Wednesday, August 12, 2015
မြစ်ရေကြီးခြင်းသတင်း ၊ ကိုထိုက်-ပခုက္ကူ ၊ ဇေရ
မြစ်ရေကြီးခြင်းသတင်း
__________________
ရေစီးသန်တဲ့မြို့ က
ငါတို့ ညီအစ်ကိုတွေ မျ က်နှာငယ်နေတော့မှာပဲ
မိုးကသိပ်သည်းလွန်းနေတယ် ။
ဘယ်အရိပ်အောက်
ကျောတခင်းလုံပါ့မလဲ
အသက်ရှူ နှုန်းတွေထိမွန်းကျ ပ်တဲ့
မိုးလေ၀သမှာ
မိသားစုလေးရဲ့ခြံအ၀င်ဆိုင်းဘုတ်
ရေတစ်ဝက်တိတိနစ်မြုပ်နေခဲ့တယ် ။
ရင်ခွင်ဗလာနဲ့
ငါတို့ ဘ၀တွေ သွေးခြေဥခဲ့ရပြီ ။
ရေတိုက်စားမှုအောက်က
မွန်းကျ ပ်လာတဲ့လက်တစ်ဖက်
စိုးရိမ်ရေအမှတ်အနည်းငယ်ပြို ကျ ခဲ့ရုံပါ ။
လေလှိုင်းက
နောက်ထပ်လွှင့်ပျံ့လာမဲ့
ရေဒီယိုကသတင်းတစ်ပုဒ်ကို ဘယ်လိုစိတ်နဲ့
ငါတို့ နားစွင့်နေရပါ့ ။
အရေးပေါ် အခြေအနေအရ
ခဏခဏ ထုတ်လွှင့်နေတဲ့မြစ်ရေကြီးခြင်းတွေနဲ့
အဲ့ဒီ့ ရေဒီယို ကိုလည်း မုန်းတတ်လာပြီ ။
မြစ်ရေကြီးသတင်းမှာ
ငါတို့ စိုက်ခင်းလေးတိမ်ကောသွားပြီ
မြစ်ရေကြီးသတင်းမှာ
ငါတို အိမ်ခေါင်မိုးလေးပျောက်ဆုံးသွားခဲ့ပြီ
မြစ်ရေကြီးခြင်းသတင်းမှာ
ညီမလေးရဲ့ကျောင်းလွယ်အိတ်လေး
ရေစိုလို့ နွမ်းရိခဲ့ပြီ
မြစ်ရေကြီးခြင်းသတင်းမှာ
ငါတို့ မီးဖိုချောင်လေးက မီးခိုးတွေလွင့်ထွက်မလာနိုင်တော့ဘူး
အဲ့ဒီ့မြစ်ရေကြီးခြင်းသတင်းမှာ
တချို့ တွေကနေနိုင်လွန်းခဲ့တယ် ။ ။
                      ကိုထိုက် ပခုက္ကူ/​ဇေရ