Wednesday, August 29, 2012

မြစ်ကြည့်သူ မောင်နီမွန်

















မြစ်ကြည့်သူ


မြစ်နားမရောက်မီ  တောင်ကုန်းသုံးခုစာ အကွာအဝေးထဲက
ကောက်ကွေ့စွာ လှပတတ်ပုံအာရုံမှာထင်နေရဲ့ ။
မြစ်နားမရောက်မီ  တောအုပ်သုံးခုစာ အကွာအဝေးထဲက
မြစ်ရဲ့ ရနံ့ ရနေရဲ့ ။
မြစ်နားမရောက်မီ ကိုင်းခင်းသုံးခုစာ အကွာအဝေးထဲက
မြစ်ရဲ့ ဗုံသံ ကြားနေရဲ့
မြစ်သို့မရောက်မီ
ခြေသုံးလှမ်းစာ အကွာအဝေးထဲက ကမ်းပါးစောက်
မြေသားပန်းပုနံရံ ကို မြင်ရဲ့
ကမ်းနဖူးမှာခြေစုံရပ်
ဒါ - - - - - - - မြစ်ပဲ ။

အေး ! ! ! မြစ် မြင်ရုံနဲ့ မြစ်ကိုမသိနိုင်ဘူး
မြစ်စောင့်ဒေ၀ီ နဲ့ မြစ်ရဲ့ဝိညာဉ်ဝှက်ထားတယ် ။ - - - - - - - - ။
                                        မောင်နီမွန်
                                ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း
                                     တွင်ဖေါ်ပြပြီး ။