ သူ့ရဲ့ ကဗျာတစ်ပုဒ်ကို
အလွမ်းပြေ တင်ဆက်လိုက်ရပါကြောင်း … …

သတိရမိတဲ့ တရား

• • • • • • • • • • • •
မုဆိုးက
သားကောင်ကို ချောင်းမြောင်းသလို
သူက
သူ့ဘဝသူ ပြန်ချောင်းလေရဲ့  ။

အချစ်နားနီးပြီး အချစ်မရသူလို
တရားနားနီးပြီး တရားမရသူ
တောထဲက သားကောင်ရသလို
ဘဝထဲက တရားရချင်တယ် ။

တစ်လံမှာ ၃၂ ကောဋ္ဌာသ
သူလည်း သူ့ခံစားမှုနဲ့သူ
ကိုယ်လည်း ကိုယ့်ခံစားမှုနဲ့ ကိုယ်
စိတ်က စိတ်ကိုသင်ကြားခဲ့ရ
ဓမ္မနှင်းတွေ
ဘဝနွေရဲ့  မနက်ခင်းထဲ
တဖွဲဖွဲကျကာနေတော့တယ် ။

                                  ဇောသစ်
                       Poetry Life
                     ပ- ကြိမ် - ၂၀၁၁ . ဒီဇင်ဘာ