မိုးဖြူ
စိတ်ကူးတွေ
ပေါလောမျောပြီးပါသွားရင်လည်း
ကောင်းသား
ရေလျှံကွင်းထဲ
စုံးစုံးမြုပ်သွားရင်လည်း တခါတည်းအေးရော
အခုတော့
တောပျောက်
တောင်ပျောက် နဲ့
တောမရောက်တောင်မရောက်နဲ့
ဟိုအရေး
နဲ့ ခေါင်းကွဲ
ဒီအရေး
နဲ့ မေးရိုးပြုတ်
ကိုယ့်အရေးနဲ့
ကိုယ်မှောင်လို့
တို့အရေး
နဲ့ လောင်လို့
ငါတို့
ဘကြီးလည်း
ဒီကိစ္စနဲ့
အရိုးထုတ်သွားရတာပါပဲ ။
ကြားကြားခဲ့ရသမျှ
နာရီသံတွေဟာ
ခြေကလေး
တစ်ဘက် ဆာတာဆာတာနဲ့
ငယ်ကတည်းက
ဆေးထိုးမှားခဲ့တာလို့ ပြောကြတာပါပဲ ။
အနာရှိတဲ့ဘက်
စိတ်
ခဏ ခဏ ရောက်ရောက်သွားတာ
အားလပ်ရက်ပဲလားလို့တော့
အထင်မမှားစေချင်ပါ ။
ဖြစ်တတ်ပါတယ်
ဖြစ်လေ့ဖြစ်ထ
ရှိပါတယ်
မျက်နှာကျက်ပေါ်
ကုတ်ကပ်တွားတက်နေတဲ့
အိမ်မြှောင်
စုတ်ထိုးပြီးပြီးချင်း
တခဏ၊ ဘုတ်ခနဲဆို ပြုတ်ကျ
ရယ်ရတယ်
။ ကြေကြေကွဲကွဲ ရယ်ရတယ် ၊
ခြောက်ခြောက်ကပ်ကပ်
ရယ်ရတယ် ။
ရှင်းပါတယ်
မြင်ချင်တာ
မြင်ရပြန်တော့ အင်္ဂါမစုံ
မမြင်ချင်တာ
မြင်လိုက်ရတော့ တင်းပြည့် ကျပ်ပြည့်
ရှင်းပါတယ်
အတွေးရှင်းရှင်းနဲ့
အမြင်ရှင်းခဲ့ပါတယ်
အမြင်ရှင်းရှင်းနဲ့ကို
တွေ့ ခဲ့ပါတယ်
ရှင်းရှင်းလင်းလင်းကြီး
ငိုချင်းချချ
နေရတာကိုပဲ
ရင်နာလို့
မဆုံးဘူး ။ ။
ရန်လင်းအောင်