Monday, March 28, 2016

ပဉ္စဝဂ္ဂီ - လင်းသက်ငြိမ်

http://fpmt.org


ပ ဉ္စ ဝ ဂ္ဂီ

_________________________

ဒုက္ကရစရိယာဟာ 
သာမာန်လူမကျင့်ကြံနိုင်တဲ့
တရားထူးပဲလို့ သူတို့ထင်ကြ
ပိန်လှီလာတဲ့ သိဒ္ဓတ္ထဟာ ကြည်ညိုဖွယ်ရာ
ဉာဏ်အလင်းမှာ သူတို့စိတ်ပျက်သွား
ငါတို့ကိုးကွယ်နေတာ ပျော့ညံ့တဲ့လူသားပဲ...
အလယ်အလတ်လမ်းနဲ့ ဗုဒ္ဓပွင့်ခဲ့ပြီ
သူတို့ရှိမခိုးပဲမနေနိုင်အောင်
ဓမ္မစကြာဟာ ကြည်ကြည်လင်လင်
ပြတ်ပြတ်သားသား ။            ။

လင်းသက်ငြိမ်



ဂယ်ပေါက် - မောင်ကြူးရင့်

https://www.tumblr.com/tagged/miros-art


ဂ ယ်ေ ပါ က်

_______________________

တဘဝလုံးလုံး
ဆေးဆိုင်က ဆေးမှားပေးတဲ့
ဆေးခါးကြီးကိုသောက်ခဲ့ရ

သေခြင်းဟာမဆန်းကြယ်
ရှင်ခြင်းကတော့ ဆန်းကြယ်တယ်

လူ့ဘဝဆိုတာကလည်း
သမုဒယပန်းကလေးသာ
ထာဝရဖြစ်ရင်တော့ ကောင်းတာပေါ့

ခရမ်းလွန်နေရောင်အောက်
ထီးတလက်လိုအရိပ်မိုးပေးတဲ့
ဗင်ဒါပင်ကလေးတွေဖြစ်ရင်ကောင်းတာပေါ့

မြစ်ဟာကွေ့တယ် ကောက်တယ်
ကဗျာတပုဒ်လိုလှတယ်

သမိုင်းဟာကွေ့တယ် ကောက်တယ်
ခေတ်ဟာကွေ့တယ် ကောက်တယ်
လူဟာကွေ့တယ် ကောက်တယ်
အဲ့ဒီ့ကွေ့ကောက်မှုဟာ
ကဗျာတပုဒ်လိုလှပါ့မလား
ပန်းချီတကားလိုလှပါ့မလား
တေးတပုဒ်လိုချိုပါ့မလား

အဲ့ဒီ့ကွေ့ကောက်မှုမှာ
တိုင်ပေါ်ကိုတရွေ့ရွေ့တက်နေတဲ့
ခရုကောင်လေးတွေကို
ဆားနဲ့ပက်တဲ့အခါ
ထွန့်ထွန့်လူးတိုင်အောက်ကို
ပြုတ်ကျကုန်တဲ့ ဘဝတွေ

လူသားတွေဟာ
ခေတ်ကိုတုံ့ပြန်ဖို့
အမုန်းတရားကိုခုခံဖို့
ကိုယ့်ကိုယ်ကို ကာကွယ်ဖို့
မြေအောင်းသတ္တဝါတွေလို
ဂယ်ပေါက်တွေထားရမယ်။            ။

 မောင်ကြူးရင့်

  ၂၈့  ၃့  ၂၀၁၆