နတ်သျှင်နောင်ရဲ့ကေတုမတီဖွဲ့ (လေးဆစ်ကဗျာ)
ထောင့်တိုင်းစပ်ရှည်၊ မြစ်ခပေါင်း၊
ပေါင်းလောင်း၊ လက်ယာကွေ့ ၊
နန်းမြေ့စံတည် ။
ပုပ်ပဲက၀ိုက်လည်၊ မြောက်စီက ဆွာဖုံး၊
ကြက်ညွှန်းနောင်ညီတို့၊ တရထည် မြရည်ဆို့
လွမ်ဘို့မဆုံး
. . . . . .။ ။
နတ်သျှင်နောင်(ရတုဘုရင်)
(မူရင်း သတ်ပုံအတိုင်း)
ဤလေးဆစ်တိုလေးကို
သက္ကရာဇ် (၉၀၀)ကျော်က တောင်ငူမှာ ရှင်ဘုရင်ပြုသော နတ်သျှင်နောင် ဆို လေးဆစ်ဟု ပုဂံဝန်ထောက်မင်း
ဦးတင်က၊ ကဗျာဗန္ဓသာရကျမ်း (၅၀၅)-တွင် မှတ်တင်ခဲ့သည် ဟု (၁၉၆၆) ခုနှစ် ဟံသာဝတီတိုက် ထုတ်(နတ်သျှင်နောင်
ရတုပေါင်းချုပ်) တွင်ဖေါ်ပြထားပါသည်။