Saturday, May 28, 2016

သေပန်းပွင့်​​နေတဲ့ ကဗျာ - တမျိုးနီ



သေပန်းပွင့်နေတဲ့ကဗျာ

။။။။။။။။။။။။။။။။။။။။။။။။။။

မသေခင်ပုပ်နေတဲ့ ကောင်တွေထက်စာရင်
သေပန်းပွင့်နေတဲ့ကဗျာက လှတယ်။
ပေါ့ပေါ့ပါးပါးပဲ ကိုယ်ဖော့ထားတယ်
အကုသိုလ်ကို အချဉ်သိပ် ခေါင်းထဲထည့်ထားတဲ့
ဦးနှောက်တွေ
အရောင်ပြ လှပနေလို့
ငါတို့ သေပန်းပွင့်နေရတာ ကောင်းတယ်။      ။

တမျိုးနီ

အိ မ်​ - သားထက်​​ဆွေ



အိမ်


ဆောက်ခဲ့ကြပါတယ်
အိမ်   ဆိုပြီးတော့ ။

ဆင်းတုတော်ပူဇော်တယ်
ဘုရားခန်းမပါဘူး ။

ဧည့်ခံစာရိတ်တွေ သုံးတယ်
ဧည့်ခန်း မပါဘူး ။

မီးဖိုချောင်သုံး ပစ္စည်းတွေဝယ်တယ်
မီးဖိုချောင်သုံး တွေမဝယ်ဘူး
ထမင်းစားအသုံးအဆောင်တွေ နေရာ မချဘူး ။

အိပ်ရာ ခမ်းနား စာရင်းတင်တယ်
အိပ်ခန်း မတွေ့ ရဘူး ။

ဆိုင်ရာ ဆိုင်ရာ စာရင်းတွေရှိတယ်
စာကြည့်ခန်း  စတိုခန်း ရေအိမ် ရေချိုးခန်း
မပါဘူး
ဘာ  မှ  မ ပါ  ဘူး  ။

ကြည့်လိုက်တော့
မြင်နေ ရတယ် ။

ခြံစည်းရိုး မပါဘူး ။

ဆောက်ခဲ့ ကြပါတယ်
အိမ့့် 
ဆိုပြီးတော့  ။       ။

သားထက်ဆွေ