Tuesday, June 9, 2015

မိသားစု နဲ့ ထပ်တူ ဝမ်းနည်းရပါကြောင်း


ကဗျာဆရာ အောင်ဘညို ကွယ်လွန်
________________________

မန္တလေး၊ ပိုက်ကျုံသားဖြစ်တဲ့ ကဗျာဆရာအောင်ဘညို (အမည်ရင်း မောင်မောင်ဇော်) ယနေ့နံနက် ၁၀ နာရီဝန်းကျင်ခန့်က ရန်ကုန်မြို့ ယုဇနဥယျာဉ်မြို့တော် နေအိမ်တိုက်ခန်းမှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။


ကွယ်လွန်ချိန်မှာ အသက် ၅၄ နှစ်ရှိပြီ ဖြစ်ပါတယ်။

လစဉ် အပတ်စဉ်ထုတ် မဂ္ဂဇင်း၊ စာစောင်တွေမှာ ကဗျာပေါင်းများစွာကို ရေးသားခဲ့သူဖြစ်သလို တခြားကလောင်အမည်ခွဲတွေ နဲ့လည်း အနုပညာဆောင်းပါးတွေ ရေးသားခဲ့သူဖြစ်ပါတယ် ။

ကဗျာဆရာအောင်ဘညို မိသားစု နှင့် ထပ်တူ ဝမ်းနည်းရပါကြောင်း …………

                            လေးကျွန်းမြေ ကဗျာဆရာများ