Friday, March 25, 2016

ငါ့ လမင်းကို ဘယ်သူရွှေ့သလဲ - မင်းညွန့်လှိုင်



ငါ့လမင်းကိုဘယ်သူရွှေ့သလဲ

______________________
အဲ့ဒီလကိုမသင်္ကာတော့ဘူး
ငါသွားလေရာတကောက်ကောက်
အထီးကျန်ခြင်းကိုအရသာခံနေရော့သလား ။

သူ့ပြည့်ဝန်းမှုကိုစစ်ဆေးရမယ်
သူ့ဒဏ်ရာတွေကိုရော
အလှတရားလို့သတ်မှတ်သင့်ရဲ့လား ။

သူ
ဓာတ်ကြိုးတန်းမှာငြိနေတုန်း
လေးကြောင်းမျဉ်းတွေကြားကူးခတ်နေတဲ့
ဝလုံးပြုံးပြုံးလေးတွေ
အခုပြုံးနေနိုင်ပါဦးမလား ။

သူ
ဓာတ်တိုင်ထိပ်ကလွတ်သည်အထိ
ငါစောင့်ကြည့်မယ်
ကားစင်တင်ထားတဲ့နှလုံးသားနဲ့ပေါ့ ။     ။

                                              မင်းညွန့်လှိုင်


Painting:Fire at Full Moon
By: Paul Klee


မေတ္တာတရား - ၂ - ချောဘသစ်

https://www.etsy.com/listing/217748787/original-acrylic-canvas-painting

ေ မ တၲ ာ တ ရ ာ း  - ၂  

_________________________________

စိတ်တစ်ခုမှတစ်ခု  ကူးဆက်
ဘဝပေါင်းများစွာထိ
လောင်ကျွမ်းမယ့်မီးကွန်ယက်ကို
ကိုယ်တိုင်ထွန်းညှိခဲ့ပြီးပါပြီ ။

မြင်နေရတဲ့ကြယ်ပွင့်ကလေးဟာ
ကိုယ့်အတွက်
ကြွေကျခဲ့ပြီးပြီလား....။

အဝိဇ္ဇာတွေများလွန်းသူမှာ
"ကိုယ်ပြုသမျှကုသိုလ်တွေ  သူရစေလို
 သူပြုသမျှအကုသိုလ်တွေ   ကိုယ်ရယူလို "
ဒီလောက်ပါပဲ
ထားရှိနိုင်ခဲ့သော   "ချစ်ခြင်းမေတ္တာ "  ။   ။

 ချောဘသစ်