Tuesday, March 31, 2015

သူရဲကောင်း ။ ယောလုံမေ


သူရဲ​ကောင်း

**********
သေဆုံးခြင်း​တွေရဲ့အခြားတစ်​ဘက်​မှာ
တွေ့ဆုံခြင်းရှိခဲ့မယ်​ဆိုရင်
ကျွန်​​တော်​ သူနဲ့ လိုက်​သွားချင်​တယ်

နှုတ်​ဆက်​တဲ့မျက်​၀န်း​တွေက
အမှာစကား​ပြောကြားသွားသလို
ရင်​ထဲကတစ်​စုံတရာကို ထုတ်​ခွဲသွားလိုက်​တာ
ကျွန်​​တော့်​ရင်​ဘတ်​​တွေ
ခုထိ ပြန်​မ​စေ့နိုင်​​သေးဘူး။

သူ မရှိတဲ့ကမ္ဘာမှာ
သူ ထားခဲ့တဲ့အမှတ်​တရ​တွေပိုက်
စကားလက်​ဆုံကျဖူးတဲ့ နံနက်​ခင်း​ပေါင်းများစွာထဲက
အဆုံးမ​တွေကိုလွမ်းတယ်
ကျွန်​​တော်​နှစ်​သက်​ဖူးတဲ့
သူ့​ချွေးန့ံ​တွေကိုလွမ်းတယ်
သူစီး​နေကြ စင်​ကြယ်​ဖိနပ်​​လေးကိုလွမ်းတယ်​။

ပျော်​စရာပုံရိပ်​​တွေဟာ
ဘ၀မှာဘယ်​​တော့မှပြန်​မရ​တော့ဘူးဆိုတဲ့
အသိနဲ့ ဖွဲမီးလို
တ​မြေ့​မြေ့ကျွမ်း
ကျွန်​​တော့်​မျက်​ရည်​​တွေ မခန်းနိုင်​​တော့

ခေါ်ခွင့်​မရှိ​တော့တဲ့ နာမ်​စား​လေးကို
တသသရွတ်
အလွမ်း​တွေစကြာဝဠာကိုပစ်​တင်​လို့
သူ့ကိုပြန်​မျှား​ခေါ်လို့ရရင်
အ​တွေးနဲ့ည​တွေ ပို​မှောင်​လာတယ်​။

သူမရှိ​တော့
ရှင်​သန်​​နေထိုင်​မှုက အသက်​ရှုကျပ်​လာတယ်
မျက်​ရည်​သုတ်​​ပေးမယ့်​ လက်​တစ်​စုံမရှိ​တော့
ကျွန်​​တော်​မငိုတတ်​​တော့တာ ကြာပြီ
ပြေးခိုစရာရင်​ခွင်​မရှိ​တော့
ကျွန်​​တော်​အ​မှောင်​ မ​ကြောက်​တတ်​တာ ကြာပြီ
ကာကွယ်​​ပေးမယ့်​သူမရှိ​တော့
ကျွန်​​တော်​သတ္တိရှိခဲ့ ပြီ​။

နောက်​တခါပြန်​လာရင်
ရယူတတ်​သူအဖြစ်​ လာခဲ့ပါ
ကျွန်​​တော်
သူ့​ခြေရင်းမှာ ခယ ၀ပ်​စင်းချင်​လို့
တက်​တူးထိုးလာတဲ့ရင်​ဘတ်​နဲ့
ကျွန်​​တော်​ ​အော်​​ခေါ်မိတယ်
အ​ဖေရယ်​....
ပြန်​လာခဲ့ပါ​တော့ ။         ။
                 
