Thursday, April 23, 2015

အပူမီးဆို့ ဂြိုဟ်ပြာပြာ ။ ခက်ဦး

အပူမီးဆို့ ဂြိုဟ်ပြာပြာ

.............................

ညှိုးချုံး သွေ့ခြောက် နွမ်းလျ
အဇ္ဈတ္တတွေ ထုထည်လိုက်ကြမ်းရှလို့
ကမ္ဘာကြီး မချမ်းမြနိုင်တော့ ။

မိုးစက်လို မျိုးဆက်ရယ်သံသစ်တွေ
တရွှဲတနစ် ဆင့်တိုးဆကဲ ရွာချပစ်တောင်
အမြစ်နု အရွက်ချို ပွင့်သစ်မွှေးမွှေးတွေ
တကျော့ပြန် စိမ်းစိုအေးဖို့ ခက်ချေသေးပြီ ။

ခက်ဦး
၂၂ . ၄ . ၂၀၁၅ ကမ္ဘာမြေနေ့ အထိမ်းအမှတ်

(ဓာတ်ပုံ photographize ပေ့ခ်ျ မှ ကူးယူသည်