Saturday, November 9, 2013

မြို့ပေါ်က မြစ် ၊ written by ; ရန်လင်းအောင်




မြို့ ပေါ်ကမြစ်

                                        Written by ရန်လင်းအောင်


အောက်မေ့ဖွယ်ရာ နေ့စွဲများ
အောက်မေ့ဖွယ်ရာ နှလုံးသားများ
အောက်မေ့ဖွယ်ရာ လမ်းမများ
အောက်မေ့ဖွယ်ရာ လမ်းသွယ်များ
အောက်မေ့ဖွယ်ရာ ရုပ်တုများ . . . . . . .
အောက်မေ့ဖွယ်ရာ ပန်းခြံများ
အောက်မေ့ဖွယ်ရာ ကျောက်တိုင်များ
အောက်မေ့ဖွယ်ရာ အတောင်ပံများ
အောက်မေ့ဖွယ်ရာ ကြယ်စင်များ . . . . . .
မမောဘူး၊ မနွမ်းဘူး
မနားဘူး ၊
ဘယ်လိုအလင်းမှ
အရိုးပြာဖြစ်တယ် . . . . မကြားဖူးဘူး ။
မသိလည်းရှိတဲ့၊ ကျေးဇူးများ . . . . .
မမီလည်းရတဲ့၊ ကျေးဇူးတရား . . . . . .
ရှုလိုက်
နဲနဲအားစိုက် ရှုကြည့်လိုက်
ရှုလိုက်တဲ့ အသက်တိုင်း
ဒီလက်တွေပေါ်
ကြီးပြင်းလို့
ဒီလက်တွေပေါ်
အားသွေးလို့ ။

                             ရန်လင်းအောင်