             ယာလုံ​မေ

အော်သံ ။ မင်းညွန့်လှိုင်


အော်သံ


တင်ထားလိုက်တဲ့မုန့်ထုပ်တွေက
တလုံးတခဲကြီး
မုန့်လုံးကြီးလိမ့်နေသလိုလို
စက်ဘီးနင်းနေသူကိုမှမမြင်ရ။
ဘတ်စ်ကားသေးသေးလေးကို
အုံခဲနေတဲ့လူတွေကတထွေးကြီး
လူအထုံးအထွေးကြီးပြေးလွှားနေသလိုလို။
ပလက်ဖောင်းတလျှောက်
အရောင်စုံအသံစုံအနံ့အသက်စုံ
ငါသူတပါး ယောက်ျားမိန်းမ မကွဲပြား
ပူလောင်ခြင်းသာ ထင်ရှားတဲ့အမှတ်အသား
အပူစီးကြောင်းကြီးရွေ့လျားနေပါလား။
အထပ်မြင့်အဆောက်အဦကြီးတွေက
ဘယ်လိုသက်ရှိမျိုးတွေသိုလှောင်ထားပါလိမ့်
ကတ္တရာလမ်းချောက်နက်နက်ထဲ
ပုရွက်တစ်ကောင်လိုငါတွေးခေါ်မိ
ဖန်ရောင်မှန်ရောင် သတ္တုရောင်တဖျတ်ဖျတ်မှာ
လူရိပ်လူယောင်မှမမြင်ရပါလား ။
သံပန်းတံခါးတထပ်
သစ်သားတံခါးရွက်တထပ်
ချောင်းကြည့်ပေါက်ပိစိလေးရဲ့တဖက်မှာ
ငါရှာဖွေနေတဲ့
မျက်ဝန်းလှလှရှိဖို့မသေချာ။
လွမ်းမောဘွယ်တက္ကသိုလ်ညများရဲ့
ပုံပြင်တွေထဲကသရဲတစ္ဆေမှာ
မျက်နှာမပါသလိုမျိုး
ဒီမြို့ကြီးမှာ
ငါသိထားတဲ့မျက်နှာတွေ
ဘယ်ရောက်နေကြပါလိမ့်။
မြို့ကြီးမျက်မည်းထဲ
လူပျောက်နေတယ်
လူပျောက်နေတယ်
လူပျောက်နေပါတယ်ဗျို့
ငါ့အော်သံလည်း
မျက်ကလဲဆန်ပျာ
မျက်စိမျက်နှာပျက်နေပါရောလား ။      ။

                                      မင်းညွန့်လှိုင်

အ လံ ။ မောင်သော်တာ


လံ

____________________
အရောင်ရယ် အရုပ်သင်္ကေတရယ်

ရှေ့ပြေးတွေရဲ့လက်ထဲမှာ

တစိတ်တဝမ်းတည်းဆိုတဲ့အသံက
လေအဟုန်ကိုတဖျတ်ဖျတ်လွှင့်ခါစေလိုက်တယ်  ။

               မောင် သော် တာ

အိမ်ပြန်မလာတဲ့ ချေ ။ ဇေရ



အိမ်​ပြန်​မလာတဲ့ ​ချေ
****************
ချေ ဟာ
ကျောင်းဆရာတစ်​​ယောက်​ဖြစ်​ပြီး
ကျောင်းတက်​​ခေါင်း​လောင်းထိုးသံကို
နောက်​​ကျောဘက်​မှာထားခဲ့တယ်​။

ရိုင်​ဖယ်​ကျည်​တစ်​​တောင့်
မျက်​ခုံး​ပေါ်စိုက်​၀င်​ခဲ့ပြီး
ချစ်​တဲ့​ကျောင်းသား​တွေကြားမှာမ​ပျော်​​တော့

သင်​ရိုးကို
တောရှင်းဓားတစ်​လက်​အဖြစ်
ခြေရာခွက်​ထဲ စိုက်​သွင်းခဲ့

ချေဟာ
ကူရာမဲ့​သွေး​တွေကို
ကျောင်းလွယ်​အိတ်​ထဲကဆွဲထုတ်​ခဲ့
ဘ၀တစ်​စုံလုံး​ကျောင်းခန်းထဲကဆွဲထုတ်​။
မိသားစုအစိတ်​ပိုင်းကို
အ​သွေးသားထဲကဆွဲထုတ်
ကဗျာဆရာဘ၀ကိုဆွဲထုတ်
စကားလုံး​တွေကို
ဧည့်​ခန်းမှာအမှတ်​တရ ချိတ်​ဆွဲထားပြီးထွက်​ခဲ့တယ်​။

ချေဟာ
ထွက်​သွားပြီး ပြန်​မလာတဲ့ အနီ​ရောင်​မိတ်​​ဆွေ
ချေအိမ်​မပြန်​နိုင်​ခဲ့တဲ့လမ်းမှာ
တော်​လှန်​ဆူး​တွေ
ဖိနပ်​​ပေါက်​​လောက်​​အောင်​ ပွင့်​သီးလှပလို့

ခင်​ဗျားအမည်​နာမနဲ့
နိုင်​ငံ​တော်အဆင့်​အလံလွင့်​ထူမတ်​လိုက်​ပြီ ​ချေ။
                                                           ဇေရ

လေမှုတ်တူရိယာ ရန်လင်းအောင်


လမှုတ်တူရိယာ



ဘာမှမဟုတ်တာကို
ဘာမှမဟုတ်ပါဘူးလို့ ပီပီသသအသံထွက်လာတဲ့အထိ
သေကောင်ပေါင်းလဲ ကိုယ့်မှာ တသသ
တော်တော်လေးနက်တဲ့ ဒီကိစ္စ ။

                               ရန်လင်းအောင်