Thursday, May 8, 2014

ကဗျာဆရာ ( ဇောသစ် ) ၄ နှစ်ပြည့် အလွမ်းပြေ . . .

ကဗျာဆရာ ဇောသစ် နောက်ဆုံး သီတင်းသုံးတော်မူခဲ့သော  ကျောင်းတိုက် နှင့်
အဆောင်

ကဗျာဆရာ ဇောသစ် ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အလွမ်းပြေ




- နှစ် ပြည့် အလွမ်း . . . . .

ဒီနေ့ ၈ . ၅ . ၂၀၁၄ ရက်နေ့ဟာ
ကဗျာဆရာ ဇောသစ် 
ဘဒ္ဒန္တစန္ဒောဘာသ ရဲ့  ကွယ်လွန်ခြင်း
( ၄ ) နှစ်ပြည့် မြောက်တဲ့နေ့ပါ ။
ကဗျာဆရာ ဇောသစ်ကို အောက်မေ့ခြင်းအထိမ်းအမှတ်အဖြစ်
မန်းချောင်းလရောင်စာအုပ်တိုက်မှ
စီစဉ်တင်ဆက်ခဲ့တဲ့
Poetry Life ကဗျာဆိုင်ရာ စာအုပ်မှာ ဖေါ်ပြခဲ့တဲ့ သူ့ရဲ့ ကဗျာတစ်ပုဒ်ကို
အလွမ်းပြေ တင်ဆက်လိုက်ရပါကြောင်း

သတိရမိတဲ့ တရား

မုဆိုးက
သားကောင်ကို ချောင်းမြောင်းသလို
သူက
သူ့ဘဝသူ ပြန်ချောင်းလေရဲ့  ။

အချစ်နားနီးပြီး အချစ်မရသူလို
တရားနားနီးပြီး တရားမရသူ
တောထဲက သားကောင်ရသလို
ဘဝထဲက တရားရချင်တယ် ။

တစ်လံမှာ ၃၂ ကောဋ္ဌာသ
သူလည်း သူ့ခံစားမှုနဲ့သူ
ကိုယ်လည်း ကိုယ့်ခံစားမှုနဲ့ ကိုယ်
စိတ်က စိတ်ကိုသင်ကြားခဲ့ရ
ဓမ္မနှင်းတွေ
ဘဝနွေရဲ့  မနက်ခင်းထဲ
တဖွဲဖွဲကျကာနေတော့တယ် ။

          ဇောသစ်
        Poetry Life
                     ပ- ကြိမ် - ၂၀၁၁ . ဒီဇင်ဘာ

လိုင်းအခက်အခဲကြောင့် တစ်ရက်နောက်ကျပြီးမှ ဒီပို့စ် ကိုတင်ဖြစ်ပါသည် ။