Friday, January 29, 2016

ခရီးသွားတဲ့ လိပ်ပြာ - ကိုသားကြီး


ခရီးသွားတဲ့ လိပ်ပြာ 

__________________________

ညက
ဆောင်းထဲ ထိုးကျသွားလို့
အငွေ့ အိုတွေ ယောင်ကိုင်းလာ …

နှင်းငိုပုံလေး
ဝမ်းနည်းဖွယ် လမ်းမထက်
ဆောင်တော်ကူးပန်းတို့ပြေးဆော့ ခဲ့ ။

နှလုံးစိမ်း သူတို့ ကိုင်းကူးကိုင်းဆက်
အဝေးကျန်
ရွာလေးရဲ့ မနက်ခင်းကို
ကြို ပြီး လွမ်းတယ် ။

တံခါးကို ဖွင့်တဲ့အခါ
မြင်ကွင်းတည့်တည့် က နှင်းဆီတွေ
နု စို လတ် သစ် လို့ ရဲရဲ နီစွေး
အိပ်မက်ထဲ အထိ မွှေးတယ်။ ။

ကိုသားကြီး