အ ကြွ င်း များ
___________________________အ နီ
ဆီးနှင်းတွေပိတ်သိပ်တဲ့ည ။
နှင်းဆီပင်ကြီးသေဆုံးခဲ့ ။
လဝန်းဟာ
အဝါတွေနဲ့လှည့်ဖျားဖို့ကြံစည်နေမြဲပဲ ။
ဒီမတိုင်ခင်ကတော့
နှင်းဆီနံ့တွေဟာတစ်မြို့လုံးကိုဖုံးအုပ်ခဲ့တာပေါ့ ။
နှင်းဆီနံ့တွေဟာ
မိုင်ပေါင်းမြောက်မြားစွာအထိရောက်ခဲ့တယ်။
ရနံ့တွေဟာလိပ်ပြာတွေပဲလို့တွေးမိတဲ့အထိ
နှင်းဆီနံ့တွေဟာပျံသန်းခဲ့ကြတာပေါ့ ။
ဗလာစာအုပ်လေးထဲကကြိုးတန်းတွေထဲ
ဘယ်ငှက်က တကယ်နားမလဲ ။
ထင်ယောင်ထင်မှားမှုတွေပေါ့လေ ။
တံခါးတွေဟာဖွင့်ခြင်းပိတ်ခြင်းများအပြင်
တစ်စုံတရာကိုကွယ်ဝှက်ထားဖို့လည်းတတ်နိုင်ရဲ့။
ရူးသွပ်ခြင်းတွေကတော့
ကိုယ်တိုင်လည်းလောင်ကျွမ်းတယ် ။
လောင်ကျွမ်းခြင်းကိုလည်းအားပေးတယ်။
အားလုံးကိုတွက်ချက်ပြီးစီးတဲ့အခါ
ပြာမှုန်ကလေးတွေကြွင်းရစ်တယ် ။
လွတ်မြောက်ပါစေကွယ် ။ ။