Saturday, February 6, 2016
နဝခေတ်စမ်းကဗျာ - မောင်ကြူးရင့်
နဝခေတ်စမ်းကဗျာ
_________________________________
ပြည်တွင်း ပြည်ပ fb /blog ကဗျာချစ်သူများ
ကဗျာဆရာများ လေ့လာနိုင်ရန် ခံစားထိတွေ့နိုင်ရန်
အတွက် နဝခေတ်စမ်း ခေါင်းစဉ်ဖြင့် ကဏ္ဍတခုဖွင့်
လှစ်တင်ပြပေးသွားပါမယ် နှစ်ပေါင်း ၅၀ ကျော်က
ရေးသားဖွဲ့ဆိုခဲ့တဲ့ကဗျာများဖြစ်ပါတယ် ကဗျာ
ခေတ်ကွင်းဆက်မပြတ်ဖို့ဖြစ်ပါတယ် ။
နဝခေတ်စမ်းကဗျာ - ၁
___________________________
ပဲလူသိများပါတယ် ဆရာမကြီးဟာကဗျာအဖွဲ့
ဒေါင်ဒေါင်မြည်ကောင်းသူပါ သူ့နှလုံးသားမှာ
မခံမရပ်နိုင်ခံစားရပြီးသွေးယိုစီးကျမှသာကဗျာရေး
သူပါ သူ့အကိုကြီးအာဏာအသိမ်းခံရတဲ့အခါ
ရေးဖွဲ့ခဲ့တဲ့ကဗျာတပုဒ်လို့ယူသော်ရပါတယ်
ကဗျာအဆုံးသတ်မှာ
မြူမျှကျေနပ်နိုင်လေဘူး
ဆိုတဲ့နှလုံးသားခြစ်ထုတ်လိုက်တဲ့
အော်သံကိုကြားရမှာပါ
အားလုံးငြိမ်းချမ်းကြပါစေ ။
မောင်ကြူးရင့်
အူ သံ - ၃ ၊ နီဇူလိုင်
အူသံ - ၃
______________________
ရှည်လျားပိန်းပိတ်
အမှောင်ထုတရိပ်ရိပ်ဖြတ်သန်းခဲ့
စမ်းတ၀ါးဝါးတွေကိုပဲ
ကျောနဲ့အပြည့်ထမ်းရင်း
နှင်းဆီဖျော့ဖျော့ကောင်းကင်
လင်းစင်ဝင်းပ..ရုတ်တရက်ဖြာကျ
ဆွဲဆွဲငင် … … …
နီဇူလိုင်
Subscribe to:
Posts (Atom)