Tuesday, June 3, 2014

တောင်ငူမြို့ မြတ်စောညီနောင် နှင့် ရှင်ပင်ကျောက်ဆောက်စေတီများ သမိုင်းအကျဉ်း

တောင်ငူ             မြတ်စောညီနောင်စေတီတော်မြတ်
တောင်ငူ ရှင်ပင်ကျောက်ဆောက်စေတီ
( မယ်တော်စေတီ)
တောင်ငူ ရှင်ပင်ကျောက်ဆောက်စေတီတော်မြတ်


ရှင်ပင်ကျောက်ဆောက် နှင့် မြတ်စောညီနောင်

        မြတ်စွာဘုရားသည် လယ်ကိုင်းကျောင်းတော်ရာ၌ သီတင်းသုံးနေစဉ် တစ်နေ့တွင်  “ ဇေယျဝဍ္ဎန’’ တိုင်း၊ တောင်ငူ ဒေသ သို့ ရှင်အာနန္ဒာ၊  အရှင်ဂ၀ံပတိ၊ ရှင်သီဝလိ၊ တို့နှင့် ဒေသစာရီ ကြွချီတော်မူလာရာ တောင်ငူမြို့ အနောက်ဘက် မင်းဝံ တောင်သို့ ရောက်လာရာ ခပေါင်းချောင်းဘေး  “ ရွှေလောင်း’’ ရွာ အနီးတွင် ခေတ္တ တန့်တော်မူပြီး ရှင်အာနန္ဒာအား “ ငါ တို့ ညီ
နောင် နှစ်ပါး ကြက်မင်းညီနောင် ဖြစ်စဉ်အခါက ယခု နေရာတစ်ဝိုက်တွင် အစာရှာပြီး စစ်တောင်း( ပေါင်းလောင်း) မြစ် အရှေ့
ဘက်တွင် အိပ်တန်းဝင်ကြောင်း “ နောင် ငါပရိနိဗ္ဗာန် ပြုသောအခါ ငါ၏ ကျောကုန်းရိုးမှ ကျသော ဓာတ်တော်ဖြင့် စေတီတည် လတ္တံ့ ’’ ဟု ဗျာဒိတ်ပေး ခဲ့၏ ။ ထို့နောက် စစ်တောင်းမြစ်အတွင်း သို့ စီးဝင်သော “ ပြုံး’’ ချောင်းဘေးတွင် ရပ်တန့်တော်မူပြီး
“ ဤအရပ်သည် ငါတို့ ကြက်မင်းညီနောင်ပေါက်ဖွားပျော်စံရာ အရပ်ဖြစ်ကြောင်း၊ ငါပရိနိဗ္ဗာန် ပြုသောအခါ ငါ၏ လက်ရုံးတော်
မှကျသော ဓာတ်တော်နှင့် မေးရိုး မှကျသော ဓာတ်တော်တို့ဖြင့် စေတီတည်ထားကိုးကွယ်ကြလိမ့်မည် ။”ဟု ဗျာဒိတ်တော်ပေးပြီး
ပြန်လည်ကြွမြန်းတော်မူလေသည် ။
            ဤတွင် မြတ်စွာဘုရားသည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းသို့ ကူးကြွရိုးထုံးစံမရှိ ခဲ့ကြောင်း ဆိုကြရာ မြတ်စွာ ဘုရား တောင်ငူဒေသသို့ ကြွတော်မူလာခြင်းမှာ မြတ်စွာဘုရားသည် ရှင်အာနန္ဒာ နှင့် အတူ အတိတ်ဘ၀က ကြက်မင်းညီနောင်
ဖြစ်ခဲ့ပြီး ကျင်လည်ရာအရပ် ဖြစ်ခဲ့၍ လည်းကောင်း ယင်းဒေသကို နောင်တွင် သာသနာထွန်းကားစေလို၍ လည်းကောင်း
“ နိမိတ္တ ” တန်ခိုးပြ၍ ကြွမြန်းတော်မူလာခြင်း ဖြစ်သည်ဟုလည်း ယူရမည် ဖြစ်ပါသည် ။